Tuesday, October 15, 2024

ပြည်ထောင်စုဝန်ကြီး ဒေါက်တာညွန့်ဖေ မြန်မာနိုင်ငံဆိုင်ရာ အိန္ဒိယသံအမတ်ကြီးအား လက်ခံ တွေ့ဆုံ


 

နေပြည်တော် အောက်တိုဘာ ၁၄

ပညာရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာညွန့်ဖေသည် မြန်မာနိုင်ငံဆိုင်ရာ အိန္ဒိယ သံအမတ်ကြီး H.E. Mr. Abhay Thakur အား ယနေ့ညနေ ၄ နာရီတွင် နေပြည်တော် ပညာရေးဝန်ကြီးဌာန ရုံးအမှတ် (၁၃) ရှိ အစည်းအဝေးခန်းမ၌ လက်ခံတွေ့ဆုံသည်။

တွေ့ဆုံစဉ် အိန္ဒိယနှင့်မြန်မာ နှစ်နိုင်ငံ ပညာရေး ပိုမိုပူးပေါင်းဆောင်ရွက်ရေး၊ အိန္ဒိယနိုင်ငံမှ မြန်မာ နိုင်ငံသို့ ပညာတော်သင်ဆုများ ပိုမိုပေးအပ်ရေး၊ Naypyitaw State Academy သို့ အိန္ဒိယက ခေတ်မီ ဓာတ်ခွဲခန်းသုံးကိရိယာများ လှူဒါန်းထောက်ပံ့ရေး၊ ၂၀၀၉ ခုနှစ်က အိန္ဒိယအစိုးရအကူအညီဖြင့် ရန်ကုန်စီးပွားရေးတက္ကသိုလ်တွင် ဖွင့်လှစ်ခဲ့သော မြန်မာ - အိန္ဒိယစီးပွားရေးစွမ်း ဆောင်မှုပညာဖွံ့ဖြိုးမှုသင်တန်းဌာန (MIEDC)နှင့် ရန်ကုန်တက္ကသိုလ်တွင် ဖွင့်လှစ်ခဲ့သော မြန်မာ-အိန္ဒိယ အင်္ဂလိပ်ဘာသာစကားလေ့ကျင့်ရေးစင်တာ (MICELT) တို့ကို ပြန်လည်အကောင် အထည်ဖော်ရေးကိစ္စရပ်များကို ရင်းနှီးပွင့်လင်းစွာဆွေးနွေးကြသည်။

တွေ့ဆုံပွဲသို့ ဒုတိယဝန်ကြီး ဒေါက်တာဇော်မြင့်နှင့် တာဝန်ရှိသူများ တက်ရောက်ခဲ့ကြောင်း သိရ သည်။

သတင်းစဉ်

No comments:

Post a Comment