Wednesday, October 2, 2024

ဒုတိယဝန်ကြီး ဦးအောင်ကျော်ထွန်း လေကြောင်းပို့ဆောင်ရေးညွှန်ကြားမှုဦးစီးဌာနနှင့် မြန်မာအမျိုးသားလေကြောင်းတို့မှ ဝန်ထမ်းများနှင့် တွေ့ဆုံ

 

နေပြည်တော် အောက်တိုဘာ ၁

ပို့ဆောင်ရေးနှင့် ဆက်သွယ်ရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးအောင်ကျော်ထွန်းသည် ယမန်နေ့ နံနက်ပိုင်းက လေကြောင်းပို့ဆောင်ရေးညွှန်ကြားမှုဦးစီးဌာန လေကြောင်းပျံသန်းမှု လမ်းညွှန်ထိန်းသိမ်း ရေးဌာနခွဲသို့ရောက်ရှိပြီး Air Traffic Management Centre – ATMC အစည်းအဝေးခန်းမ၌ အရာထမ်း၊ အမှုထမ်းများနှင့် တွေ့ဆုံသည်။

ကြည့်ရှုစစ်ဆေး

တွေ့ဆုံစဉ် ဒုတိယဝန်ကြီးက လုပ်ငန်းပိုင်းဆိုင်ရာ ဆောင်ရွက်မှုများနှင့်ပတ်သက်၍ လိုအပ်သည်များကို ရှင်းလင်းပြောကြားပြီး လေကြောင်းကဏ္ဍ ဖွံ့ဖြိုးတိုးတက်ရေးဆောင်ရွက်ရာတွင် ဝန်ထမ်း ကျင့်ဝတ်များနှင့်အညီ တာဝန်ယူမှု၊ တာဝန်ခံမှုဖြင့် လုပ်ကိုင်ဆောင်ရွက်သွားကြရန်၊ ဝန်ထမ်းများ၏ သက်သာချောင်ချိရေးကို တတ်နိုင်သမျှ အလေးထားဆောင်ရွက်ပေးရန်၊ လေယာဉ်စီးခရီးသည်များ ဘေးအန္တရာယ်ကင်းရှင်းမှုရှိပြီး လုံခြုံစိတ်ချစွာ ခရီးသွားလာနိုင်ရေးကို အလေးထားဆောင်ရွက်သွားကြရန်၊ လေဆိပ်များတွင် အသုံးပြုလျက်ရှိသော X-ray စက်များနှင့် CCTVများ ကောင်းမွန်မှုရှိစေရေး၊ လေယာဉ်ပြေးလမ်းမီးစနစ်များ ကောင်းမွန်မှုရှိစေရေး၊ လေကြောင်းထိန်းမျှော်စင်များရှိ ဆက်သွယ်ရေးစက်များ ကောင်းမွန်နေစေရေး၊ လေယာဉ်ကွင်း ရာသီဥတုဆိုင်ရာကိရိယာများ ကောင်းမွန်နေစေရေး အလေးထားဆောင်ရွက်သွားရန် မှာကြားသည်။

ထို့နောက် ATMC Centre ၌ 3 D Aerodrome Simulator တပ်ဆင်ထားရှိမှု၊ လေကြောင်းထိန်းသိမ်း ရေးစက်ပစ္စည်းအသစ်များ တပ်ဆင်ပြီးစီးမှု၊ Area Control Centre နှင့် လေကြောင်းထိန်းမျှော်စင်တို့ကို လှည့်လည်ကြည့်ရှုစစ်ဆေးသည်။

မွန်းလွဲပိုင်းတွင် ရန်ကုန်အပြည်ပြည်ဆိုင်ရာလေဆိပ် မြန်မာအမျိုးသားလေကြောင်း ပျံသန်းမှုလုပ်ငန်းဌာန ပျံသန်းရေးဌာန သင်တန်းခန်းမ၌ ဝန်ထမ်းများနှင့်တွေ့ဆုံပြီး လေယာဉ်များ စွမ်းအား ပြည့် ပျံသန်းပြေးဆွဲနိုင်ရေး ကြိုးပမ်းဆောင်ရွက်သွား ကြရန်နှင့် လုပ်ငန်းများဆောင်ရွက်ရာတွင် မြေပြင်/ဝေဟင် အန္တရာယ်ကင်းရှင်းစွာ ဆောင်ရွက်ကြရန် မှာကြားသည်။

ထို့နောက် ရန်ကုန်အပြည်ပြည်ဆိုင်ရာလေဆိပ်ရှိ မြန်မာအမျိုးသားလေကြောင်း၏ လေယာဉ် အကြီးစားပြင်ဆင်မှုအလုပ်ရုံ(MRO)သို့ သွားရောက်၍ လေယာဉ်ပြုပြင်မွမ်းမံခြင်းလုပ်ငန်း ဆောင်ရွက်နေမှုကို ကြည့်ရှုစစ်ဆေးပြီး ဝန်ထမ်းများနှင့် တွေ့ဆုံကာ လုပ်ငန်းခွင်အန္တရာယ်ကင်းရှင်းမှုရှိစေရေး၊ လုပ်ငန်းများ ဆောင်ရွက်ရာတွင် သတ်မှတ်ချက်များနှင့်အညီ ကိုက်ညီမှုရှိစေရေး အထူးအလေးထားဆောင်ရွက်ရန် မှာကြားခဲ့ကြောင်း သိရသည်။

သတင်းစဉ်

No comments:

Post a Comment