Tuesday, October 15, 2024

(၆) ကြိမ်မြောက် ကမ္ဘာ့မီဒီယာထိပ်သီးညီလာခံသို့ မြန်မာကိုယ်စားလှယ်အဖွဲ့တက်ရောက်



အုရူမုချီ အောက်တိုဘာ ၁၄

(၆) ကြိမ်မြောက် ကမ္ဘာ့မီဒီယာထိပ်သီးညီလာခံ (The 6th World Media Summit - WMS) ကို ယနေ့နံနက်ပိုင်းက တရုတ်နိုင်ငံ ရှင်းကျန်းဝီဂါ ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ အုရူမုချီမြို့ Xinjiang Inter-national Convention & Exhibition Center ၌ ကျင်းပရာ ပြန်ကြားရေးဝန်ကြီးဌာနမှ မြန်မာ ကိုယ်စားလှယ်အဖွဲ့ ပါဝင်တက်ရောက်သည်။ ကမ္ဘာ့ မီဒီယာထိပ်သီးညီလာခံကို ၂၀၀၉ ခုနှစ်မှ စတင် ကာ Xinhua News Agency ၊ Associated Press ၊ Reuters၊ TASS  Kyodo News တို့က ဦးဆောင်၍ နိုင်ငံတကာမှ ထင်ပေါ်ကျော်ကြားသော မီဒီယာအဖွဲ့အစည်းများနှင့် ပူးပေါင်းကာ အဆင့်မြင့်ကမ္ဘာ့မီဒီယာ ပူးပေါင်းဆောင်ရွက်နိုင်ရန် စင်မြင့်တစ်ခုအနေဖြင့် နှစ်စဉ်ကျင်းပခြင်းဖြစ်သည်။

အစည်းအဝေးသို့ နိုင်ငံပေါင်း ၁၀၆ နိုင်ငံမှ မီဒီယာအဖွဲ့များ၊ အစိုးရဌာနများနှင့် အခြားအဖွဲ့ အစည်းများမှ ကိုယ်စားလှယ် ၅၀၀ ကျော်၊ ကုလသမဂ္ဂအေဂျင်စီများနှင့် နိုင်ငံတကာအဖွဲ့အစည်းများ ပါဝင်တက်ရောက်ကြသည်။

ယခုနှစ် ညီလာခံဆောင်ပုဒ်ကို “ AI နည်းပညာနှင့် ပြောင်းလဲလာသည့် မီဒီယာဖွံ့ဖြိုးတိုးတက်မှု” (Artificial Intelligence and Media Transfor- mation) ခေါင်းစဉ်ဖြင့် သတ်မှတ်ကျင်းပသည်။

ဆွေးနွေးပွဲတွင် တိုးတက်ပြောင်းလဲမှုဖြစ်စဉ် - ဉာဏ်ရည်တုအသုံးပြု၍ သတင်းထုတ်ပြန်ခြင်း (Development and Change : the Use of AI in Media Development) ၊ နည်းဥပဒေနှင့် တာဝန်များ- ဉာဏ်ရည်တုခေတ်တွင်ထားရှိရမည့် သတင်းသမားကျင့်ဝတ် (Rules and Responsibilities : Journa- listic Ethics in the AI Age) ၊ အဖြစ်မှန်နှင့် အမှန်တရား - ဒစ်ဂျစ်တယ်ခေတ်တွင် မီဒီယာ၏ ဘုံတာဝန် Fact and Truth : the Common Mission of Media in the Digital Age) ဆိုင်ရာများကို ဆွေးနွေးကြသည်။

ဆွေးနွေးပွဲ ဒုတိယပိုင်းတွင် ပူးပေါင်းဆောင်ရွက်မှုနှင့် သဘောတူညီမှု - ပိုးလမ်းမကြီးတစ်လျှောက် ပြည်သူမှ ပြည်သူသို့ သတင်းဖလှယ်ရေး- Coopera-tion and Consensus : People – to – People Exchangs along the Belt & Road ၊ နှစ်ဦးနှစ်ဖက် အကျိုးများစေမည့် အခွင့်အလမ်းများ၊ နိုင်ငံ အချင်းချင်း၊ အစိုးရအချင်းချင်း ပွင့်လင်းမြင်သာမှု အရည်အသွေး ဖွံ့ဖြိုးတိုးတက်ရေး Opportunities and Win – Win : High Level Opeing – up and High – quality Development in Xianjiang တို့ကို ဆွေးနွေးခဲ့ကြသည်။

ဤထိပ်သီးအစည်းအဝေးသည် ကမ္ဘာလုံးဆိုင်ရာ မီဒီယာများကြား အပြန်အလှန်ဖလှယ်မှုနှင့် ပူးပေါင်း ဆောင်ရွက်မှုကို ပိုမိုနက်ရှိုင်းစေမည်ဖြစ်ပြီး ၎င်းတို့ အတွက် AI ဖွံ့ဖြိုးတိုးတက်မှုဆိုင်ရာ အောင်မြင်မှု များကို နိုင်ငံများအကြား မျှဝေရာတွင် အထောက် အကူဖြစ်စေမည်ဖြစ်ကြောင်း၊ လူသားမျိုးနွယ် အတွက် အနာဂတ်ကိုမျှဝေပေးခြင်းနှင့်အတူ အသိုက် အဝန်းတစ်ခု တည်ဆောက်ရေးကို တိုးတက်လာစေရန်နှင့် ကမ္ဘာကြီးကို ပိုမိုကောင်းမွန်သောနေရာတစ်ခုဖြစ်စေရန်အတွက်၊ အထောက်အကူဖြစ်စေရန်အတွက် မီဒီယာများ၏ စုပေါင်းအင်အားကို အသုံးပြုရမည်ဖြစ်ကြောင်း၊ World Media Summit သည် ကမ္ဘာလုံးဆိုင်ရာ မီဒီယာကဏ္ဍတွင် အဆင့်မြင့်ဖလှယ်မှုများနှင့် ပူးပေါင်းဆောင်ရွက်မှုအတွက် အရေးကြီးသော platform တစ်ခုဖြစ်ကြောင်း ဆွေးနွေးခဲ့ ကြသည်။                                

သတင်းစဉ်

No comments:

Post a Comment