လျှပ်စစ်စွမ်းအားဝန်ကြီးဌာန
ပြည်ထောင်စုဝန်ကြီးဖလား ဘော်လီဘော(အမျိုးသား)ပြိုင်ပွဲ ဗိုလ်လုပွဲနှင့် ၂၀၂၄ ခုနှစ်
ပြည်ထောင်စုဝန်ကြီးဖလား အားကစားပြိုင်ပွဲများ ဆုချီးမြှင့်ခြင်းအခမ်းအနားကျင်းပ
နေပြည်တော်
အောက်တိုဘာ ၄
၂၀၂၄ ခုနှစ် ပဉ္စမအကြိမ် အမျိုးသားအားကစားပွဲတော်တွင် လျှပ်စစ်စွမ်းအားဝန်ကြီးဌာနကိုယ်စားပြု အားကစားအသင်းများ အဆင့်အတန်းရှိရှိ ပါဝင်ယှဉ်ပြိုင်နိုင်ရန်နှင့် အောင်မြင်မှုများ ရရှိနိုင်ရေးအတွက် ပြည်ထောင်စုဝန်ကြီးဖလား အားကစားပြိုင်ပွဲများကို ၂၀၂၄ ခုနှစ် ဇူလိုင်လမှ အောက်တိုဘာလအထိ အားကစားနည်းများအလိုက် ကျင်းပခဲ့ပြီး ယနေ့တွင် ပြည်ထောင်စုဝန်ကြီးဖလား ဘော်လီဘော(အမျိုးသား)ပြိုင်ပွဲ ဗိုလ်လုပွဲနှင့် ၂၀၂၄ ခုနှစ် ပြည်ထောင်စုဝန်ကြီးဖလား အားကစားပြိုင်ပွဲများ ဆုချီးမြှင့်ခြင်းအခမ်းအနားကို နေပြည်တော်ရှိ ဝဏ္ဏသိဒ္ဓိအားကစားကွင်း (A) ရုံ၌ ကျင်းပသည်။
အခမ်းအနားသို့
လျှပ်စစ်စွမ်းအားဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးဉာဏ်ထွန်း၊ ဒုတိယဝန်ကြီး
ဦးအေးကျော်၊ ရန်ကုန် လျှပ်စစ်ဓာတ်အားပေးရေးကော်ပိုရေးရှင်းဥက္ကဋ္ဌ၊
မန္တလေးလျှပ်စစ်ဓာတ်အားပေးရေးကော်ပိုရေးရှင်း ခေတ္တဥက္ကဋ္ဌ၊ ဌာနအကြီးအကဲများ၊ အရာထမ်း/
အမှုထမ်းများ၊ ပြိုင်ပွဲအသီးသီးတွင် ဆုရရှိခဲ့ကြသည့် အားကစားသမားများ၊ အုပ်ချုပ်သူနည်းပြများ၊
ဝန်ထမ်းမိသားစုများနှင့် အားကစားဝါသနာရှင်များ တက်ရောက်ကြည့်ရှုအားပေးကြသည်။
ဘော်လီဘော(အမျိုးသား)ပြိုင်ပွဲ
ဗိုလ်လုပွဲစဉ်အဖြစ် ရေအားလျှပ်စစ်အကောင်အထည်ဖော်ရေးဦးစီးဌာန ကိုယ်စားပြုအသင်းနှင့်
ရန်ကုန်လျှပ်စစ်ဓာတ်အားပေးရေးကော်ပိုရေးရှင်း ကိုယ်စားပြုအသင်းတို့ အကြိတ်အနယ်
ယှဉ်ပြိုင်ကစားခဲ့ကြပြီး ရေအားလျှပ်စစ်အကောင်အထည်ဖော်ရေးဦးစီးဌာန ကိုယ်စားပြုအသင်းက
သုံးပွဲပြတ်ဖြင့် အနိုင်ရရှိကာ ပထမဆုကို ရရှိခဲ့သည်။
ထို့နောက်
ဆုချီးမြှင့်ခြင်းအခမ်းအနားကိုကျင်းပရာ ပြည်ထောင်စုဝန်ကြီးက အဖွင့်အမှာစကားပြောကြားပြီး
ဘောလုံးပြိုင်ပွဲ၊ ပိုက်ကျော်ခြင်းပြိုင်ပွဲ၊ ဖူဆယ်(အမျိုးသား)ပြိုင်ပွဲ၊ ပြေးခုန်ပစ်ပြိုင်ပွဲနှင့်
ဘော်လီဘော (အမျိုးသား) ပြိုင်ပွဲများတွင် ဆုရရှိခဲ့ကြသည့် အားကစားသမားများ၊
အားကစားအသင်းများကို တစ်ဦးချင်းဆုတံဆိပ်၊ ဂုဏ်ပြုဆုတံဆိပ်၊ တံခွန်စိုက်ဆုဖလားနှင့်
ဂုဏ်ပြုဆုငွေများ ပေးအပ်ချီးမြှင့်ခဲ့ကြောင်း သတင်းရရှိသည်။
သတင်းစဉ်

No comments:
Post a Comment