Tuesday, October 15, 2024

မြန်မာ - အိန္ဒိယ နှစ်နိုင်ငံ ပူးပေါင်းဆောင်ရွက်လျက်ရှိသော လမ်းပန်းဆက်သွယ်ရေးကဏ္ဍ ဖွံ့ဖြိုးတိုးတက်ရေးဆွေးနွေး



နေပြည်တော် အောက်တိုဘာ ၁၄

ဆောက်လုပ်ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးမျိုးသန့် သည် မြန်မာနိုင်ငံဆိုင်ရာ အိန္ဒိယ သံအမတ်ကြီး မစ္စတာအဘ်ဟေး တာကူးရ် (H.E. Mr. Abhay Thakur) ကို ယနေ့မွန်းလွဲ ၁ နာရီတွင် နေပြည်တော် ဆောက်လုပ်ရေးဝန်ကြီးဌာန ဧည့်ခန်းမ၌ လက်ခံတွေ့ဆုံသည်။

အမြင်ချင်းဖလှယ်ဆွေးနွေး

တွေ့ဆုံစဉ် မြန်မာ - အိန္ဒိယ နှစ်နိုင်ငံ ပူးပေါင်းဆောင်ရွက်လျက်ရှိသော လမ်းပန်းဆက်သွယ် ရေးကဏ္ဍ ဖွံ့ဖြိုးတိုးတက်ရေး၊ နယ်စပ်ကုန်သွယ်မှု ဖွံ့ဖြိုးတိုးတက်စေရေးနှင့် ကုန်စည်စီးဆင်းမှု ပိုမိုမြန်ဆန်ချောမွေ့၍ ဒေသခံပြည်သူများ၏ လူမှုစီးပွားဘဝ ပိုမိုတိုးတက်စေရန် ခရီးသွား လုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်စေရေးတို့အတွက် အိန္ဒိယနိုင်ငံ၏ အကူအညီ အထောက်အပံ့ (Grant Aid) ဖြင့် ဆောင်ရွက်နေသော ယာကြီး - ကလေးဝလမ်းအပိုင်း အဆင့်မြှင့်တင်ခြင်း၊ တမူး - ကျီကုန်း - ကလေးဝလမ်းပေါ်ရှိ တံတား ၆၉ စင်း ပြုပြင်ထိန်းသိမ်းခြင်း၊ ပလက်ဝ - ဇိုရမ်ပူလမ်း အဆင့်မြှင့်တင်ဆောင်ရွက်ခြင်းလုပ်ငန်းများနှင့် စပ်လျဉ်း၍ ဆက်လက်ဆောင်ရွက်မည့် လုပ်ငန်းအစီအစဉ်များကို ရင်းနှီးပွင့်လင်းစွာ အမြင်ချင်းဖလှယ် ဆွေးနွေးကြသည်။

တက်ရောက်

တွေ့ဆုံပွဲသို့ ဝန်ကြီးဌာနမှ ဝန်ထမ်းအကြီးအမှူးများနှင့် မြန်မာနိုင်ငံဆိုင်ရာ အိန္ဒိယသံရုံးမှ တာဝန်ရှိသူများ တက်ရောက် ခဲ့ကြောင်း သိရသည်။

သတင်းစဉ်

No comments:

Post a Comment