Tuesday, October 1, 2024

မိုးသည်းထန်စွာရွာသွန်းမှုကြောင့် မိုင်းကိုင်မြို့၊ မိုင်းကိုင်-နမ့်လန်သွားလမ်းပေါ်ရှိ သံကူကွန်ကရစ်တံတား ရေတိုက်စားမှုကြောင့် ပြိုကျပျက်စီး

 

နေပြည်တော် အောက်တိုဘာ ၁ ရက်

ရှမ်းပြည်နယ်(တောင်ပိုင်း)၊ လွိုင်လင်ခရိုင်၊ မိုင်းကိုင်မြို့တွင် ယနေ့နံနက်ပိုင်းက မိုးသည်းထန်စွာရွာသွန်းမှုကြောင့် နန်းလုံချောင်းရေမြင့်တက်လာပြီး မိုင်းကိုင်- နမ့်လန်သွားလမ်းပေါ်ရှိ တံတားအမှတ်(၃/၉၁)၊ အလျား ၃၆၀ ပေ၊ အကျယ် ၃၀ ပေ၊ ခံနိုင်ဝန် ၆၀ တန်ရှိ ဆားတောသံကူကွန်ကရစ်တံတားသည် မွန်းလွဲ ၂ နာရီခန့်တွင် တံတား၏ မြောက်ဘက်ခြမ်းရှိ ချဉ်းကပ်လမ်းအကျယ် ၃၀ ပေ၊ အလျား ၃၀ ပေ ရေတိုက်စား၍ ပြိုကျပျက်စီးခဲ့ပြီး ယာဉ်ကြီး/ယာဉ်ငယ်များ ဖြတ်သန်းသွားလာမှုရပ်တန့်ခဲ့ရကြောင်း သိရှိရသည်။

အဆိုပါ ရေတိုက်စားမှုကြောင့် ချဉ်းကပ်လမ်းပျက်စီးခဲ့သည့် သံကူကွန်ကရစ်တံတားအား မိုင်းကိုင်မြို့နယ်၊ လမ်း/တံတားဦးစီးဌာနမှ ဝန်ထမ်းများနှင့် တာဝန်ရှိသူများက အများပြည်သူများ ဖြတ်သန်းသွားလာနိုင်ရေးအတွက် အမြန်ဆုံးပြုပြင် ဆောင်ရွက်လျက်ရှိကြောင်း သတင်းရရှိသည်။

No comments:

Post a Comment