Thursday, October 3, 2024

မြစ်သားမြို့နယ် ရေဘေးသင့်ငါးမွေးတောင်သူများအတွက် ငါးသားပေါက်များ ထောက်ပံ့ပေးအပ်


မန္တလေး အောက်တိုဘာ ၂

မြန်မာနိုင်ငံအတွင်း ရာဂီမုန်တိုင်း နှင့် ဆက်စပ်ဖြစ်ပွားသော ရေဘေးကြောင့်ဆုံးရှုံးခဲ့ရသော ငါးမွေးတောင်သူများအား ငါးသားပေါက်များ အခမဲ့ငါးမျိုးစိုက်ထည့်ပေးအပ်ခြင်းအခမ်းအနားကို အောက်တိုဘာ ၂ ရက် နံနက် ၈ နာရီခွဲတွင် မြစ်သားမြို့နယ် ကူမဲမြို့ရှိ ရွှေဘုံသာဘုန်းတော် ကြီးကျောင်းဓမ္မာရုံ၌ ကျင်းပသည်။

အဆိုပါ အခမ်းအနားသို့ မန္တလေးတိုင်းဒေသကြီးဝန်ကြီးချုပ် ဦမျိုးအောင်၊ တိုင်းဒေသကြီးဝန်ကြီးများ၊ တိုင်းဒေသကြီးအစိုးရအဖွဲ့ဝင်များ၊ တိုင်းဒေသကြီး ငါးလုပ်ငန်းဦးစီးဌာနမှူးနှင့်တာဝန်ရှိသူများ၊ ဌာနဆိုင်ရာဝန်ထမ်းများ၊ ကူမဲငါးလုပ်ငန်းစခန်းတာဝန်ခံ နှင့်ဝန်ထမ်းများ၊ ရေဘေးသင့်ပြည်သူများနှင့် ငါးမွေးတောင်သူများစုစုပေါင်း ၂၀၀ ခန့် တက်ရောက်သည်။

အဆိုပါအခမ်းအနားတွင် ကူမဲငါးလုပ်ငန်းစခန်းမှ ကျောက်ဆည်မြို့နယ်နှင့် မြစ်သားမြို့နယ်မှ ရေဘေးကြောင့်ဆုံးရှုံးခဲ့သော ငါးမွေးတောင်သူ ၁၀ ဦးအား နှစ်လက်မအရွယ် ငါးမြစ်ချင်း သားပေါက်ကောင်ရေ ၆၃၃၄၀ အား အခမဲ့ထောက်ပံ့ပေးအပ်ခဲ့ကြောင်း သိရသည်။

သတင်းစဉ်

No comments:

Post a Comment