Tuesday, October 1, 2024

ဒုတိယဝန်ကြီး ဦးရဲတင့် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန အရှေ့ပိုင်းခရိုင်ရုံးနှင့် မြောက်ပိုင်းခရိုင်ရုံးတို့ရှိ ဝန်ထမ်းများအားတွေ့ဆုံ

နေပြည်တော် စက်တင်ဘာ ၃၀

ပြန်ကြားရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးရဲတင့်သည် ယမန်နေ့ညနေပိုင်းက ရန်ကုန်မြို့ မင်္ဂလာတောင်ညွန့်မြို့နယ်၌ စာဆိုဗိမာန်တည်ဆောက်မည့် မြေနေရာသို့ရောက်ရှိပြီး စတင်ဆောက်လုပ်ရေး ပြင်ဆင်ဆောင်ရွက်နေမှုများကို ကြည့်ရှုစစ်ဆေးပြီး လိုအပ်သည်များ မှာကြားသည်။ ထို့နောက် ပင့်ဖိတ်ထားသော ဆရာတော်သံဃာတော်များဖြင့် မြေသန့် မင်္ဂလာပြုလုပ်ပြီး ဆရာတော်များအား လှူဖွယ်ဝတ္ထုများ ဆက်ကပ်လှူဒါန်းသည်။

ယနေ့နံနက်ပိုင်းက သိမ်ဖြူလမ်း ပုံနှိပ်ရေးနှင့်ထုတ်ဝေရေးဦးစီးဌာနရုံးချုပ်တွင် ၂၀၂၃ ခုနှစ်အတွက် အမျိုးသားစာပေတစ်သက်တာဆု စိစစ်ရွေးချယ်ရေး ကော်မတီအစည်းအဝေးတက်ရောက်ပြီး ကော်မတီဝင် စာပေပညာရှင်ကြီးများနှင့်တွေ့ဆုံ၍ ဆုရွေးချယ်ရေးကိစ္စများ ညှိနှိုင်းဆောင်ရွက်သည်။ မွန်းလွဲပိုင်းတွင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန အရှေ့ပိုင်းခရိုင်ရုံးနှင့် မြောက်ပိုင်းခရိုင်ရုံးတို့သို့ရောက်ရှိပြီး လုပ်ငန်းဆောင်ရွက်နေမှုများကို ကြည့်ရှုစစ်ဆေးကာ ဝန်ထမ်းများအား လိုအပ်သည်များ တွေ့ဆုံမှာကြားခဲ့သည်။

သတင်းစဉ်

No comments:

Post a Comment