Thursday, October 17, 2024

နေပြည်တော်ကောင်စီဥက္ကဋ္ဌ ဦးသန်းထွန်းဦး နေပြည်တော် ပုဗ္ဗသီရိမြို့နယ်ရှိ သီရိမင်္ဂလာဥသျှစ်ကုန်းကျောင်းတိုက် ဆရာတော်နှင့် မှန်ကျောင်းတိုက်ဆရာတော်တို့အား သွားရောက်ဖူးမြော် ကြည်ညို၊ လှူဖွယ်ဝတ္ထုပစ္စည်းများ ဆက်ကပ်လှူဒါန်း

နေပြည်တော် အောက်တိုဘာ ၁၆

နေပြည်တော်ကောင်စီဥက္ကဋ္ဌ ဦးသန်းထွန်းဦးသည် နေပြည်တော်ကောင်စီဝင် ဗိုလ်မှူးကြီး ရဲမိုး၊ ဦးမင်းဦးတို့နှင့်အတူ ယနေ့နံနက်ပိုင်းတွင် နေပြည်တော်ပုဗ္ဗသီရိမြို့နယ်ရှိ သီရိမင်္ဂလာဥသျှစ်ကုန်းကျောင်းတိုက် ဆရာတော်နှင့် မှန်ကျောင်းတိုက် ဆရာတော်တို့အား သွားရောက်ဖူးမြော်ကြည်ညိုပြီး လှူဖွယ်ဝတ္ထုပစ္စည်းများ ဆက်ကပ်လှူဒါန်းကြသည်။

ဦးစွာ နေပြည်တော်ကောင်စီဥက္ကဋ္ဌနှင့်အဖွဲ့သည် နေပြည်တော်ပုဗ္ဗသီရိမြို့နယ်ရှိ သီရိမင်္ဂလာ ဥသျှစ်ကုန်းကျောင်းတိုက် ပဓာနနာယကဆရာတော် ဘဒ္ဒန္တဣန္ဒာစရိယနှင့် ကျည်တောင်ကန် () ရပ်ကွက်အတွင်းရှိ မှန်ကျောင်းတိုက်ဘုန်းတော်ကြီးကျောင်း ပဓာနနာယကဆရာတော် ဘဒ္ဒန္တ ပရမတို့ကို သွားရောက်ဖူးမြော်ကြည်ညိုပြီး ကိုးပါးသီလခံယူဆောက်တည်ကာ ဆွမ်းဆန်တော်၊ ဆီ၊ လှူဖွယ်ဝတ္ထုပစ္စည်းများနှင့် နဝကမ္မအလှူတော်ငွေများ ဆက်ကပ်လှူဒါန်းသည်။

ထို့နောက် သီရိမင်္ဂလာဥသျှစ်ကုန်းကျောင်းတိုက် ပဓာနနာယက ဆရာတော်ထံမှ ပရိသတ်များက အနုမောဒနာတရား နာယူကြည်ညို၍ လှူဒါန်းမှုအစုစုတို့အတွက် ရေစက်သွန်းချအမျှပေးဝေခဲ့ ကြသည်။

မွန်းလွဲပိုင်းတွင် နေပြည်တော်ကောင်စီဥက္ကဋ္ဌသည် ပုဗ္ဗသီရိမြို့နယ် အေးမြင့်သာယာကျေးရွာအတွင်း ရေစီးရေလာကောင်းမွန်စေရေး ဆောင်ရွက်ရမည့်လုပ်ငန်းများ၊ ပေါက်တောကျေးရွာ အခြေခံပညာ မူလတန်းကျောင်းတွင် ၂၀၂၄ - ၂၀၂၅ ဘဏ္ဍာနှစ်၊ ပြည်ထောင်စုငွေလုံးငွေရင်းရန်ပုံငွေဖြင့် ကျောင်းဆောင်သစ်တည်ဆောက်နေမှုအခြေအနေများ၊ ပေါက်တောကျေးရွာနှင့် ဝက်ကုန်းကျေးရွာကြား ရေစီးရေလာကောင်းမွန်စေရေးတို့ကို ကြည့်ရှုစစ်ဆေးပြီး လိုအပ်သည်များကို မှာကြားခဲ့ကြောင်း သိရသည်။

သတင်းစဉ်

No comments:

Post a Comment