နေပြည်တော် အောက်တိုဘာ ၂၁
ပြန်ကြားရေးဝန်ကြီးဌာန မြန်မာ့အသံနှင့်ရုပ်မြင်သံကြားနှင့် ရုပ်သံကုမ္ပဏီများ လုပ်ငန်းပူးပေါင်း ဆောင်ရွက်မှုသက်တမ်းတိုးစာချုပ်များ လက်မှတ်ရေးထိုးခြင်းကို ယနေ့ မွန်းလွဲပိုင်းက နေပြည် တော် တပ်ကုန်းမြို့ရှိ မြန်မာ့အသံနှင့်ရုပ်မြင်သံကြား၌ ကျင်းပသည်။
ဦးစွာ မြန်မာ့အသံနှင့်ရုပ်မြင်သံကြား
ညွှန်ကြားရေးမှူးချုပ် ဦးရဲနိုင်က နှုတ်ခွန်းဆက်ပြောကြားပြီး တက်ရောက်လာကြသည့် ရုပ်သံကုမ္ပဏီများမှ
တာဝန်ရှိသူများက လုပ်ငန်းဆောင်ရွက်မှု အခြေအနေများကို ဆွေးနွေးပြောကြားကြသည်။
ထို့နောက် မြန်မာ့အသံနှင့်ရုပ်မြင်သံကြားနှင့်
Forever Group Co.,Ltd တို့ ရန်ကုန်မြို့ မရမ်း ကုန်းမြို့နယ် ရေကူးအသံလွှင့် စက်ရုံဝင်းအတွင်း
မြေနေရာ ငှားရမ်းပြီး စတူဒီယိုဆောက်လုပ်၍ လုပ်ငန်းဆောင်ရွက်ခြင်း၊ Build, Transfer
& Operate – BTO and Build, Operate & Dismantle– BOD စာချုပ်ကို ၂၀၁၄ ခုနှစ်တွင်
စတင်ဆောင်ရွက်ခဲ့ရာမှ ပထမအကြိမ် (၃) နှစ် သက်တမ်းတိုး စာချုပ်ကိုလည်းကောင်း၊ MRTV Multi
Channel Playout System တွင် ရုပ်သံလိုင်းများ ထည့်သွင်းထုတ်လွှင့်ခြင်းလုပ်ငန်းနှင့်
မြန်မာ့ အသံနှင့်ရုပ်မြင်သံကြား၏ MRTV DVB-T2 စနစ်တွင် SD စနစ်ဖြင့် ထုတ်လွှင့်လျက်ရှိသည့်
5 Plus ရုပ်သံလိုင်းအား HD စနစ်ဖြင့် အဆင့်မြှင့်တင်ထုတ်လွှင့်ခြင်း လုပ်ငန်းများ ဆောင်ရွက်နိုင်ရန်အတွက်လည်းကောင်း
နောက်ဆက်တွဲသဘောတူညီချက်များအဖြစ် လက်မှတ်ရေးထိုး ကြသည်။
ဆက်လက်၍ မြန်မာ့အသံ
နှင့် ရုပ်မြင်သံကြားနှင့် Forever Group Co.,Ltd (ပဉ္စဝတီ FM)၊ Golden Wave
Co.,Ltd (ရွှေ FM)၊ Padamyar FM Media Co.,Ltd (ပတ္တမြား FM)၊ Myanmar Album Media
Services Co.,Ltd (ချယ်ရီ FM) နှင့် Htoo Trading Co.,Ltd (FM ပုဂံ) တို့ FM Radio
ထုတ်လွှင့် ခြင်းလုပ်ငန်းများကို ၂၀၁၀ ပြည့် နှစ်တွင် စတင်ဆောင်ရွက်ခဲ့ရာမှ ယခုအခါ
သက်တမ်းတိုးစာချုပ် များကို တတိယအကြိမ် နောက်ဆက်တွဲ သဘောတူညီ ချက်များအဖြစ် လက်မှတ်ရေးထိုးကြသည်။
ပြန်ကြားရေးဝန်ကြီးဌာနအနေဖြင့်
မီဒီယာဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းများ စီစဉ်ဆောင်ရွက် လျက်ရှိရာ ရုပ်သံလုပ်ငန်းများ
ဖွံ့ဖြိုးတိုးတက်စေရန်အတွက် ရုပ်သံရိုက်ကူးရေးဆိုင်ရာ စတူ ဒီယိုများ ဆောက်လုပ်ငှားရမ်းခြင်း၊
MRTV DTH စနစ်တွင် ပုဂ္ဂလိကရုပ်သံလိုင်းများ ထည့်သွင်းထုတ်လွှင့်ခြင်း၊ နိုင်ငံပိုင်
မြန်မာ့အသံရေဒီယိုနှင့် FM ထုတ်လွှင့်ခြင်းတို့အပြင် ပုဂ္ဂလိက FM ရေဒီယိုထုတ်လွှင့်ခြင်း
လုပ်ငန်းများ တိုးမြှင့်ထုတ်လွှင့်ခြင်းလုပ်ငန်းများကို မူဝါဒ၊ စည်းမျဉ်းစည်းကမ်း သတ်မှတ်ချက်များနှင့်အညီ
စီစဉ်ဆောင်ရွက်ပေးခြင်းဖြစ်ကြောင်း သိရသည်။
သတင်းစဉ်

No comments:
Post a Comment