နေပြည်တော် အောက်တိုဘာ ၂၂
လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးမြင့်ကြိုင်သည် လူမျိုး ပေါင်းစုံ/ ဘာသာပေါင်းစုံ ကိုယ်စားလှယ်များအား ယနေ့နံနက် ၁၀ နာရီတွင် နေပြည်တော်ရှိ အဆိုပါ ဝန်ကြီးဌာန အစည်းအဝေးခန်းမ၌ တွေ့ဆုံ သည်။
ဆက်လက်လျှောက်ထားကြရန်လို
ထိုသို့တွေ့ဆုံရာတွင် ပြည်ထောင်စုဝန်ကြီးက နိုင်ငံသားဆိုင်ရာ မည်သည့်ကတ်ပြားမျှ
ရရှိ ကိုင်ဆောင်ထားခြင်းမရှိသူများအနေဖြင့် နိုင်ငံသားစိစစ်ခံရမည့်သူ၏ သက်သေခံကတ်ပြား(NV
Card)ကို ကိုင်ဆောင်ကြရန်နှင့် နိုင်ငံသားဖြစ်မှုအတွက် လုပ်ထုံးလုပ်နည်းနှင့်အညီ ဆက်လက်လျှောက်ထားကြရန်လိုအပ်ပါကြောင်း၊
ယခုအခါ နိုင်ငံတစ်ဝန်း ပန်းခင်းစီမံချက်များဖြင့် အိမ်ထောင်စုလူဦးရေစာရင်း နှင့် နိုင်ငံသားကတ်ပြားထုတ်ပေးခြင်းလုပ်ငန်းနှင့်
သန်းခေါင်စာရင်း ကောက်ယူခြင်းလုပ်ငန်းများကို ဆောင်ရွက်လျက်ရှိပါကြောင်း။
စာရင်းတိကျမှန်ကန်စွာ ပြုစု
ယင်းလုပ်ငန်းများသည် အထွေထွေရွေးကောက်ပွဲ ကျင်းပရာ၌ မဲပေးပိုင်ခွင့်ရှိသူ နိုင်ငံသားတိုင်း
ကိုင်ဆောင်ကတ်ပြားတစ်မျိုးမျိုး ကိုင်ဆောင်မဲပေးနိုင်ရေးနှင့် မဲဆန္ဒရှင်စာရင်းတိကျမှန်ကန်စွာ
ပြုစုနိုင်ရေးတို့အတွက် ဆောင်ရွက်နေခြင်းဖြစ်ပါကြောင်း၊ ယခုအခါ e-ID စနစ်ကို အကောင်အထည်ဖော်ဆောင်ရွက်နိုင်ရေးအတွက်
လူတစ်ဦးချင်းစီ၏ Bio-graphic/ Biometric ကောက်ယူကာ Unique ID နံပါတ်ထုတ်ပေးခြင်းလုပ်ငန်းကိုလည်း
ဆောင်ရွက် လျက်ရှိပါကြောင်း။
အသိပေးတိုက်တွန်းနှိုးဆော်
ယခုတက်ရောက်လာကြသူများအနေဖြင့် မိမိသော်လည်းကောင်း၊ မိမိပတ်ဝန်းကျင်နှင့် အဖွဲ့
အစည်းများတွင်လည်းကောင်း သန်းခေါင်စာရင်းကောက်ယူရန် ကျန်ရှိနေသူများ၊ Unique ID နံပါတ်
ရရှိခြင်းမရှိသေးသူများအား မိမိတို့ဌာနဝန်ထမ်းများနှင့် ဆက်သွယ်ဆောင်ရွက်နိုင်ရေး အသိပေး
တိုက်တွန်းနှိုးဆော်ပေးစေလိုပါကြောင်း ပြောကြား သည်။
ဆွေးနွေးတင်ပြ
ထို့နောက် တက်ရောက်လာကြသည့် လူမျိုးပေါင်းစုံ/ ဘာသာပေါင်းစုံ ကိုယ်စားလှယ်များက
သက်ဆိုင်ရာအဖွဲ့ မိသားစုဝင်များအတွက် နိုင်ငံသားဆိုင်ရာ ကိုင်ဆောင်ကတ်ပြားရရှိရေးအတွက်
တင်ပြလျှောက်ထားမှုများ၊ ကိုယ်ရေးဆိုင်ရာ အထောက်အထား စာရွက်စာတမ်းများတင်ပြရာတွင် တွေ့ကြုံရသည့်အခက်အခဲများနှင့်
ဖြေလျှော့ပေးနိုင်ရေး၊ ယာယီနေရပ်စွန့်ခွာနေကြသည့် ပြည်သူများအတွက် အိမ်ထောင်စုလူဦးရေစာရင်းနှင့်
နိုင်ငံသားကတ်ပြားများ စိစစ်ထုတ်ပေးဆောင်ရွက်နိုင်ရေး၊ သန်းခေါင်စာရင်းကောက်ယူရေးနှင့်
Unique ID နံပါတ်ရရှိရန် အသိပေးဆောင်ရွက်သွားရေးနှင့် စပ်လျဉ်း၍ ဆွေးနွေးတင်ပြကြသည်။
ပံ့ပိုးကူညီဆောင်ရွက်
ဆွေးနွေးတင်ပြမှုများအပေါ် ဒုတိယဝန်ကြီး ဦးဌေးလှိုင်နှင့် ဒေါက်တာမျိုးသန့်၊
ဦးစီးဌာနများမှ ညွှန်ကြားရေးမှူးချုပ်များက လုပ်ငန်းကဏ္ဍအလိုက် ဥပဒေ၊ လုပ်ထုံးလုပ်နည်းများနှင့်အညီ
တင်ပြ ဆောင်ရွက်နိုင်ရေးနှင့် ကြန့်ကြာမှုမရှိစေရေး ဆောင်ရွက်ပေးနိုင်မည့်အခြေအနေကို
ပြန်လည် ရှင်းလင်းဖြေကြားကြပြီး ပြည်ထောင်စုဝန်ကြီးက လုပ်ငန်းများ အဆင်ပြေမြန်ဆန်ချောမွေ့စွာ
ဆောင်ရွက်နိုင်ရေးအတွက် ပံ့ပိုးကူညီဆောင်ရွက်ပေးနိုင်ရေးနှင့် စပ်လျဉ်း၍ ရှင်းလင်းပြောကြားခဲ့ကြောင်း
သိရသည်။
သတင်းစဉ်

No comments:
Post a Comment