Thursday, October 3, 2024

ဒုတိယဝန်ကြီး ပါမောက္ခဒေါက်တာအေးထွန်းနှင့် တာဝန်ရှိသူများ ရှမ်းပြည်နယ်အတွင်း ရေဘေးသင့်ဒေသများရှိ ပြည်သူ့ဆေးရုံများသို့ သွားရောက်ကြည့်ရှု

နေပြည်တော် အောက်တိုဘာ ၂

ကျန်းမာရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ပါမောက္ခဒေါက်တာအေးထွန်းသည် ရှမ်းပြည်နယ်ကုသရေးနှင့် ပြည်သူ့ကျန်းမာရေး ဦးစီးဌာနမှူးနှင့် တာဝန်ရှိသူများနှင့်အတူ ယနေ့နံနက် ၁၁ နာရီတွင် ခရိုင်ပြည်သူ့ဆေးရုံ၊ ကလောမြို့သို့ရောက်ရှိပြီး ဆေးရုံအတွင်း လှည့်လည်ကြည့်ရှုစစ်ဆေးကာ ရေဘေးသင့်လူနာများအပါအဝင် ဆေးရုံတက်ရောက် ကုသမှုခံယူနေသော လူနာများအား တွေ့ဆုံအားပေးစကားပြောကြားသည်။

ဆက်လက်၍ ဒုတိယဝန်ကြီးနှင့်အဖွဲ့သည် မွန်းလွဲပိုင်းတွင် ဟိုပုံးမြို့ ပြည်သူ့ဆေးရုံသို့ရောက်ရှိပြီး ဆေးရုံ၏ပြင်ပလူနာဌာန၊ ခွဲစိတ်ခန်း၊ ဓာတ်ခွဲခန်း၊ ဓာတ်မှန်ခန်းနှင့် ဆေးကုသဆောင်များသို့ လှည့်လည်ကြည့်ရှုစစ်ဆေးကာလိုအပ်သည်များ ဖြည့်ဆည်းဆောင်ရွက်ပေးပြီး ဆေးရုံတက်ရောက် ကုသမှုခံယူနေသောလူနာများအား ရင်းရင်းနှီးနှီး အားပေးစကားပြောကြားသည်။ ထို့နောက် ရေဘေးဒဏ်ခံစားရသော ဟိုပုံးမြို့နယ် စံဖူးကျေးရွာရှိ စံဖူးကျေးလက်ကျန်းမာရေးဌာနသို့ ကွင်းဆင်းကြည့်ရှုကာ ဝန်ထမ်းများအား တွေ့ဆုံအားပေးစကားပြောကြားသည်။

ယင်းနောက် ဒုတိယဝန်ကြီးနှင့်အဖွဲ့သည် ညနေပိုင်းတွင် တောင်ကြီးမြို့ သူနာပြုသင်တန်းကျောင်းသို့သွားရောက်ပြီး သင်တန်းကျောင်းရှိ အုပ်ချုပ်သူများ၊ နည်းပြများနှင့် သင်တန်းသားသင်တန်းသူများအား တွေ့ဆုံနှုတ်ဆက်ပြီး လိုအပ်သည်များ ဖြည့်ဆည်းဆောင်ရွက်ပေးကြောင်း သတင်းရရှိသည်။

သတင်းစဉ်

No comments:

Post a Comment