မန္တလေးမြို့
ဂေါဝိန်ဆိပ်ကမ်း၌ ဆိုက်ကပ်ထားသော ရာဇသိင်္ခသင်္ဘော မီးလောင်မှုဖြစ်ပွား
မဟာအောင်မြေ
အောက်တိုဘာ ၁၄
မန္တလေးတိုင်းဒေသကြီး၊ မဟာအောင်မြေမြို့နယ်၊ စိန်ပန်းရပ်ကွက်၊ ၃၇×၃၈ လမ်းကြား ကမ်းနားလမ်းရှိ ဂေါဝိန်ဆိပ်ကမ်း၌ ဆိုက်ကပ်ထားသော ရာဇသိင်္ခသင်္ဘောသည် ယနေ့ နေ့လယ်ပိုင်းက မီးလောင်မှုဖြစ်ပွားကြောင်း မြို့နယ်မီးသတ်ဦးစီးဌာနမှ သိရှိရသည်။
ဖြစ်စဉ်မှာ မဟာအောင်မြေမြို့နယ်၊
စိန်ပန်းရပ်ကွက်၊ ၃၇× ၃၈ လမ်းကြား ကမ်းနားလမ်းရှိ ဂေါဝိန် ဆိပ်ကမ်း၌ ဆိုက်ကပ်ထားသော ရာဇသိင်္ခသင်္ဘော( ဗန်းမော်- မန္တလေး)တွင်
ယနေ့ နေ့လယ် ၁ နာရီ ၂၀ မိနစ်ခန့်က ဆီပီပါများထားရှိသည့် သင်္ဘောဝမ်းဗိုက်အား ဂဟေဆော်ရာမှ
မီးလောင်ကျွမ်းမှု ဖြစ်ပွားခဲ့ခြင်းဖြစ်ပြီး မီးလောင်မှုဖြစ်ပွားရာသို့ တိုင်းဒေသကြီးမီးသတ်ဦးစီးဌာန
ညွှန်ကြားရေးမှူး ဦးဇော်ဝင်းထွန်း ဦးဆောင်၍ သန္ဓေမီးသတ်တပ်ဖွဲ့ဝင် ၃၀ဦး ၊အရန်မီးသတ်တပ်ဖွဲ့ဝင်
၇၀ဦး စုစုပေါင်း ၁၀၀ဦး ၊ အုပ်ချုပ်မှုယာဉ် ၃ စီး ၊ မီးငြှိမ်းသတ်ယာဉ် ၁၀ စီး၊ရေသယ်ယာဉ်
၅ စီး စုစုပေါင်း ၁၈စီး၊ Foam ဆေးရည် ၂၀၀ ဂါလံခန့် ၊ ရေဂါလံ ၁၅၀၀၀ဂါလံခန့်ဖြင့် သွားရောက်၍ မီးငြှိမ်းသတ်ခဲ့ရာ ၃နာရီ၁၅ မိနစ်ခန့်တွင်
မီးငြှိမ်းသတ်နိုင်ခဲ့သည်။
အဆိုပါ မီးလောင်မှုကြောင့်
ဘိလပ်မြေအိတ် ၁၀၀လုံး ၊ ထုံးအိတ် ၁၀၀လုံး ၊ ဒီဇယ်ပီပါ ၁၀၀ လုံးခန့် မီးလောင်ပျက်ဆီးခဲ့ပြီး
မီးလောင်မှုနှင့်ပတ်သက်၍ ရေယာဉ်တာဝန်ခံအား မဟာအောင်မြေမြို့နယ်၊ အမှတ်(၇) နယ်မြေရဲစခန်းမှ
(ပ)၁၅၆/၂၀၂၄၊ပုဒ်မ၂၈၅ဖြင့် အမှုဖွင့်အရေးယူထားကြောင်း မြို့နယ်မီးသတ်ဦးစီးဌာနမှ သတင်းရရှိသည်။
မြို့နယ်ပြန်/ဆက်
No comments:
Post a Comment