တောင်ကြီး အောက်တိုဘာ ၁၄
ရာဂီမုန်တိုင်းအရှိန်ကြောင့် ရှမ်းပြည်နယ်အတွင်းဖြစ်ပွားခဲ့သည့် ရေကြီးရေလျှံမှု၊ တောင်ပြို မြေပြိုမှုများကြောင့် ထိခိုက်ပျက်စီးခဲ့မှုများနှင့်စပ်လျဉ်း၍ ပြည်နယ်သဘာဝဘေးအန္တရာယ်ဆိုင်ရာ လုပ်ငန်းကော်မတီများ၏ လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို ယမန်နေ့မွန်းလွဲ ၁ နာရီက ရှမ်းပြည်နယ် အစိုးရအဖွဲ့ရုံး အစည်းအဝေးခန်းမ(၂)၌ ကျင်းပခဲ့သည်။
ထိုသို့ကျင်းပရာ၌
ရှမ်းပြည်နယ်သဘာဝဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုအဖွဲ့အတွင်းရေးမှူး
ဦးကျော်ကျော်ထွန်းက အဖွင့်အမှာစကားပြောကြားရာတွင် ရာဂီမုန်တိုင်းအရှိန်ကြောင့် စံချိန်တင် မိုးရွာသွန်းမှုဖြစ်ပေါ်ခဲ့ပြီး နေပြည်တော်ကောင်စီနှင့် ရှမ်းပြည်နယ်အပါအဝင် တိုင်းဒေသကြီး၊
ပြည်နယ်(၆)ခုတွင် ရေကြီးရေလျှံမှုနှင့် ထိခိုက်ပျက်စီးဆုံးရှုံးမှုများ တွေ့ကြုံခဲ့ရပါကြောင်း၊
ရှမ်းပြည်နယ်တွင် ရေကြီးရေလျှံမှုများ၏အကျိုးဆက်ကို မြို့နယ်(၂၇)မြို့နယ်တွင် တွေ့ကြုံ
ခံစားခဲ့ရပြီး လူနေအိမ်များ၊ ဌာနဆိုင်ရာအဆောက်အဦများ၊ လမ်းတံတားများထိခိုက်ပျက်စီးမှု၊
လျှပ်စစ်ဓါတ်အားပေးရေးနှင့် ဆက်သွယ်ရေးဆိုင်ရာကဏ္ဍများ ထိခိုက်ပျက်စီးမှု၊ တိရစ္ဆာန်များ
ထိခိုက်သေဆုံးမှုနှင့် စိုက်ပျိုးဧကများရေနစ်မြုပ်ပျက်စီးမှုများ ကြုံတွေ့ခဲ့ရသဖြင့်
ပျက်စီးဆုံးရှုံးမှု စာရင်းများပြုစုရာတွင် စရင်းဇယားမှန်ကန်ရေး၊
ပျက်စီးဆုံးရှုံးမှုစာရင်းများကျန်ရှိမှုမရှိစေရေး၊ အချိန်မီပြီးစီးရေး
ဌာနဆိုင်ရာများအားလုံး ပူးပေါင်းဆောင်ရွက်ကြရန် ပြောကြားသည်။
ထို့နောက်
လုပ်ငန်းကော်မတီများအလိုက် လုပ်ငန်းဆောင်ရွက်နေမှုအခြေအနေများ၊
ပျက်စီးဆုံးရှုံးမှု စာရင်းဇယားပြုစုဆောင်ရွက်နေမှုအခြေအနေများနှင့် စပ်လျဉ်း၍ ရှင်းလင်းတင်ပြကြရာ ပြည်နယ် သဘာဝဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုအဖွဲ့
အတွင်းရေးမှူးက ဌာနဆိုင်ရာများအလိုက် ပျက်စီးဆုံးရှုံးမှုများနှင့်စပ်လျဉ်း၍
စာရင်းဇယားမှန်ကန်ရေး၊ ပျက်စီးဆုံးရှုံးမှု စာရင်းများ ကျန်ရှိမှုမရှိစေရေးစိစစ်၍
အချိန်မီပေးပို့ဆောင်ရွက်ကြရန်၊ ဌာနဆိုင်ရာများမှပေးပို့လာ သည့်စာရင်းဇယား များကို
စိစစ်၍ ပြည်နယ်ချုပ်စာရင်းမှန်ကန်စွာပြုစုနိုင်ရေးအလေးထား ဆောင်ရွက်ကြရန်နှင့်
လိုအပ်သည်များကို ပေါင်းစပ်ညှိနှိုင်းဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။
ပြည်နယ်(ပြန်/ဆက်)
.jpg)
.jpg)
No comments:
Post a Comment