သံဝေဇနိယလေးဌာန(ဖွား၊ပွင့်၊ဟော၊စံ)စေတီတော်နှင့်ပတ်သက်သည့်
လုပ်ငန်းညှိနှိုင်းအစည်းအဝေး ကျင်းပ
နေပြည်တော် အောက်တိုဘာ ၉
နေပြည်တော် သံဝေဇနိယလေးဌာန(ဖွား၊ ပွင့်၊ ဟော၊ စံ)စေတီတော်နှင့်ပတ်သက်သည့် လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို ယနေ့နံနက် ၁၀ နာရီတွင် နေပြည်တော် ရုံးအမှတ်(၃၁) သာသနာရေးနှင့်ယဉ်ကျေးမှုဝန်ကြီးဌာန အစည်းအဝေးခန်းမ (အပေါ်ထပ်)၌ ကျင်းပသည်။
တက်ရောက်
အစည်းအဝေးသို့ သာသနာရေးနှင့်ယဉ်ကျေးမှုဝန်ကြီးဌာန
ပြည်ထောင်စုဝန်ကြီး ဦးတင်ဦးလွင်၊ နေပြည်တော်ကောင်စီဥက္ကဋ္ဌ ဦးသန်းထွန်းဦး၊ သာသနာရေးနှင့်ယဉ်ကျေးမှုဝန်ကြီးဌာန
ဒုတိယဝန်ကြီး၊ နေပြည်တော်ကောင်စီဝင်၊ နေပြည်တော်စည်ပင်သာယာရေးကော်မတီ ဒုတိယမြို့တော်ဝန်၊
သာသနာရေးနှင့်ယဉ်ကျေးမှုဝန်ကြီးဌာန အမြဲတမ်းအတွင်းဝန်၊ ညွှန်ကြားရေးမှူးချုပ်များ၊
ဘဏ္ဍာတော်ထိန်းဂေါပကအဖွဲ့ဝင်များနှင့် တာဝန်ရှိသူများ တက်ရောက်ကြသည်။
ဦးစွာ ပြည်ထောင်စုဝန်ကြီး ဦးတင်ဦးလွင်က
သံဝေဇနိယလေးဌာန (ဖွား၊ ပွင့်၊ ဟော၊ စံ) စေတီတော်ကြီး ဘက်စုံမွမ်းမံပြင်ဆင်ခြင်းဆောင်ရွက်ရန်အတွက်
သာသနိကအဆောက်အအုံများ ပြုပြင်ခြင်း၊ ရောင်တော်ဖွင့်ခြင်းလုပ်ငန်းများ ဆောင်ရွက်နိုင်ရန်
ကုန်ကျစရိတ်ကို အင်ဂျင်နီယာပညာရှင်အဖွဲ့ဖြင့် တွက်ချက်၍ သက်ဆိုင်ရာတာဝန်ရှိသူများက
ဆောင်ရွက်ပေးစေလိုကြောင်း၊ နိုင်ငံတော်အကြီးအကဲ၏ လမ်းညွှန်ချက်အရ မြန်မာနိုင်ငံရှိ
ထင်ရှားသော ဘုရား၊ စေတီ၊ ပုထိုးများကို အများပြည်သူ အွန်လိုင်းမှတစ်ဆင့်
ဖူးမြော်လေ့လာနိုင်ရေးအတွက် Pagoda Digital Directory Web Portal ရေးဆွဲဆောင်ရွက်လျက်ရှိရာ
သံဝေဇနိယလေးဌာန(ဖွား၊ ပွင့်၊ ဟော၊ စံ) စေတီတော်ဆိုင်ရာတို့အား Pagoda Digital
Directory တွင် ထည့်သွင်းနိုင်ရေး စီစဉ်ဆောင်ရွက်ရမည်ဖြစ်ကြောင်းနှင့် သံဝေဇနိယလေးဌာန(ဖွား၊
ပွင့်၊ ဟော၊ စံ)စေတီတော် ဘက်စုံဖွံ့ဖြိုးတိုးတက်ရေးအတွက် ကုသိုလ်ယူဝိုင်းဝန်းဆွေးနွေးပေးကြပါရန်
ပြောကြားသည်။
ဆက်လက်၍ နေပြည်တော်ကောင်စီဥက္ကဋ္ဌက သံဝေဇနိယလေးဌာန(ဖွား၊
ပွင့်၊ ဟော၊ စံ) စေတီတော်နှင့်ပတ်သက်၍ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ ဥက္ကဋ္ဌ
နိုင်ငံတော်ဝန်ကြီးချုပ်၏ လမ်းညွှန်မှာကြားချက်များအပေါ် ဆောင်ရွက်ထားရှိမှုနှင့် ဆောင်ရွက်ပြီးစီးမှုအခြေအနေများ၊
စေတီတော် ဘက်စုံဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းကိစ္စရပ်များနှင့် ပတ်သက်၍ သာသနာရေးနှင့်
ယဉ်ကျေးမှုဝန်ကြီးဌာနနှင့် ပေါင်းစပ်ညှိနှိုင်း ဆောင်ရွက်သွားမည်ဖြစ်ကြောင်း ပြောကြားသည်။
ထို့နောက် အစည်းအဝေးသို့ တက်ရောက်လာကြသည့်
ဒုတိယဝန်ကြီး၊ နေပြည်တော်ကောင်စီဝင်၊ ဒုတိယမြို့တော်ဝန်၊ အမြဲတမ်းအတွင်းဝန်၊ ညွှန်ကြားရေးမှူးချုပ်များ၊
သံဝေဇနိယလေးဌာန နာယက၊ ဘဏ္ဍာ တော်ထိန်းဂေါပကအဖွဲ့ဝင်များနှင့်
တာဝန်ရှိသူများက သံဝေဇနိယလေးဌာန(ဖွား၊ ပွင့်၊ ဟော၊ စံ)စေတီတော် ဘက်စုံဖွံ့ဖြိုးတိုးတက်ရေးဆိုင်ရာ
လုပ်ငန်းကိစ္စရပ်များနှင့်ပတ်သက်၍ ဆွေးနွေးတင်ပြကြရာ ပြည်ထောင်စုဝန်ကြီးက ဆွေးနွေးတင်ပြချက်များအပေါ်
လိုအပ်သည်များ ဖြည့်စွက်ဆွေးနွေးပြောကြားခဲ့ကြောင်း သိရသည်။
သတင်းစဉ်

No comments:
Post a Comment