Wednesday, October 2, 2024

မွန်ပြည်နယ် ဝန်ကြီးချုပ် ဦးအောင်ကြည်သိန်း မြန်မာ့ရိုးရာယဉ်ကျေးမှု အဆို၊ အက၊ အရေး၊ အတီးပြိုင်ပွဲသို့ သွားရောက်ယှဉ်ပြိုင်မည့် ပြိုင်ပွဲဝင်များနှင့် လိုက်ပါကြီးကြပ်မည့်သူများအား ဩဝါဒမြွက်ကြားခြင်း အခမ်းအနား တက်ရောက်

 



မော်လမြိုင် အောက်တိုဘာ ၂

၂၀၂၄ ခုနှစ် (၂၅)ကြိမ်မြောက် ငွေရတုအထိမ်းအမှတ် မြန်မာ့ရိုးရာယဉ်ကျေးမှု အဆို၊ အက၊ အရေး၊ အတီး ပြိုင်ပွဲသို့ သွားရောက်ယှဉ်ပြိုင်မည့် ပြိုင်ပွဲဝင်များနှင့် လိုက်ပါကြီးကြပ်မည့်သူများအား ဩဝါဒမြွက်ကြားခြင်း အခမ်းအနားကို ယနေ့ မွန်းလွဲပိုင်းက ပြည်နယ်အစိုးရအဖွဲ့ရုံး၊ ရာမညခန်းမခန်းမ၌ကျင်းပပြုလုပ်ရာ မွန်ပြည်နယ်ဝန်ကြီးချုပ် ဦးအောင်ကြည်သိန်း၊ ပြည်နယ်တရားလွှတ်‌တော် တရားသူကြီးချုပ် ဦးညီညီစိုး၊ ပြည်နယ်အစိုးရအဖွဲ့ဝင်ဝန်ကြီးများ၊ တာဝန်ရှိသူများ၊ ပြိုင်ပွဲဝင်များ၊ နည်းပြများနှင့်ကြီးကြပ်သူများ တက်ရောက်သည်။

 


အခမ်းအနားတွင် ပြည်နယ်ဝန်ကြီးချုပ်က မွန်ပြည်နယ်အနေဖြင့် အနုပညာဖက်တွင်ထူးချွန်သည့် ရွက်ပုံးသီးအနုပညာရှင်များ၊ ဘက်စုံတော်သည့်အနုပညာရှင်များ ပေါ်ထွန်းလာစေရေး စဉ်ဆက်မပြတ် လေ့ကျင့်ပျိုးထောင်ပေးလျက်ရှိပါကြောင်း၊ မြန်မာ့ရိုးရာယဉ်ကျေးမှု အဆို၊ အက၊ အရေး၊ အတီး (ဗဟို)အဆင့် ပြိုင်ပွဲကြီးတွင် ဘာသာရပ်အစုံ ပါဝင်ယှဉ်ပြိုင်မည်ဖြစ်သည့်အတွက် အောင်မြင်မှုဆုတံဆိပ်များ ပိုမိုရရှိနိုင်ရေးအတွက် အစွမ်းကုန်ကြိုးပမ်းဆောင်ရွက်ပေးကြရန် လိုအပ်မှာဖြစ်ပြိး ပြိုင်ပွဲဝင်ရန်အတွက် လိုအပ်သည်များကိုလည်း အစွမ်းကုန်ပံ့ပိုးဖြည့်ဆည်း ဆောင်ရွက်ပေးသွားမည်ဖြစ်ကြောင်း၊ ပါဝင်ယှဉ်ပြိုင်ကြမည့် ပြိုင်ပွဲဝင်အနုပညာရှင်များအနေဖြင့် ရိုးရာယဉ်ကျေးမှုအနုသုခု ပညာရပ်များကို အနှစ်သာရရှိရှိရိုးသားကြိုးစားစွာ အားထုတ်ကြိုးပမ်း ယှဉ်ပြိုင်သွားကြစေလိုကြောင်းနှင့် ပြည်နယ်ဂုဏ်ကိုဆောင်နိုင်သူများဖြစ်အောင် ကြိုးစားယှဉ်ပြိုင်ကြစေရန် တိုက်တွန်းလိုပါကြောင်းဖြင့် အမှာစကားပြောကြားခဲ့သည်။

 


ထို့နောက် ပြည်နယ်ဝန်ကြီးချုပ်က မြန်မာ့ရိုးရာယဉ်ကျေးမှု အဆို၊ အက၊ အရေး၊ အတီးပြိုင်ပွဲသို့ မွန်ပြည်နယ်ကိုယ်စားပြု သွားရောက်ယှဉ်ပြိုင်မည့် ပြိုင်ပွဲဝင်များအတွက် ထောက်ပံ့ငွေများ ပေးအပ်ခဲ့သည်။

ဆက်လက်၍ ပြည်နယ်ဝန်ကြီးချုပ်က မြန်မာ့ရိုးရာယဉ်ကျေးမှု အဆို၊ အက၊ အရေး၊ အတီး ပြိုင်ပွဲသို့ သွားရောက်ယှဉ်ပြိုင်မည့် ပြိုင်ပွဲဝင်များနှင့် လိုက်ပါကြီးကြပ်မည့်သူများအား ရင်းရင်းနှီးနှီးလိုက်လံအားပေးနှုတ်ဆက်ခဲ့ပြီး ပြိုင်ပွဲသို့အဆင်ပြေချောမွေ့စွာ ဝင်ရောက်ယှဉ်ပြိုင်နိုင်ရေး လိုအပ်သည်များကို ဖြည့်ဆည်းဆောင်ရွက်ပေးခဲ့သည်။

မွန်ပြည်နယ် အနေဖြင့်(၂၅)ကြိမ်မြောက် ငွေရတုအထိမ်းအမှတ် မြန်မာ့ရိုးရာယဉ်ကျေးမှု အဆို၊ အက၊ အရေး၊ အတီး(ဗဟို)အဆင့်ပြိုင်ပွဲသို့ အဆို(၁၈)ဦး၊ အက(၁၁၇)ဦး၊ အရေး(၂)ဦး၊ အတီး(၄၇)ဦး စုစုပေါင်းပြိုင်ပွဲဝင် (၁၈၄)ဦး ဝင်ရောက်ယှဉ်ပြိုင်သွားမည် ဖြစ်ကြောင်း သိရှိရသည်။

စည်သူ(ပြန်/ဆက်)

No comments:

Post a Comment