Thursday, October 3, 2024

ရေဘေးဒဏ်ခံစားရသောဒေသများအတွက် အလှူရှင်များက အလှူငွေများ ပေးအပ်လှူဒါန်း


နေပြည်တော် အောက်တိုဘာ ၂

ရာဂီတိုင်ဖွန်းမုန်တိုင်း၏ သက်ရောက်မှုကြောင့် ရေဘေးဒဏ်ခံစားရသော ဒေသများအတွက် အလှူငွေပေးအပ် လှူဒါန်းပွဲအခမ်းအနားကို ယနေ့နံနက်ပိုင်းက နေပြည်တော်ရှိ လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၌ ကျင်းပသည်။

အခမ်းအနားတွင် လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာစိုးဝင်းက အလှူငွေများကို လက်ခံရယူပြီး ကျေးဇူးတင်စကားပြောကြားကာ ဂုဏ်ပြုမှတ်တမ်းလွှာများ ပြန်လည်ပေးအပ်သည်။

ယနေ့ အခမ်းအနားတွင် ဗိုလ်လောင်းသင်တန်း အမှတ်စဉ် (၆၄) သင်တန်းဆင်းအရာရှိများက ငွေကျပ် ၁၅ သိန်း၊ နေပြည်တော်ပုဗ္ဗသီရိမြို့နယ်ဥယျာဉ်ရွာ ဦးမောင်ကိုက ငွေကျပ်သိန်း ၅၀ စုစုပေါင်း ငွေကျပ် ၆၅ သိန်း ပေးအပ်လှူဒါန်းခဲ့ကြောင်း သတင်းရရှိသည်။

သတင်းစဉ်

No comments:

Post a Comment