နေပြည်တော် အောက်တိုဘာ ၁၀
မူးယစ်ဆေးဝါးတားဆီးနှိမ်နင်းရေးရဲတပ်ဖွဲ့မှ တပ်ဖွဲ့ဝင်များ ပါဝင်သော ပူးပေါင်းအဖွဲ့သည် အောက်တိုဘာ ၇ ရက် နံနက် ၉ နာရီခွဲတွင် တနင်္သာရီမြို့ ချောင်းငယ်ရပ်ကွက် ဗိုလ်ချုပ်ကြေးရုပ်လမ်းဆုံတွင် ဝေယံထက်(ခ) နောင်ပြဲ မောင်းနှင်လာသော ဆိုင်ကယ်ကို ရပ်တန့် စစ်ဆေးရှာဖွေရာ စိတ်ကြွရူးသွပ်ဆေးပြား ၁၇၅၀၀ ကိုလည်းကောင်း၊ ထို့ပြင် အောက်တိုဘာ ၈ ရက် မွန်းလွဲ ၁၂ နာရီခွဲတွင် ပုသိမ်ကြီးမြို့နယ် တံတိုင်းရှည်ကျေးရွာအုပ်စု မြောက်တံတိုင်းရှည်ကျေးရွာနေ သူရမင်း (ခ) မင်းမင်း၏နေအိမ်ကို သတင်းအရရှာဖွေရာ စိတ်ကြွရူးသွပ်ဆေးပြား ၉၅၉၅၀ ကို လည်းကောင်း၊ အလားတူ ညနေ ၅ နာရီတွင် ဒေါပုံမြို့နယ် ဗိုလ်ထွန်းဇံရပ်ကွက် မေတ္တာလမ်းနေ မကြူကြူလှိုင် (ခ) ဖားကြီး၏ နေအိမ်ကို သတင်းအရရှာဖွေရာ စိတ်ကြွရူးသွပ်ဆေးပြား ၃၃၀၀၊ အိုက်စ် သုည ဒသမ ၀၂ ကီလိုကိုလည်းကောင်း။
ထို့အတူ ပူးပေါင်းအဖွဲ့သည်
ညနေ ၅ နာရီခွဲတွင် တာချီလိတ်မြို့နယ် မိုင်းဖုန်း(က) ကျေးရွာအုပ်စု ဝမ်ပုံကျေးရွာအနီးတွင်
အိုက်အော့ (ခ) စိုင်းအွတ် မောင်းနှင်လာသည့်ဆိုင်ကယ်ကို ရပ်တန့်စစ်ဆေးရှာဖွေရာ စိတ်ကြွရူးသွပ်ဆေးပြား
၁၀၀၀၀ ကို သိမ်းဆည်းရမိခဲ့ပြီး ကွင်းဆက် အရ ညနေ ၅ နာရီခွဲတွင် တာချီလိတ်မြို့နယ် မိုင်းဖုန်း
(က) ကျေးရွာအုပ်စု ဝမ်ပုံကျေးရွာအနီးတွင် ကျဒိန်အား စိတ်ကြွရူးသွပ်ဆေးပြား ၁၀၀၀ နှင့်အတူ
ထပ်မံဖမ်းဆီးရမိခဲ့သဖြင့် ၎င်းတို့အား မူးယစ်ဆေးဝါး နှင့်စိတ်ကိုပြောင်းလဲစေသော ဆေးဝါးများဆိုင်ရာဥပဒေအရ
အရေးယူထားကြောင်း သိရသည်။
သတင်းစဉ်
No comments:
Post a Comment