Wednesday, October 23, 2024

ပြည်ထောင်စုဝန်ကြီး ဒေါက်တာမျိုးသိန်းကျော် ရုရှားဖက်ဒရေးရှင်းနိုင်ငံ Tomsk State University မှ ကိုယ်စားလှယ်များအား လက်ခံတွေ့ဆုံ



နေပြည်တော် အောက်တိုဘာ ၂၂

သိပ္ပံနှင့်နည်းပညာဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာမျိုးသိန်းကျော်သည် ရုရှားဖက်ဒရေးရှင်းနိုင်ငံ Tomsk State University မှ Mr. Vorozhtsov Alexander Borisovich နှင့် ကိုယ်စားလှယ်များအား ယနေ့နံနက်ပိုင်းတွင် နေပြည်တော်ရှိ အဆိုပါဝန်ကြီးဌာန၌ လက်ခံတွေ့ဆုံသည်။

တွေ့ဆုံစဉ် မြန်မာနိုင်ငံနှင့် ရုရှားဖက်ဒရေးရှင်းနိုင်ငံ Tomsk State University (TSU)တို့အကြား တက္ကသိုလ်အချင်းချင်း ပူးပေါင်းဆောင်ရွက်နိုင်မည့် အခြေအနေများ၊ နှစ်နိုင်ငံတက္ကသိုလ်များအကြား နားလည်မှုစာချွန်လွှာများ ရေးထိုးနိုင်ရေးကိစ္စရပ်များ၊ သုတေသနဖွံ့ဖြိုးတိုးတက်မှုအတွက် ပူးပေါင်းဆောင်ရွက်မှုအစီအစဉ်များ၊ မြန်မာ - ရုရှား သိပ္ပံနည်းပညာနှင့် အင်ဂျင်နီယာဘာသာရပ်များတွင် ပူးပေါင်းဆောင်ရွက်ပြီး ကျွမ်းကျင်ပညာရှင်များနှင့် လူငယ်သိပ္ပံပညာရှင်များ လာရောက်ခြင်းနှင့် ဘွဲ့ကြို၊ ဘွဲ့လွန်ကျောင်းသား ကျောင်းသူများ ပညာတော်သင် ရရှိရေးကိစ္စရပ်များကို ရင်းနှီးပွင့်လင်းစွာဆွေးနွေးခဲ့ကြသည်။

အဆိုပါတွေ့ဆုံပွဲသို့ သိပ္ပံနှင့် နည်းပညာဝန်ကြီးဌာနမှ အမြဲတမ်းအတွင်းဝန်၊ ညွှန်ကြားရေးမှူးချုပ်နှင့် တာဝန်ရှိသူများ တက်ရောက်ကြကြောင်း သတင်းရရှိသည်။

သတင်းစဉ်

No comments:

Post a Comment