ပုသိမ်လေဆိပ်သို့ ခရီးသည်လေယာဉ်များ
စတင်ပျံသန်းပြေးဆွဲနိုင်ရေး လုပ်ငန်းညှိနှိုင်းအစည်းအဝေး ကျင်းပ
ပုသိမ် အောက်တိုဘာ ၉
ပုသိမ်လေဆိပ်သို့ ခရီးသည်လေယာဉ်များ စတင်ပျံသန်းပြေးဆွဲနိုင်ရေး လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို ယနေ့မွန်းလွဲပိုင်းက တိုင်းဒေသကြီးအစိုးရအဖွဲ့ရုံး အစည်းအဝေးခန်းမ(၁)၌ ကျင်းပသည်။
ဦးစွာ ပို့ဆောင်ရေးနှင့် ဆက်သွယ်ရေးဝန်ကြီးဌာန
ဒုတိယဝန်ကြီးက ပုသိမ်လေဆိပ်သို့ ခရီးသည်လေယာဉ်များ စတင်ပျံသန်းပြေးဆွဲနိုင်ရေး လုပ်ငန်းဆောက်ရွက်ထားရှိမှုများ၊
လေကြောင်းပို့ဆောင်ရေးညွှန်ကြားမှုဦးစီးဌာန ဒုတိယညွှန်ကြားရေးမှူးချုပ်က ခရီးသည်လေယာဉ်များ
ဆင်း/တက်အသုံးပြုနိုင်ရေးအတွက် ဆောင်ရွက်ထားရှိမှုအခြေအနေများ၊ ပုသိမ်လေဆိပ်ရှိ ဝန်ထမ်းအင်အား၊
ခရီးသည်များ ဝင်/ထွက်အသုံးပြုနိုင်ရေးအတွက် လက်ရှိအဆောက်အအုံအနေအထားများနှင့် လေယာဉ်ခရီးစဉ်ပြေးဆွဲမည့်
အစီအစဉ်များ၊ စစ်အင်ဂျင်နီယာညွှန်ကြားရေးမှူးရုံးမှ တာဝန်ရှိသူတစ်ဦးက ၂၀၂၄-၂၀၂၅
ဘဏ္ဍာနှစ်တွင် ဆောင်ရွက်မည့် ပုသိမ်လေယာဉ်ကွင်း အဆင့်မြှင့်တင်ခြင်းလုပ်ငန်းများ၊ ပုသိမ်လေယာဉ်ကွင်း၊
အဆောက်အအုံနှင့် ဆက်စပ်လုပ်ငန်းများ ဆောင်ရွက်မည့်အစီအမံများကို
ရှင်းလင်းတင်ပြခဲ့ရာ တိုင်းဒေသကြီးဝန်ကြီးချုပ် ဦးတင်မောင်ဝင်းက ပုသိမ်လေဆိပ်သို့ ခရီးသည်လေယာဉ်များ
ပြေးဆွဲရာတွင် လုံခြုံရေးကိုလည်း အထူးဂရုပြုဆောင်ရွက်ရန်လိုကြောင်း၊ ခရီးသည်များအား
လိုအပ်မည့် ဝန်ဆောင်မှုများပေးရန်လိုကြောင်း၊ ခရီးသည်လေယာဉ်များ ပြေးဆွဲမှုများအား
အများပြည်သူ ကျယ်ကျယ်ပြန့်ပြန့် သိရှိနိုင်ရန်လိုပါကြောင်းနှင့် လေယာဉ်ခရီးစဉ်နှင့်
ပတ်သက်၍ သက်ဆိုင်ရာဌာနများက အချိတ်အဆက်မိမိဖြင့် စုပေါင်းဆောင်ရွက်ရမည်ဖြစ်ပါကြောင်း
ဖြည့်စွက်မှာကြားခဲ့ပြီး သက်ဆိုင်ရာတာဝန်ရှိသူများ၏ တင်ပြချက်များအပေါ် လိုအပ်သည်များ
ပေါင်းစပ်ညှိနှိုင်းဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။
တိုင်းဒေသကြီး(ပြန်/ဆက်)

No comments:
Post a Comment