Friday, October 11, 2024

အသေးစား၊ အငယ်စားနှင့် အလတ်စား စီးပွားရေးလုပ်ငန်းရှင်များသို့ အသိပေးကြေညာချက်

၁။ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ၏ လမ်းညွှန်မှုနှင့်အညီ အသေးစားနှင့် အလတ်စားစီးပွားရေး လုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်ရေးဥပဒေပုဒ်မ ၂၀ (ဂ) တွင် သတ်မှတ်ပြဋ္ဌာန်းချက်အရ အသေးစား၊ အငယ်စားနှင့် အလတ်စားစီးပွားရေးလုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်ရေးရန်ပုံငွေကို နိုင်ငံတော်၏ မတည် ထောက်ပံ့ငွေဖြင့် ထူထောင်ထားရှိပြီး အဆိုပါရန်ပုံငွေမှ ပြည်ထောင်စုနယ်မြေ နေပြည်တော်နှင့် တိုင်းဒေသကြီး၊ ပြည်နယ်များရှိ အသေးစား၊ အငယ်စားနှင့် အလတ်စားစီးပွား ရေးလုပ်ငန်းများသို့ သက်သာသောအတိုးနှုန်းဖြင့် မြန်မာ့စီးပွားရေးဘဏ်မှတစ်ဆင့် ချေးငွေများထုတ်ချေးပေးလျက် ရှိပါသည်။

၂။ အသေးစား၊ အငယ်စားနှင့် အလတ်စား စီးပွားရေးလုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်ရေးရန်ပုံငွေမှ ထုတ်ချေးသော ချေးငွေကို ရယူလိုသူ MSME လုပ်ငန်းရှင်များ ချေးငွေရယူမှု ပိုမိုအဆင်ပြေ စေရန်အတွက် မြန်မာ့စီးပွားရေးဘဏ်အပြင် မြန်မာ့လယ်ယာဖွံ့ဖြိုးရေးဘဏ်နှင့် ပုဂ္ဂလိကဘဏ် ၁၅ ဘဏ်တွင်လည်း ချေးငွေများ လျှောက်ထားနိုင်ပြီ ဖြစ်ပါသည်-

(က)     မြန်မာ့လယ်ယာဖွံ့ဖြိုးရေးဘဏ်၊

(    ) ကမ္ဘာ့ရတနာဘဏ်လီမိတက်၊

(    ) ရွှေ (ကျေးလက်နှင့်မြို့ပြ) ဖွံ့ဖြိုးတိုးတက်ရေးဘဏ်လီမိတက်၊

(ဃ) ပထမပုဂ္ဂလိကဘဏ်လီမိတက်၊

(    ) ကမ္ဘောဇဘဏ်လီမိတက်၊

(    ) အသေးစားနှင့် အလတ်စားလုပ်ငန်းများ ဖွံ့ဖြိုးရေး ဘဏ်လီမိတက်၊

(ဆ) မြန်မာ့အရှေ့တိုင်းဘဏ်လီမိတက်၊

(    ) မြန်မာ့ခရီးသွားဘဏ်လီမိတက်၊

(  ) မြန်မာနိုင်ငံသားများဘဏ်လီမိတက်၊

(ည) သမဝါယမဘဏ်လီမိတက်၊

(  ) မြန်မာ့ရှေ့ဆောင်ဘဏ်လီမိတက်၊

(    ) မြန်မာမက်ထရိုဘဏ်လီမိတက်၊

(    ) ဧရာဝတီဘဏ်လီမိတက်၊

(    ) သတ္ထုဖွံ့ဖြိုးရေးဘဏ်၊

(ဏ) ဆောက်လုပ်ရေး၊ အိမ်ရာနှင့် အခြေခံအဆောက် အအုံ ဖွံ့ဖြိုးရေးဘဏ်၊

(တ) ဧရာဝတီတောင်သူလယ်သမားများ ဖွံ့ဖြိုးရေး ဘဏ်လီမိတက်၊

၃။ သို့ဖြစ်ပါ၍ အသေးစား၊ အငယ်စားနှင့် အလတ်စား စီးပွားရေးလုပ်ငန်းရှင်များအနေဖြင့် ချေးငွေလျှောက်ထားရာတွင် ပြည်ထောင်စုနယ်မြေ/ တိုင်းဒေသကြီး၊ ပြည်နယ်၊ ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရတိုင်း/ ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ အသေးစား၊ အငယ်စားနှင့် အလတ်စားစီးပွားရေးလုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်ရေး အေဂျင်စီရုံးခွဲများမှတစ်ဆင့် လျှောက်ထား နိုင်ပြီး နီးစပ်ရာ MSME အေဂျင်စီရုံးခွဲများသို့ ဆက်သွယ်မေးမြန်းစုံစမ်းနိုင်ပါကြောင်း အသိပေးကြေညာအပ်ပါသည်။

အသေးစား၊ အငယ်စားနှင့် အလတ်စားစီးပွားရေးလုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်ရေး ရန်ပုံငွေစီမံခန့်ခွဲမှု အဖွဲ့

No comments:

Post a Comment