Wednesday, October 2, 2024

၂၀၂၄ ခုနှစ်၊ လူဦးရေနှင့်အိမ်အကြောင်းအရာသန်းခေါင်စာရင်းအား ပဲခူးတိုင်းဒေသကြီးအတွင်းရှိ မြို့နယ်များတွင် တစ်ပြိုင်တည်းကောက်ခံလျက်ရှိ



ပဲခူး အောက်တိုဘာ

၂၀၂၄ ခုနှစ်၊ လူဦးရေနှင့်အိမ်အကြောင်းအရာသန်းခေါင်စာရင်းအား အောက်တိုဘာလ()ရက်နေ့ နံနက်ပိုင်းမှစ၍ ပဲခူးတိုင်းဒေသကြီးအတွင်းရှိ မြို့နယ်များတွင် တစ်ပြိုင်တည်း ကောက်ခံလျက်ရှိသည်။











ရှေးဦးစွာ ပဲခူးတိုင်းဒေသကြီး သန်းခေါင်စာရင်းကော်မတီဥက္ကဋ္ဌ၊ တိုင်းဒေသကြီးအစိုးရအဖွဲ့၊ အတွင်းရေးမှူး ဦးအေးမောင်ကြည်ဦးဆောင်သောအဖွဲ့မှ ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့၊ ဝန်ကြီးချုပ်၏နေအိမ်နှင့် အစိုးရအဖွဲ့ဝန်ကြီးများ၏နေအိမ်များ၌ လူဦးရေနှင့်အိမ်အကြောင်းအရာသန်းခေါင်စာရင်းများကောက်ယူခဲ့သည်။

ထို့နောက် ပဲခူးတိုင်းဒေသကြီးဝန်ကြီးချုပ် ဦးမျိုးဆွေဝင်းသည် ပဲခူးမြို့အတွင်းရှိ ရုံးကြီးရပ်ကွက် ယုဇနလမ်း၊ ရှင်စောပုရပ်ကွက်၊ (၃၃)လမ်းနှင့် ဥဿာမြို့သစ်၊ ရပ်ကွက်ကြီး() တပင်ရွှေထီးလမ်းတို့၌ ၂၀၂၄ ခုနှစ်၊ လူဦးရေနှင့်အိမ်အကြောင်းအရာသန်းခေါင်စာရင်းကောက်ယူနေမှုအား ကွင်းဆင်းကြည့်ရှုအားပေးခဲ့ပြီး ဒေသခံပြည်သူများအား ရင်းရင်းနှီးနှီးတွေ့ဆုံနှုတ်ဆက်စကားပြောကြားခဲ့ကြောင်း သိရသည်။

ပဲခူးတိုင်းဒေသကြီးအတွင်း စာရင်းစစ်/ စာရင်းကောက် (၄၂၅၉)ဦး ခန့်အပ်တာဝန်ပေးထားပြီး ခရိုင်()ခု၌ စာရင်းကောက်ကွက်ပေါင်း(၁၁၅၄၀)အား တစ်ပြိုင်တည်းကောက်ယူလျက်ရှိရာ သန်းခေါင်စာရင်းဆိုင်ရာလုပ်ငန်းများ ပြည်သူလူထုများ ကျယ်ကျယ်ပြန့်ပြန့်သိရှိစေရေး တိုင်းရင်းသားဘာသာစကားများဖြင့် လက်ကမ်းစာစောင်များ ဖြန့်ဝေခြင်း၊ Bill Board စိုက်ထူခြင်းများ ကြိုတင်ဆောင်ရွက်ထားပြီးဖြစ်ကြောင်း သတင်းရရှိသည်။

သက်ဖြိုးကြိုင် (ပြန်/ဆက်)

No comments:

Post a Comment