Tuesday, October 1, 2024

မွန်ပြည်နယ်ဝန်ကြီးချုပ် လူဦးရေနှင့်အိမ်အကြောင်းအရာ သန်းခေါင်စာရင်းကောက်ယူနေမှုအား လိုက်လံကြည့်ရှုအားပေး

မော်လမြိုင် အောက်တိုဘာ ၁

မွန်ပြည်နယ်၊ မော်လမြိုင်မြို့နယ်အတွင်း ၂၀၂၄ ခုနှစ်၊ လူဦးရေနှင့် အိမ်အကြောင်းအရာသန်းခေါင် စာရင်း စတင်ကောက်ယူနေမှုအား ယနေ့နံနက်ပိုင်းက ပြည်နယ်သန်းခေါင်စာရင်း ကြီးကြပ်မှုကော်မတီဥက္ကဋ္ဌ၊ ပြည်နယ်ဝန်ကြီးချုပ် ဦးအောင်ကြည်သိန်း၊ ပြည်နယ်အစိုးရအဖွဲ့ဝင်ဝန်ကြီးများ၊ ခရိုင်/မြို့နယ် သန်းခေါင်စာရင်း‌ေကာ်မတီနှင့် တာဝန်ရှိသူများက ယနေ့နံနက်ပိုင်းကလိုက်လံ ကြည့်ရှုအားပေးခဲ့ကြသည်။



သန်းခေါင်စာရင်းကောက်ယူရာတွင် မော်လမြိုင်မြို့ လှိုင်ရပ်ကွက်အတွင်းရှိ သန်းခေါင်စာရင်း ကောက်ကွက် ၃၅ ကွက်တို့၌ စာရင်းကောက်သူများက လူဦးရေနှင့်အိမ်အကြောင်းအရာစာရင်းများ တိကျမှန်ကန်စွာရရှိရေးအတွက် အိမ်ထောင်စုအသီးသီးတို့၏ လူဦးရေဆိုင်ရာ အချက်အလက်များ၊ အိမ်အကြောင်းအရာများ စနစ်တကျမေးမြန်းနေမှုများကို ပြည်နယ်သန်းခေါင်စာရင်းကြီးကြပ်မှုကော်မတီဥက္ကဋ္ဌနှင့် တာဝန်ရှိသူတို့က တစ်အိမ်တက် ဆင်း လိုက်လံကြည့်ရှု အားပေး ကာ လိုအပ်သည်တို့ကို ပံ့ပိုး ကူညီပေးခဲ့ကြသည်။

မော်လမြိုင်မြို့နယ်၌ ၂၀၂၄ ခုနှစ်၊ လူဦးရေနှင့်အိမ်အကြောင်းအရာသန်းခေါင်စာရင်း ကောက်ယူခြင်းလုပ်ငန်းများကို အောက်တိုဘာလ ၁ ရက်နေ့မှ ၁၅ရက်နေ့အထိ ရပ်ကွက်/ကျေးရွာ အသီးသီးတို့၌ သန်းခေါင်စာရင်းကောက်ကွက်ပေါင်း ၅၀၅ ကွက်ကို စာရင်းစစ်၊ စာရင်းကောက် ၁၉၉ ဦးတို့မှ လိုက်လံ‌ေကာက်ယူဆောင်ရွက်သွားမည်ဖြစ်ကြောင်း သိရှိရသည်။

ခင်စန်းမြင့် (ပြန်/ဆက်)

No comments:

Post a Comment