နေပြည်တော် နိုဝင်ဘာ ၂၄
တရားမဝင်ကုန်သွယ်မှုတိုက်ဖျက်ရေး ဦးဆောင်ကော်မတီ၏ ကြီးကြပ်ကွပ်ကဲမှုဖြင့် တရားမဝင်ကုန်သွယ်မှုများကို ဥပဒေနှင့်အညီ ထိရောက်စွာ တားဆီးအရေးယူနိုင်ရေး ဆောင်ရွက်လျက်ရှိရာ နိုဝင်ဘာ ၂၂ ရက်တွင် အကောက်ခွန်ဦးစီးဌာန၏ စီမံခန့်ခွဲမှုဖြင့် တာဝန်ကျပူးပေါင်းအဖွဲ့များက စစ်ဆေးမှုများ ဆောင်ရွက်ခဲ့ရာ အေးရှားဝေါလ်ကုန်သေတ္တာစစ်ဆေးရေးစခန်း၌ ကုန်သေတ္တာခြောက်လုံးအတွင်းမှ တရားဝင်စာရွက်စာတမ်းအထောက်အထားတင်ပြနိုင်ခြင်းမရှိသည့် လုပ်ငန်းသုံးပစ္စည်းလေးမျိုး (ခန့်မှန်းတန်ဖိုးငွေကျပ် ၂၄၆၀၄၁၂၅၇)ကိုလည်းကောင်း၊ မြန်မာ့စက်မှုဆိပ်ကမ်း၌ ကုန်သေတ္တာ ၁၆ လုံးအတွင်းမှ တရားဝင်စာရွက်စာတမ်းအထောက်အထား တင်ပြနိုင်ခြင်းမရှိသည့် လုပ်ငန်းသုံးပစ္စည်းနှစ်မျိုး၊ လူသုံးကုန်ပစ္စည်းတစ်မျိုး (ခန့်မှန်းတန်ဖိုးငွေကျပ် ၅၂၇၈၁၀၄၃၀)ကိုလည်းကောင်း၊ ရွာသာကြီး Dry Port ၌ ဘားအံမြို့မှ ရန်ကုန်မြို့သို့ မောင်းနှင်လာသည့် မော်တော်ယာဉ်တစ်စီးပေါ်မှ သွင်းကုန်ကြေညာလွှာတွင် ကြေညာထားခြင်းမရှိသည့် လူသုံးကုန်ပစ္စည်းသုံးမျိုး (ခန့်မှန်းတန်ဖိုး ငွေကျပ် ၂၅၅၀၀၀၀၀)နှင့် အဆိုပါပစ္စည်းများ တင်ဆောင်လာသည့် Dong Feng Tractor Head တစ်စီးနှင့် နောက်တွဲယာဉ်တစ်တွဲ ခန့်မှန်းတန်ဖိုးငွေကျပ် ၈၅၀၀၀၀၀၀ ကိုလည်းကောင်း၊ စုစုပေါင်းခန့်မှန်းတန်ဖိုးငွေကျပ် ၈၈၄၃၅၁၆၈၇ ကို ဖမ်းဆီးရမိခဲ့ပြီး အကောက်ခွန်လုပ်ထုံးလုပ်နည်းများနှင့်အညီ အရေးယူဆောင်ရွက် လျက်ရှိသည်။
ထို့အတူ
မွန်ပြည်နယ် တရားမဝင်ကုန်သွယ်မှုတိုက်ဖျက်ရေးအထူးအဖွဲ့၏ စီမံခန့်ခွဲမှုဖြင့် တာဝန်ကျပူးပေါင်းအဖွဲ့များက
စစ်ဆေးမှုများ ဆောင်ရွက်ခဲ့ရာ မော်လမြိုင်ခရိုင် မုဒုံမြို့နယ်၌ တရားမဝင်အခြားသစ် ၁၉
ဒသမ ၉၈၉ တန် (ခန့်မှန်းတန်ဖိုးငွေကျပ် ၁၇၁၉၁၂၃)ကို သစ်တောဥပဒေအရလည်းကောင်း၊
သထုံမြို့နယ် ဘီးလင်းမြို့နယ်နှင့် ပေါင်မြို့နယ်တို့၌ လိုင်စင်မဲ့မော်တော်ယာဉ်တစ်စီးနှင့်
မော်တော်ဆိုင်ကယ်နှစ်စီး (ခန့်မှန်းတန်ဖိုးငွေကျပ် ၁၇၀၀၀၀၀၀)ကို ပို့ကုန်သွင်းကုန်ဥပဒေအရလည်းကောင်း၊
စုစုပေါင်းခန့်မှန်းတန်ဖိုး ငွေကျပ် ၁၈၇၁၉၁၂၃ ကို ဖမ်းဆီးအရေးယူဆောင်ရွက်လျက်ရှိသည်။
နိုဝင်ဘာ
၂၃ ရက်တွင် တနင်္သာရီတိုင်းဒေသကြီး တရားမဝင်ကုန်သွယ်မှုတိုက်ဖျက်ရေးအထူးအဖွဲ့၏ စီမံခန့်ခွဲမှုဖြင့်
တာဝန်ကျပူးပေါင်းအဖွဲ့က စစ်ဆေးမှုများ ဆောင်ရွက်ခဲ့ရာ ကော့သောင်းမြို့နယ်
အေးရိပ်ငြိမ်ရပ်ကွက်ဗိုလ်ရွဲလမ်း အင်ဂျင်ဝိုင်စက်ရုံဟောင်းအနီးတွင် စုပုံထားသည့်
အကောက်ခွန်မဲ့လုပ်ငန်းသုံးပစ္စည်းနှစ်မျိုးနှင့် လူသုံးကုန်ပစ္စည်းတစ်မျိုး (ခန့်မှန်းတန်ဖိုးငွေကျပ်
၅၁၃၅၀၀၀၀)ကို ဖမ်းဆီးရမိခဲ့ပြီး အကောက်ခွန်လုပ်ထုံးလုပ်နည်းများနှင့်အညီ အရေးယူဆောင်ရွက်လျက်ရှိသည်။
အလားတူ
စစ်ကိုင်းတိုင်းဒေသကြီး တရားမဝင်ကုန်သွယ်မှုတိုက်ဖျက်ရေးအထူးအဖွဲ့၏ စီမံခန့်ခွဲမှုဖြင့်
တာဝန်ကျပူးပေါင်းအဖွဲ့များက စစ်ဆေးမှုများ ဆောင်ရွက်ခဲ့ရာ ကလေးမြို့
တောင်ဖီလာရပ်ကွက် စစ်ကိုင်းမြို့ ရတနာပုံတံတားပူးပေါင်း စစ်ဆေးရေးဂိတ်နှင့် ကံတလူပူးပေါင်းစစ်ဆေးရေးဂိတ်တို့၌
လိုင်စင်မဲ့မော်တော်ယာဉ်သုံးစီး စုစုပေါင်းခန့်မှန်းတန်ဖိုးငွေကျပ် ၃၆၅၀၀၀၀၀ ကို
ဖမ်းဆီးရမိခဲ့ပြီး ပို့ကုန်သွင်းကုန် ဥပဒေနှင့်အညီ အရေးယူဆောင်ရွက်လျက်ရှိသည်။
ထို့ပြင်
ပဲခူးတိုင်းဒေသကြီး တရားမဝင်ကုန်သွယ်မှု တိုက်ဖျက်ရေးအထူးအဖွဲ့၏ စီမံခန့်ခွဲမှုဖြင့်
တာဝန်ကျပူးပေါင်းအဖွဲ့က စစ်ဆေးမှုများ ဆောင်ရွက်ခဲ့ရာ ညောင်လေးပင်ခရိုင်အတွင်း၌
တရားမဝင် အခြားသစ် ၂ ဒသမ ၁၆၉ တန် (ခန့်မှန်းတန်ဖိုးငွေကျပ် ၅၂၀၅၆၀)ကို ဖမ်းဆီးရမိခဲ့ပြီး
သစ်တောဥပဒေနှင့်အညီအရေးယူဆောင်ရွက်လျက်ရှိသည်။
နိုဝင်ဘာ
၂၂ ရက်နှင့် ၂၃ ရက် တို့တွင် ဖမ်းဆီးရမိမှုစုစုပေါင်းမှာ အမှုတွဲ ၂၃ မှု ခန့်မှန်းတန်ဖိုး
ငွေကျပ် ၉၉၁၄၄၁၃၇၀ ကို ဖမ်းဆီးရမိခဲ့သည်။ ယနေ့ဖမ်းဆီးရမိမှုများတွင် လုပ်ငန်းသုံးပစ္စည်းများ
တရားမဝင်တင်သွင်းလာသည်ကို တွေ့ရှိရပြီး ထိုကဲ့သို့ တရားမဝင်ပစ္စည်းများ တင်သွင်းလာမှုကြောင့်
တရားဝင်တင်သွင်းသည့် လုပ်ငန်းရှင်များအပေါ် ထိခိုက်နစ်နာမှုဖြစ်စေခြင်းနှင့်
စျေးကွက်ယှဉ်ပြိုင်နိုင်မှုစွမ်းအား ကျဆင်းစေခြင်းတို့ ဖြစ်ပေါ်စေနိုင်ပါသဖြင့် ၎င်းတရားမဝင်တင်သွင်းမှုများအား
သက်ဆိုင်ရာ တာဝန်ရှိသူများက ယခုထက် ပိုမို၍တားဆီးစစ်ဆေးကြပ်မတ်ဆောင်ရွက်သွားမည်ဖြစ်ကြောင်း
တရားမဝင်ကုန်သွယ်မှုတိုက်ဖျက်ရေးဦးဆောင်ကော်မတီမှ သတင်းရရှိသည်။
သတင်းစဉ်
No comments:
Post a Comment