Friday, October 18, 2024

ပြည်ထောင်စုဝန်ကြီး ဦးမောင်မောင်အုန်း မြန်မာ့အသံနှင့်ရုပ်မြင်သံကြား ဝန်ထမ်းမိသားစုများ၏ သီတင်းကျွတ်ပွဲတော်တွင် ပါဝင်ဆင်နွှဲ

 

နေပြည်တော် အောက်တိုဘာ ၁၇

ပြန်ကြားရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးမောင်မောင်အုန်းသည် ယနေ့ညနေပိုင်းတွင် နေပြည်တော် တပ်ကုန်းမြို့ရှိ မြန်မာ့အသံနှင့်ရုပ်မြင်သံကြား၌ကျင်းပသည့် ပြန်ကြားရေးဝန်ကြီးဌာန မြန်မာအသံနှင့်ရုပ်မြင်သံကြား၊ ဝန်ထမ်းမိသားစုများ၏ သီတင်းကျွတ်ပွဲတော်တွင် ပါဝင်ဆင်နွှဲသည်။

ဦးစွာ MRTV ပန်းခြံမုခ်ဦး နေရာတွင်ကျင်းပသည့် ပြန်ကြားရေးဝန်ကြီးဌာန မြန်မာ့အသံနှင့် ရုပ်မြင်သံကြား ဝန်ထမ်းမိသားစုများ၏ သီတင်းကျွတ်ပွဲတော်ကို ဖဲကြိုးဖြတ်ဖွင့်လှစ်ပေးသည်။ ဆက်လက်၍ သီတင်းကျွတ်မီးပုံပွဲကို မီးထွန်းညှိ၍ ဖွင့်လှစ်ပေးကာ ဝန်ထမ်းမိသားစုများနှင့်အတူ မီးပုံပွဲတွင် ပျော်ရွှင်စွာပါဝင်ဆင်နွှဲသည်။

မီးပုံးပျံ ၇၉ လုံး လွှတ်တင်ပူဇော်

ယင်းနောက် ၂၀၂၅ ခုနှစ် ဖေဖော်ဝါရီ ၁၅ ရက်တွင် ရောက်ရှိမည့် မြန်မာ့အသံနှင့်ရုပ်မြင်သံကြား၏ ၇၉ နှစ်အထိမ်းအမှတ် အဖြစ် မီးပုံးပျံ ၇၉ လုံးအား ဝန်ထမ်းမိသားစုများနှင့်အတူ လွှတ်တင်ပူဇော်ကြသည်။

ဆက်လက်၍ သီတင်းကျွတ်ပွဲတော်တွင် ခင်းကျင်းရောင်းချ နေကြသည့် တိုင်းရင်းသားရိုးရာ အစားအစာ အရောင်းဆိုင်များအား ကြည့်ရှုအားပေးကြသည်။

ထို့နောက် မြန်မာ့အသံနှင့်ရုပ်မြင်သံကြား ခေတ်ပေါ်တီးဝိုင်းအဖွဲ့နှင့် ဝန်ထမ်းမိသားစုများ၏ ဖျော်ဖြေတင်ဆက်မှုအား ကြည့်ရှုအားပေးပြီး သီတင်းကျွတ် အထိမ်းအမှတ်ဝန်ထမ်းများ တေးသီချင်းဆိုပြိုင်ပွဲမှ Top -5 ပြိုင်ပွဲဝင် ငါးဦး၏သီဆိုယှဉ်ပြိုင်မှုကို ကြည့်ရှုအားပေးကာ ပထမ၊ ဒုတိယနှင့် တတိယဆုရရှိသူသုံးဦးအား ဆုများ ချီးမြှင့်ပေးအပ်သည်။

ကြည့်ရှုအားပေး

ယင်းနောက် ဝန်ထမ်းမိသားစုများ ပါဝင်ဆင်နွှဲနေကြသည့် ကစားနည်းများကို ကြည့်ရှုအားပေးသည်။

ဆက်လက်၍ MRTV ပန်းခြံနှင့် ဆက်စပ်၍ အသစ်ဆောက်လုပ် ထားသည့် ကြိုးတံတားအား ဖွင့်လှစ်၍ ဖြတ်သန်းကြည့်ရှုကြပြီး သီတင်းကျွတ်အထိမ်းအမှတ် ရောင်စုံမီးအလှများ ထွန်းညှိထားသည့် MRTV အဝင်မုခ်ဦး၊ မျှော်စင်အဝိုင်း၊ ပင်မအဆောက်အဦနှင့် စိန်ရတုပြတိုက်တို့ကို ကြည့်ရှုအားပေးခဲ့သည်။

သတင်းစဉ်

No comments:

Post a Comment