နေပြည်တော် အောက်တိုဘာ ၂၁
တရားမဝင်ကုန်သွယ်မှုတိုက်ဖျက်ရေးဦးဆောင်ကော်မတီ၏ ကြီးကြပ်ကွပ်ကဲမှုဖြင့် တရားမဝင် ကုန်သွယ်မှုများကို ဥပဒေနှင့်အညီ ထိရောက်စွာ တားဆီးအရေးယူနိုင်ရေး ဆောင်ရွက်လျက်ရှိသည်။
အောက်တိုဘာ ၁၅
ရက်တွင် မကွေးတိုင်းဒေသကြီး တရားမဝင်ကုန်သွယ်မှုတိုက်ဖျက်ရေး အထူး အဖွဲ့၏စီမံခန့်ခွဲမှုဖြင့်
တာဝန်ကျပူးပေါင်းအဖွဲ့များက စစ်ဆေးမှုများဆောင်ရွက်ခဲ့ရာ မကွေးခရိုင်နှင့် သရက်ခရိုင်တို့အတွင်း၌
လိုင်စင်မဲ့မော်တော်ဆိုင်ကယ်သုံးစီး (ခန့်မှန်းတန်ဖိုးငွေကျပ် ၆၀၀၀၀၀) ကို လည်းကောင်း၊
သရက်ခရိုင် ဆင်ပေါင်ဝဲမြို့နယ် ဂွေးချိုကျေးရွာလမ်းဆုံ၌ မော်တော်ယာဉ် တစ်စီးပေါ် မှ
တရားမဝင်စက်သုံးဆီ ဒီဇယ်ဆီ ဂါလန် ၇၀ (ခန့်မှန်းတန်ဖိုးငွေကျပ် ၈၄၀၀၀၀)နှင့် အဆိုပါ
စက်သုံးဆီများတင်ဆောင်လာသည့် Harrier မော်တော်ယာဉ်တစ်စီး (ခန့်မှန်းတန်ဖိုးငွေကျပ် ၅၀၀၀၀၀၀၀)
တို့ကို ရေနံနှင့်ရေနံထွက်ပစ္စည်းဆိုင်ရာဥပဒေအရလည်းကောင်း စုစုပေါင်း ခန့်မှန်းတန်ဖိုးငွေကျပ်
၅၁၄၄၀၀၀၀ ကို ဖမ်းဆီးအရေးယူဆောင်ရွက်လျက် ရှိသည်။
ထို့အတူ နေပြည်တော်တရားမဝင်ကုန်သွယ်မှုတိုက်ဖျက်ရေးအထူးအဖွဲ့၏
စီမံခန့်ခွဲမှုဖြင့် တာဝန် ကျပူးပေါင်းအဖွဲ့က စစ်ဆေးမှုများ ဆောင်ရွက်ခဲ့ရာ ပျဉ်းမနားခရိုင်အတွင်း၌
တရားမဝင် အခြားသစ် ၂၂ ဒသမ ၅၇၄ တန် (ခန့်မှန်းတန်ဖိုးငွေကျပ် ၂၅၈၅၅၆၆) ကို ဖမ်းဆီးရမိခဲ့ပြီး
သစ်တောဥပဒေနှင့်အညီ အရေး ယူဆောင်ရွက်လျက်ရှိသည်။
ထို့ပြင် အောက်တိုဘာ
၁၇ ရက်တွင် ဧရာဝတီတိုင်းဒေသကြီး တရားမဝင်ကုန်သွယ်မှုတိုက်ဖျက် ရေးအထူးအဖွဲ့၏ စီမံခန့်ခွဲမှုဖြင့်
တာဝန်ကျပူးပေါင်းအဖွဲ့များက စစ်ဆေးမှုများဆောင်ရွက်ခဲ့ရာ ကျုံပျော် ခရိုင်နှင့် ပုသိမ်ခရိုင်အတွင်း၌
တရားမဝင်မီးသွေး ၆ ဒသမ ၅၃ တန်နှင့် အခြားသစ် ၃ ဒသမ ၈၇ တန် စုစုပေါင်း ခန့်မှန်းတန်ဖိုးငွေကျပ်
၃၉၆၄၄၅ ကို ဖမ်းဆီးရမိခဲ့ပြီး သစ်တောဥပဒေနှင့်အညီ အရေးယူ ဆောင်ရွက်လျက်ရှိသည်။
ထို့ပြင် အောက်တိုဘာ
၂၀ ရက်တွင် ရှမ်းပြည်နယ် တရားမဝင်ကုန်သွယ်မှုတိုက်ဖျက်ရေး အထူးအဖွဲ့ ၏ စီမံခန့်ခွဲမှုဖြင့်
တာဝန်ကျပူးပေါင်းအဖွဲ့က စစ်ဆေးမှုများဆောင်ရွက်ခဲ့ရာ ကျိုင်းတုံမြို့ မြို့ရှောင် လမ်း
ယာဉ်ရပ်နားဝင်းအနီး၌ မော်တော်ယာဉ်တစ်စီးပေါ်မှ တရားဝင်စာရွက်စာတမ်းအထောက် အထားတင်ပြနိုင်ခြင်းမရှိသည့်
လူသုံးကုန်ပစ္စည်းသုံးမျိုး (ခန့်မှန်းတန်ဖိုးငွေကျပ် ၂၈၈၀၀၀၀၀)နှင့် အဆိုပါပစ္စည်းများ
တင်ဆောင်လာသည့် Nissan Diesle Truck တစ်စီး (ခန့်မှန်းတန်ဖိုးငွေကျပ် ၈၀၀၀၀၀၀၀) စုစုပေါင်း
ခန့်မှန်းတန်ဖိုးငွေကျပ် ၁၀၈၈၀၀၀၀၀ ကို ဖမ်းဆီးရမိခဲ့ပြီး (အပေါ်ပုံ) အကောက်ခွန်လုပ်ထုံးလုပ်နည်းများနှင့်အညီ
အရေးယူဆောင်ရွက်လျက်ရှိသည်။
ထို့ပြင် အောက်တိုဘာ
၂၁ ရက်တွင် ရန်ကုန်တိုင်းဒေသကြီး တရားမဝင်ကုန်သွယ်မှုတိုက်ဖျက်ရေး အထူးအဖွဲ့၏ စီမံခန့်ခွဲမှုဖြင့်
တာဝန်ကျပူးပေါင်းအဖွဲ့က စစ်ဆေးမှုများဆောင်ရွက်ခဲ့ရာ လှည်းကူး မြို့နယ် ရန်ကုန်-မန္တလေးအမြန်လမ်းမကြီး
မိုင်တိုင် အမှတ် ၂/၅ အနီး၌ တရားမဝင်ကျွန်းသစ် ၀ ဒသမ ၇၃၂ တန် (ခန့်မှန်းတန်ဖိုးငွေကျပ်
၆၄၄၁၆၀)နှင့် အဆိုပါသစ်များ တင်ဆောင်လာသည့် Hyundai Starex တစ်စီး (ခန့်မှန်းတန်ဖိုးငွေကျပ်
၂၀၀၀၀၀၀၀) စုစုပေါင်း ခန့်မှန်းတန်ဖိုးငွေကျပ် ၂၀၆၄၄၁၆၀ ကို ဖမ်းဆီးရမိခဲ့ပြီး သစ်တောဥပဒေနှင့်အညီ
အရေးယူ ဆောင်ရွက်လျက်ရှိသည်။
၂၀၂၄ ခုနှစ် အောက်တိုဘာ
၁၅ ရက်၊ ၁၇ ရက်၊ ၂၀ ရက်နှင့် ၂၁ ရက်တို့တွင် ဖမ်းဆီးရမိမှုစုစုပေါင်းမှာ အမှုတွဲ ၁၁
မှု (ခန့်မှန်းတန်ဖိုးငွေကျပ် ၁၈၃၈၆၆၁၇၁)ကို ဖမ်းဆီးရမိခဲ့သည်။ တရားမဝင်ကုန်သွယ်မှုများကြောင့်
ကုန်စျေးနှုန်းကြီးမြင့်မှု၊ ငွေကြေးမတည်ငြိမ်မှု များနှင့် နိုင်ငံတော်အတွက် အခွန်ဆုံးရှုံးနစ်နာမှုများ
ဖြစ်ပေါ်စေပြီး စားသုံးသူပြည်သူများအတွက်လည်း ထိခိုက်နစ်နာမှုများ ဖြစ်ပေါ်စေနိုင်သဖြင့်
သက်ဆိုင်ရာတာဝန်ရှိသူများက ယခုထက်ပိုမို၍ တားဆီး စစ်ဆေး ကြပ်မတ်ဆောင်ရွက်သွားမည်ဖြစ်ကြောင်း တရားမဝင်ကုန်သွယ်မှုတိုက်ဖျက်ရေးဦးဆောင်
ကော်မတီမှ သိရသည်။
သတင်းစဉ်

No comments:
Post a Comment