မန္တလေး အောက်တိုဘာ ၂၀
မန္တလေးရတနာပုံမြို့တည်နန်းတည်ပဉ္စမသင်္ဂါယနာတင် ဘဝရှင်မင်းတုန်းမင်းတရားကြီး တည်ထားကိုးကွယ်တော်မူခဲ့သော မဟာသကျမာရဇိန် ကျောက်တော်ကြီးမြတ်စွာဘုရား ၁၃၆ ကြိမ်မြောက် ဗုဒ္ဓပူဇနိယပွဲတော် သံဃာ့ဒါနဆွမ်းတော်ကြီး လောင်းလှူပွဲအား သာသနာတော်နှစ် ၂၅၆၈ ကို အမှူးထား၍ မန္တလေးမြို့လေးပြင်လေးရပ်မှ ပင့်သံဃာတော်များအား သံဃာ့ဒါနဆွမ်းတော်ကြီးလောင်းလှူပွဲကို အောင်မြေသာစံမြို့နယ် မဟာသကျ မာရဇိန်ကျောက်တော်ကြီးမြတ်စွာဘုရား အာရုံခံတန်ဆောင်းကြီးအတွင်း ယမန်နေ့နံနက်ပိုင်းက ကျင်းပသည်။
အဆိုပါ သံဃာ့ဒါနဆွမ်းတော်ကြီးလောင်းလှူပွဲသို့ မန္တလေးတိုင်းဒေသကြီးဝန်ကြီးချုပ် ဦးမျိုးအောင်၊ တိုင်းဒေသကြီး တရားလွှတ်တော်တရားသူကြီးချုပ် ဒေါ်ခင်သင်းဝေ၊ တိုင်းဒေသကြီးဝန်ကြီးများနှင့် တာဝန်ရှိသူများ၊ ဂေါပကဥက္ကဋ္ဌ အဂ္ဂမဟာသီရိ သုဓမ္မ မဏိဇောတဓရ ဒေါက်တာဦးကျော်ဝင်းနှင့် ဂေါပကအဖွဲ့ဝင်များ၊ အလှူရှင်များ၊ ဖိတ်ကြားထားသူများ တက်ရောက်ကြည်ညိုကြသည်။
ဦးစွာ တိုင်းဒေသကြီးဝန်ကြီးချုပ်နှင့်အဖွဲ့သည် မဟာသကျမာရဇိန် ကျောက်တော်ကြီးမြတ်စွာဘုရား ကို ဖူးမြော်ကြည်ညို၍ ဆွမ်း၊ ရေချမ်း၊ ဆီမီး၊ ပန်း များကပ်လှူပူဇော်ပြီး တိုင်းဒေသကြီးဝန်ကြီးချုပ်နှင့် အဖွဲ့သည် အလှူရှင်များနှင့်အတူ သံဃာတော်များအား ဆွမ်းသပိတ်များ၊ နဝကမ္မဝတ္ထုငွေများနှင့် လှူဖွယ်ပစ္စည်းများလောင်းလှူကြပြီး တိုင်းဒေသကြီးဝန်ကြီးချုပ်နှင့်အဖွဲ့သည် အလှူရှင်များ လေးပြင်လေးရပ်မှ ပင့်သံဃာတော်များအား ဆွမ်းသပိတ်များ၊ နဝကမ္မဝတ္ထုငွေများ ဆက်ကပ်လောင်းလှူနေမှုကို လှည့်လည်ကြည့်ရှု ကြည်ညိုခဲ့ကြောင်း သိရသည်။
သတင်းစဉ်
No comments:
Post a Comment