Saturday, October 12, 2024

နေပြည်တော်ကောင်စီဥက္ကဋ္ဌ ဦးသန်းထွန်းဦး နေပြည်တော်အတွင်း ရေစီးရေလာကောင်းမွန်ရေးနှင့် ပြန်လည်ထူထောင်ရေးလုပ်ငန်းများ ကွင်းဆင်းကြည့်ရှုစစ်ဆေး

 

နေပြည်တော် အောက်တိုဘာ ၁၂

နေပြည်တော်ကောင်စီဥက္ကဋ္ဌ ဦးသန်းထွန်းဦးသည် နေပြည်တော်ကောင်စီဝင်များ၊ ဌာနဆိုင်ရာတာဝန်ရှိသူများလိုက်ပါလျက် ယမန်နေ့နံနက်ပိုင်းတွင် ဇေယျာသီရိမြို့နယ်၊ သစ်တပ်ကျေးရွာအနီး ပင်လောင်းလမ်းဆုံ၊ ရန်ကုန်-မန္တလေးပြည်ထောင်စုလမ်းမကြီး လမ်းဘေးဝဲ/ယာရှိ ရေမြောင်းများ ရေစီးရေလာကောင်းမွန်စေရေး ကြည့်ရှုစစ်ဆေးပြီး ရေမြောင်းများအား ရေစီးရေလာကောင်းမွန်စေရေးအတွက် အမှိုက်များရှင်းလင်းဆောင်ရွက်ရန်၊  ရေစီးဆင်းမှု တစ်ဆက်တစ်စပ်တည်းဖြစ်စေရေးအတွက် မြောင်းများ ဆက်လက်တူးဖော်ဆောင်ရွက်နိုင်ရေးတို့ကို အမြန်ဆောင်ရွက်စေလိုကြောင်း တာဝန်ရှိသူများအား မှာကြားခဲ့သည်။


ဆက်လက်၍ နေပြည်တော်ကောင်စီဥက္ကဋ္ဌ ဦးသန်းထွန်းဦးနှင့် အဖွဲ့သည် ပျဉ်းမနားမြို့နယ်၊ သစ်ဆိမ့်ပင်ကျေးရွာအနီး ရေကြီးရေလျှံမှုကြောင့်ပျက်စီးခဲ့သည် ပေါင်းလောင်းလက်ယာ မြောင်းမကြီး RD-3200 ရေမြောင်းတာဘောင်အား နေပြည်တော်ဆည်မြောင်းနှင့် ရေအသုံးချမှုစီမံခန့်ခွဲရေးဦးစီးဌာနမှ စက်ယန္တရားများဖြင့် ပြုပြင်ဆောင်ရွက်နေမှု အခြေအနေများ၊ လယ်ရေထုတ်မြောင်းများ ပြုပြင်ဆောင်ရွက်နေမှုအခြေအနေများကို သွားရောက်ကြည့်ရှုစစ်ဆေးရာ တာဝန်ရှိသူများက လုပ်ငန်းဆောင်ရွက်မှုအခြေအနေများ၊ လယ်ယာများတွင် အတွင်းနုန်းများ ဝင်ရောက်မှုအခြေအနေများကို ရှင်းလင်းတင်ပြကြရာ နေပြည်တော်ကောင်စီဥက္ကဋ္ဌ ဦးသန်းထွန်းဦးက တောင်သူများအနေဖြင့် စိုက်ပျိုးရေးလုပ်ငန်းများကို အမြန်စိုက်ပျိုးနိုင်ရေး စီစဉ်ဆောင်ရွက်ကြရမှာဖြစ်ကြောင်း၊ ရေမြောင်းတာဘောင်များ ပြုပြင်ဆောင်ရွက်ခြင်းလုပ်ငန်းကို သတ်မှတ်စံချိန်စံညွန်းနှင့်အညီ အမြန်ဆုံးပြီးစီးအောင် ဆောင်ရွက်စေလိုကြောင်းနှင့် စိုက်ပျိုးရေများ အချိန်မီပေးဝေနိုင်ရေးတို့ကို တာဝန်ရှိသူများအား မှာကြားပြီး လိုအပ်သည်များ ပေါင်းစပ်ဆောင်ရွက်ပေးခဲ့သည်။

ထို့နောက် နေပြည်တော်ကောင်စီဥက္ကဋ္ဌ ဦးသန်းထွန်းဦးနှင့် အဖွဲ့သည် ပျဉ်းမနားမြို့နယ်၊ သစ်ဆိမ့်ပင်ကျေးရွာနှင့် ပေါစံခေါကျေးရွာကြားရှိ သကြားစက်ရိုးချောင်း ရေစီးဆင်းမှုအခြေအနေများကို ကြည့်ရှုစစ်ဆေးပြီး ရိုးတစ်လျှောက် ရေစီးဆင်းမှုကောင်းမွန်စေရေးကို အမြန်ဆောင်ရွက်ကြစေလိုကြောင်းနှင့် လိုအပ်သည်များကို တာဝန်ရှိသူများအား ပေါင်းစပ်ဆောင်ရွက်ပေးခဲ့သည်။

ယင်းနောက် နေပြည်တော်ကောင်စီဥက္ကဋ္ဌ ဦးသန်းထွန်းဦးနှင့် အဖွဲ့သည် ပျဉ်းမနားမြို့နယ်၊ ဆင်သေကျေးရွာ အခြေခံပညာအထက်တန်းကျောင်း(ခွဲ)သို့ ရောက်ရှိပြီး ကျောင်းအတွင်း ရေများဝင်ရောက်ခဲ့မှုကြောင့် ယာယီပိတ်ထားရာမှ ကျောင်းပြန်လည်ဖွင့်လှစ်ပြီး ကျောင်းသား/ ကျောင်းသူများပညာသင်ကြားနေမှုအခြေအနေများကို ကြည့်ရှုအားပေးပြီး ကျောင်းနှင့် ကျောင်းပတ်ဝန်းကျင် သန့်ရှင်းသာယာလှပရေး၊ ကျောင်းဥပဓိရုပ်ကောင်းမွန်စေရေး၊ ကျေးရွာအတွင်း အမှိုက်များ စနစ်တကျစွန့်ပစ်ရေး၊ ကျေးရွာအတွင်း သန့်ရှင်းသာယာလှပရေး၊ ရေထုတ်မြောင်း၊ ရေနုတ်မြောင်းများ ရေစီးရေလာကောင်းမွန်စေရေးတို့ကို ဝိုင်းဝန်းပူးပေါင်း ဆောင်ရွက်ကြစေလိုကြောင်း တာဝန်ရှိသူများအား မှာကြားပြီး လိုအပ်သည်များကို ပေါင်းစပ်ညှိနှိုင်း ဆောင်ရွက်ပေးခဲ့သည်။

ထို့နောက် နေပြည်တော်ကောင်စီဥက္ကဋ္ဌ ဦးသန်းထွန်းဦးနှင့် အဖွဲ့သည် ပျဉ်းမနားမြို့နယ်၊ ဆင်သေကျေးရွာအနီး မွန်းတည်ခွင် - ကျည်တောင် - ခေါမ -ညောင်ပင်သာတို့ ဆက်သွယ်ထားသော လမ်းပေါ်ရှိ တံတားအမှတ်(/၂၀)အောက် ရေစီးဆင်းမှုကောင်းမွန်စေရေး ကြည့်ရှုစစ်ဆေးပြီး ရေစီးရေလာကောင်းမွန်စေရေးကို အမြန်ဆောင်ရွက်ကြစေလိုကြောင်း၊ လမ်းပခုံးသားများ၊ လမ်းဘေးရေမြောင်းများကို သတ်မှတ်စံချိန်စံညွှန်းနှင့်အညီ ဆောင်ရွက်စေလိုကြောင်း မှာကြားပြီး    လိုအပ်သည်များကို တာဝန်ရှိသူများအား ပေါင်းစပ်ဆောင်ရွက်ပေးခဲ့သည်။

ဆက်လက်၍ နေပြည်တော်ကောင်စီဥက္ကဋ္ဌ ဦးသန်းထွန်းဦးသည် ဌာနဆိုင်ရာတာဝန်ရှိသူများလိုက်ပါလျက် ယမန်နေ့ညနေပိုင်းတွင် လယ်ဝေးမြို့နယ်၊ ပျံချီကျေးရွာသို့ သွားရောက်ပြီး ကျေးရွာအဝင်လမ်းနှင့် ရွာတွင်းလမ်းများအား ကျောက်ရောမြေ(ရိစာ) ခင်းခြင်းလုပ်ငန်းဆောင်ရွက်နေမှုအား ကြည့်ရှုစစ်ဆေးပြီး တာဝန်ရှိသူများမှ တင်ပြချက်များအပေါ် လိုအပ်သည်များမှာကြားပြီး ပေါင်းစပ်ညှိနှိုင်း ဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။

ထွန်းထွန်းဝင်း(ပြန်/ဆက်)

No comments:

Post a Comment