နေပြည်တော် အောက်တိုဘာ ၂၁
လာအို-မြန်မာ နှစ်နိုင်ငံအကြား အလုပ်သမားရေးရာ ပူးပေါင်းဆောင်ရွက်မှုဆိုင်ရာ ဝန်ကြီးအဆင့် အစည်းအဝေးကို ယနေ့တွင် လာအိုနိုင်ငံ ဗီယင်ကျန်းမြို့ရှိ Crowne Plaza ဟိုတယ်၌ ကျင်းပသည်။
တက်ရောက်
အစည်းအဝေးသို့
အလုပ်သမားဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးမြင့်နောင်၊ အလုပ်သမားရေးရာ ဆက်ဆံရေးဦးစီးဌာန
ညွှန်ကြားရေးမှူးချုပ်နှင့် တာဝန်ရှိသူများ၊ လာအိုပြည်သူ့ဒီမိုကရက်တစ် သမ္မတနိုင်ငံ
အလုပ်သမားနှင့် လူမှုဝန်ထမ်းဝန်ကြီးဌာန ဝန်ကြီး H.E. Mdm. Baykham KHATTIYA နှင့် တာဝန်ရှိသူများ
တက်ရောက်ကြသည်။
နှစ်နိုင်ငံအကြား
ပူးပေါင်းဆောင်ရွက်မှုများ
အစည်းအဝေးတွင်
ပြည် ထောင်စုဝန်ကြီးက ရွှေ့ပြောင်းအလုပ်သမားများသည် နိုင်ငံ တစ်နိုင်ငံ၏ လုပ်အားသယံဇာတဖြစ်ပြီး
မူရင်းနိုင်ငံနှင့် လက်ခံသည့် နိုင်ငံ၏ စီးပွားရေး၊ လူမှုရေး၊ ဖွံ့ဖြိုး တိုးတက်ရေးတို့အတွက်
ပါဝင်ဆောင်ရွက်နေကြသူများ ဖြစ် ကြောင်း၊ အလုပ်သမားများ ကျွမ်းကျင်မှု ဖွံ့ဖြိုးတိုးတက်ရေး၊
အလုပ်အကိုင်နေရာချထားရေး၊ လူမှုဖူလုံရေး၊ အလုပ်သမားကာကွယ် စောင့်ရှောက်ရေးနှင့် နည်းပညာဆိုင်ရာ
ပူးပေါင်းဆောင်ရွက်ရေးနယ်ပယ်များတွင် အထူးသဖြင့် အလုပ်သမားရေးရာကိစ္စရပ်များတွင် နှစ်နိုင်ငံအကြား
ပူးပေါင်းဆောင်ရွက်မှုများ ဖြစ်ပေါ်စေမည့် အခြေခံကျသော အလုပ်သမားရေးရာ အခြေခံမူများနှင့်
အလေ့အထများ ချမှတ်သွားရန်အတွက် နားလည်မှုစာချွန်လွှာ လက်မှတ်ရေးထိုးသွားမည် ဖြစ် ကြောင်း
ပြောကြားသည်။
အလုပ်သမား
သံအရာရှိများ ခန့်အပ်တာဝန်ပေးထား
ထို့နောက် “မြန်မာ့အလုပ်သမားရေးရာနှင့်
လူမှုစီးပွားဖွံ့ဖြိုး တိုးတက်မှု အခြေအနေများ မျှဝေ ခြင်း” ကဏ္ဍတွင် ပြည်ထောင်စုဝန်ကြီးက
မြန်မာနိုင်ငံသည် ဒီမိုကရေစီအသွင်ကူးပြောင်းရေး လုပ်ငန်းစဉ်များ ပြုလုပ်ရာတွင် နိုင်ငံတော်၏
ငြိမ်းချမ်းရေးနှင့် ဖွံ့ဖြိုးတိုးတက်ရေးကို အဓိက အလေးထားဆောင်ရွက်လျက်ရှိမှု၊ စိုက်ပျိုးရေးလုပ်ငန်း၊
ကုန်ထုတ်လုပ်ငန်းနှင့် ဝန်ဆောင်မှုလုပ်ငန်း များသည် နိုင်ငံတော်၏ အဓိကစီးပွားရေးကဏ္ဍများဖြစ်ပြီး
ယင်းကဏ္ဍများကို မြှင့်တင်၍ နိုင်ငံ့ စီးပွားရေးမြင့်မားရန် နိုင်ငံတော်၏ ဦးတည်ချက်နှင့်
ရှေ့လုပ်ငန်းစဉ်များတွင် ထည့်သွင်းကြိုးပမ်း ဆောင်ရွက်လျက်ရှိမှု၊ ပြည်ပနိုင်ငံများသို့
အလုပ်သမားများ သွားရောက်အလုပ်လုပ်ကိုင်ရာတွင် စနစ်တကျရှိစေရေး၊ ဥပဒေနှင့်အညီ ဖြစ်စေရေးတို့အတွက်
ပြည်ပအလုပ်အကိုင်ဆိုင်ရာဥပဒေကို ပြဋ္ဌာန်းခဲ့ပြီး ခေတ်စနစ်နှင့်အညီ ပြင်ဆင်သည့် ဥပဒေအတည်
ပြု ပြဋ္ဌာန်းရေး ဆောင်ရွက်လျက်ရှိမှု၊ နိုင်ငံတကာလုပ်သားများ ရွှေ့ပြောင်းခြင်းစီမံခန့်ခွဲမှုဆိုင်ရာ
အမျိုးသားအဆင့် ၅ နှစ်တာ လုပ်ငန်းစီမံချက်ကို ပထမအကြိမ်နှင့် ဒုတိယအကြိမ် ရေးဆွဲအကောင်အထည်ဖော်ဆောင်ရွက်ခဲ့မှု၊
ပြည်ပရှိ မြန်မာအလုပ်သမားများကို ကူညီဆောင်ရွက်ပေးရန် အလုပ်သမားသံအရာရှိများကို ကိုရီးယား၊
ထိုင်း၊ မလေးရှားနှင့် ဂျပန်နိုင်ငံတို့တွင် ခန့်အပ်တာဝန်ပေးထားပြီး သံအရာရှိ မရှိသည့်
နိုင်ငံများတွင် မြန်မာသံရုံးများနှင့် ပူးပေါင်းဆောင်ရွက်ပေးလျက်ရှိမှုအခြေအနေများကို
ရှင်းလင်း ပြောကြားသည်။
ယင်းနောက် အနာဂတ်
နှစ်နိုင်ငံပူးပေါင်းဆောင်ရွက်ရေးအစီအစဉ် အမြင်ချင်းဖလှယ် ဆွေးနွေးခြင်းကဏ္ဍတွင် နှစ်နိုင်ငံကိုယ်စားလှယ်များက
ဆွေးနွေး ကြသည်။
ဆက်လက်၍ လာအိုပြည်သူ့
ဒီမိုကရက်တစ်သမ္မတနိုင်ငံ အလုပ်သမားနှင့် လူမှုဝန်ထမ်းဝန်ကြီး ဌာနနှင့် ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်
အလုပ်သမားဝန်ကြီးဌာနတို့အကြား နှစ်နိုင်ငံ အလုပ်သမားရေးရာ ပူးပေါင်းဆောင်ရွက်မှု နားလည်မှုစာချွန်လွှာ
လက်မှတ်ရေးထိုးခဲ့ကြကြောင်း သတင်းရရှိသည်။
သတင်းစဉ်

No comments:
Post a Comment