Wednesday, October 2, 2024

ကယားပြည်နယ်ဝန်ကြီးချုပ် အပြည်ပြည်ဆိုင်ရာ သက်ကြီးပုဂ္ဂိုလ်များနေ့ အခမ်းအနားသို့တက်ရောက်

 


လွိုင်ကော် အောက်တိုဘာ

အပြည်ပြည်ဆိုင်ရာ သက်ကြီးပုဂ္ဂိုလ်များနေ့ အခမ်းအနားကို ယနေ့နံနက်ပိုင်းက လွိုင်ကော်မြို့၊ ပြည်နယ်ခန်းမ၌ ကျင်းပခဲ့ရာ ကယားပြည်နယ်အစိုးရအဖွဲ့၊ ပြည်နယ်ဝန်ကြီးချုပ် ဦးဇော်မျိုးတင်၊ ဒေသကွပ်ကဲရေးမှူး ပြည်နယ်တရားလွတ်တော် တရားသူကြီးချုပ်၊ ပြည်နယ်အစိုးရအဖွဲ့ဝင်များ ပြည်နယ်အဆင့်ဌာနဆိုင်ရာများ၊ ပြည်နယ်အမျိုးသမီးရေးရာအဖွဲ့များ၊ စေတနာ့ဝန်ထမ်းအဖွဲ့အစည်း များမှ တာဝန်ရှိသူများနှင့် သက်ကြီးဘိုးဘွားများ တက်ရောက်ခဲ့ကြသည်။

 


ရှေးဦးစွာ ပြည်နယ်ဝန်ကြီးချုပ် ဦးဇော်မျိုးတင်က အဖွင့်အမှာစကားပြောကြားရာတွင်အပြည်ပြည်ဆိုင်ရာ သက်ကြီးပုဂ္ဂိုလ်များနေ့ အခမ်းအနားကို သက်ကြီးပုဂ္ဂိုလ်များသည် လူ့အဖွဲ့အစည်းအပေါ် အကျိုးပြုမှုများကို ကျေးဇူးပြုသည့်အနေသာမက လက်ရှိလူမှုအဖွဲ့အစည်း အတွက် သက်ကြီးပုဂ္ဂိုလ်များသည် အကျိုးရှိနေဆဲ၊ အသုံးဝင်နေဆဲဖြစ်သည်ကို အသိအမှတ်ပြု ဂုဏ်ပြုသည့်အနေဖြင့် ကျင်းပပေးခြင်းဖြစ်ကြောင်း၊ သက်ကြီးဘိုးဘွားများအနေဖြင့် နိုင်ငံတော်၏ တာဝန်များကို ကျရာအခန်းကဏ္ဍမှ ပါဝင်ဆောင်ရွက်ခဲ့ကြပြီးသူများဖြစ်ကြောင်း၊ အနာဂတ် နိုင်ငံတော်ကို ပုခုံးပြောင်းတာဝန်ယူမည့် မျိုးဆက်သစ်လူငယ်များအနေဖြင့် သက်ကြီးပုဂ္ဂိုလ်များ၏ အခွင့်အရေးများကို အသိအမှတ်ပြုပေးခြင်း၊ လေးစားစွာဆက်ဆံပေးခြင်း၊ ပြုစုစောင့်ရှောက် ပေးခြင်းများကို လုပ်ဆောင်ပေးကြရန် တိုက်တွန်းလိုကြောင်း၊ သက်ကြီးပုဂ္ဂိုလ်များအားလုံးကို ဥပဒေနှင့်အညီ အပြည့်အဝကာကွယ်စောင့်ရှောက်မှုပေးနိုင်ရေး ဌာနဆိုင်ရာများနှင့် စေတနာ့ဝန်ထမ်း အဖွဲ့အစည်းများအားလုံး ဝိုင်းဝန်းပူးပေါင်းပြီး ဆက်လက်ဆောင်ရွက်သွားရမည်ဖြစ်ပါကြောင်း” စသည်ဖြင့် ပြောကြားခဲ့သည်။

 


ထို့နောက် ပြည်နယ်ဝန်ကြီးချုပ်က ကယားပြည်နယ်အတွင်းရှိ အသက်အကြီးဆုံး ဘိုး()ဦးတို့အား ဂုဏ်ပြုချီးမြှင့်ထောက်ပံ့ငွေနှင့် ဂုဏ်ပြုဂါရဝလက်ဆောင်ပစ္စည်းများအား ပေးအပ်ခဲ့ပြီး တာဝန်ရှိသူများက ဘိုးဘွား(၃၀)ဦးတို့အား ဂုဏ်ပြုချီးမြှင့်ထောက်ပံ့ငွေနှင့် ဂုဏ်ပြုဂါရဝလက်ဆောင် ပစ္စည်းများအားလည်းကောင်း အသီးသီးလက်ရောက်ပေးအပ်ခဲ့ကြကာ တက်ရောက်လာကြသော ဘိုးဘွားများကိုယ်စား သက်ကြီးဘိုးတစ်ဦးက ဆုတောင်းမေတ္တာစကား ပြောကြားခဲ့သည်။

ယခု အခမ်းအနားတွင် ပြည်နယ်အစိုးရအဖွဲ့မှ ပြည်နယ်အတွင်းရှိ ဘိုးဘွား (၂၂၃)ဦးအတွက် ငွေကျပ် (၃၃,၇၃၄,၀၀၀)သိန်းအား ထောက်ပံ့ပေးအပ်ခဲ့ကြောင်းသိရှိရသည်။

ပြည်နယ်(ပြန်/ဆက်)

No comments:

Post a Comment