Friday, October 18, 2024

နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဒုတိယဥက္ကဋ္ဌ ဒုတိယဝန်ကြီးချုပ် ဒုတိယဗိုလ်ချုပ်မှူးကြီးစိုးဝင်းနှင့် ဇနီးဒေါ်သန်းသန်းနွယ် (၂၅) ကြိမ်မြောက် ငွေရတုအထိမ်းအမှတ် မြန်မာ့ရိုးရာယဉ်ကျေးမှု အဆို ၊ အက ၊ အရေး ၊ အတီး ပြိုင်ပွဲ၏ ဗုဒ္ဓဝင်ဆယ်ဘွဲ့လာ မဟာဇနကဇာတ်တော်ကြီးပြိုင်ပွဲသို့ တက်ရောက်ကြည့်ရှုအားပေး

နေပြည်တော် အောက်တိုဘာ ၁၈

နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဒုတိယဥက္ကဋ္ဌ ဒုတိယဝန်ကြီးချုပ် ဒုတိယဗိုလ်ချုပ်မှူးကြီး စိုးဝင်းနှင့်ဇနီး ဒေါ်သန်းသန်းနွယ်တို့သည် ယနေ့ညပိုင်းတွင် နေပြည်တော်စည်ပင်သာယာရေးကော်မတီရှိ လဟာပြင်ဇာတ်ရုံ၌ကျင်းပလျက်ရှိသည့် ၂၀၂၄ ခုနှစ်၊ (၂၅) ကြိမ်မြောက် ငွေရတုအထိမ်းအမှတ် မြန်မာ့ရိုးရာယဉ်ကျေးမှု အဆို ၊ အက ၊ အရေး ၊ အတီးပြိုင်ပွဲ၏ ဗုဒ္ဓဝင်ဆယ်ဘွဲ့လာမဟာဇနကဇာတ်တော်ကြီးပြိုင်ပွဲသို့ တက်ရောက် ကြည့်ရှုအားပေးသည်။

 

အဆိုပါပြိုင်ပွဲသို့ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဒုတိယဥက္ကဋ္ဌ ဒုတိယဝန်ကြီးချုပ်နှင့် ဇနီးတို့နှင့်အတူ ပြည်ထောင်စုဝန်ကြီးများနှင့်ဇနီးများ၊ နေပြည်တော်ကောင်စီဥက္ကဋ္ဌ၊ ဒုတိယဝန်ကြီးများ၊ အကဲဖြတ်ဒိုင်အဖွဲ့ဝင်များ၊ ကြီးကြပ်အုပ်ချုပ်သူများ၊ နည်းပြများ၊ တိုင်းဒေသကြီးနှင့်ပြည်နယ်များမှ ပြိုင်ပွဲဝင်တိုင်းရင်းသားညီအကိုမောင်နှမများ၊ ဝန်ထမ်းများ၊ ဝန်ထမ်းမိသားစုများနှင့် သဘင်ကိုချစ်မြတ်နိုးကြသည့် မိဘပြည်သူများတက်ရောက် ကြည့်ရှုအားပေးကြသည်။

ဦးစွာ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဒုတိယဥက္ကဋ္ဌ ဒုတိယဝန်ကြီးချုပ်နှင့်ဇနီးနှင့်အဖွဲ့ဝင်တို့သည် ရန်ကုန်တိုင်းဒေသကြီးကိုယ်စားပြုရွှေရန်ကုန်တိုင်း ဇာတ်အလှသဘင်ဇာတ်တော်ကြီးအဖွဲ့က မူရင်းမဟာဇနကဇာတ်တော်ကြီး တီးလုံးတီးချက် အကအလှများနှင့်အတူ မြန်မာ့ဇာတ်သဘင် ဇာတ်စာ ၊ ဇာတ်စကား ၊ ဆို ၊ ငို ၊ ပြော ပညာရပ်များနှင့်ပေါင်းစပ်၍ ယှဉ်ပြိုင်ကပြဖျော်ဖြေမှုကို ကြည့်ရှုအားပေးကြသည်။

ယှဉ်ပြိုင်မှုအပြီးတွင် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဒုတိယဥက္ကဋ္ဌ ဒုတိယဝန်ကြီးချုပ်နှင့် ဇနီးတို့သည် အကဲဖြတ်ဆောင်ရွက်ပေးနေသည့် အကဲဖြတ်ပညာရှင်များနှင့် ပြိုင်ပွဲဝင်များအား ရင်းရင်းနှီးနှီးနှုတ်ဆက်ကြသည်။

၂၀၂၄ ခုနှစ်၊ (၂၅) ကြိမ်မြောက် ငွေရတုအထိမ်းအမှတ် မြန်မာ့ရိုးရာယဉ်ကျေးမှု အဆို ၊ အက ၊ အရေး ၊ အတီးပြိုင်ပွဲ၏မဟာဇနကဇာတ်တော်ကြီးပြိုင်ပွဲကို အောက်တိုဘာ ၁၄ ရက်က ဧရာဝတီတိုင်းဒေသကြီးကိုယ်စားပြု မဟာဧရာဇာတ်တော်ကြီးအဖွဲ့ကလည်းကောင်း၊ အောက်တိုဘာ ၁၅ ရက်တွင် မကွေးတိုင်းဒေသကြီးကိုယ်စားပြုဖန်ခါးမြေဇာတ်တော်ကြီးအဖွဲ့ကလည်းကောင်း၊ အောက်တိုဘာ ၁၆ ရက်တွင် မွန်ပြည်နယ်ကိုယ်စားပြုမင်းနိုင်စိုး" ဇာတ်တော်ကြီးအဖွဲ့ကလည်းကောင်း၊ အောက်တိုဘာ ၁၇ ရက်တွင် မန္တလေးတိုင်းဒေသကြီးကိုယ်စားပြုမန်းမြို့ဂုဏ်ရည်ဇာတ်တော်ကြီး အဖွဲ့ကလည်းကောင်း ယနေ့တွင် ရန်ကုန်တိုင်းဒေသကြီးကိုယ်စားပြုရွှေရန်ကုန်တိုင်း ဇာတ်အလှသဘင်" ဇာတ်တော်ကြီးအဖွဲ့တို့ ပါဝင်ယှဉ်ပြိုင်ခဲ့ကြပြီး အောက်တိုဘာ ၁၉ ရက်နှင့် ၂၀ ရက်တို့တွင် ပဲခူးတိုင်းဒေသကြီးနှင့် စစ်ကိုင်းတိုင်းဒေသကြီးတို့မှ သက်ဆိုင်ရာကိုယ်စားပြု ဇာတ်တော်ကြီးအဖွဲ့များက ဆက်လက်ပါဝင်ယှဉ်ပြိုင်သွားကြမည်ဖြစ်ကြောင်း သတင်းရရှိသည်။

No comments:

Post a Comment