နေပြည်တော် အောက်တိုဘာ ၂၁
ပြည်ထောင်စုတရားသူကြီးချုပ်
ဦးသာဌေးနှင့် ပြည်ထောင်စုတရားလွှတ်တော်ချုပ် တရားသူကြီးများဖြစ်ကြသော ဦးသောင်းနိုင်၊
ဦးသိန်းကိုကို၊ ဒေါ်ပြုံးပြုံးအေး၊ ဒေါက်တာ ကိုကိုနိုင်တို့ပါဝင်သည့် အထူးအယူခံခုံရုံးသည်
ယနေ့နံနက် ၉ နာရီခွဲတွင် ပြည်ထောင်စု တရားလွှတ်တော်ချုပ် ရုံးခန်းအမှတ် (၁) ၌ ရုံးထိုင်၍
ရာဇဝတ်အထူးအယူခံမှု အမှတ် ၃/၂၀၂၄ (မန္တလေး)နှင့် တရားမအထူးအယူခံမှု အမှတ် ၅၃/၂၀၂၄
(ရန်ကုန်)၊ ၅၇/၂၀၂၄ (တနင်္သာရီ)၊ ၆၆/၂၀၂၄ (တနင်္သာရီ)၊ ၆၇/၂၀၂၄ (တနင်္သာရီ)၊ ၆၉/၂၀၂၄
(မကွေး) စုစုပေါင်း ရာဇဝတ် အထူးအယူခံမှု (၁)မှုနှင့် တရားမ အထူးအယူခံမှု (၅) မှုတို့ကို
ရုံးထိုင်ကြားနာခဲ့ကြောင်း သတင်းရရှိသည်။
သတင်းစဉ်
No comments:
Post a Comment