ပြည်ထောင်စုဝန်ကြီး ဦးလှမိုး
ပြည်ထောင်စုနယ်မြေ နေပြည်တော် လယ်ဝေးမြို့နယ်အတွင်း ပြန်လည်ထူထောင်ရေးလုပ်ငန်းများ
ဆောင်ရွက်နေမှု ကွင်းဆင်းစစ်ဆေး
နေပြည်တော် အောက်တိုဘာ ၉
အသက်မွေးဝမ်းကျောင်းလုပ်ငန်းများ ပြန်လည်ထူထောင်ရေးလုပ်ငန်းကော်မတီဥက္ကဋ္ဌ သမဝါယမနှင့်ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးလှမိုးနှင့် တာဝန်ရှိသူများသည် ယနေ့မွန်းလွဲပိုင်းက ပြည်ထောင်စုနယ်မြေ နေပြည်တော် လယ်ဝေးမြို့နယ်အတွင်း ပြန်လည်ထူထောင်ရေးလုပ်ငန်းများ ဆောင်ရွက်နေမှုကို ကွင်းဆင်းကြည့်ရှုစစ်ဆေးသည်။
အမြန်ပြီးစီးအောင်ဆောင်ရွက်
ဦးစွာ ပြည်ထောင်စုဝန်ကြီးသည် ကျေးလက်လမ်းဖွံ့ဖြိုးရေးဦးစီးဌာနက
လယ်ဝေးမြို့နယ်၊ ရုံးပင်-အေးချမ်းသာ ဆက်သွယ်ထားသော ကျေးရွာချင်းဆက်လမ်းတစ်လျှောက် ရေတိုက်စားမှုကြောင့်
လမ်းသားနှင့်လမ်းပခုံးများ ပျက်စီးမှုကို ပြန်လည်ပြင်ဆင်ဆောင်ရွက်နေမှုနှင့် ရုံးပင်-အေးချမ်းသာ
စစ်တောင်းမြစ်ကူးတံတားသို့ ဆက်သွယ်ထားသောလမ်းတွင် စစ်တောင်းမြစ်ကမ်းပါးပြိုကျပြီး လမ်းတာပေါင်
တိုက်စားသွားသည့်အတွက် ယာယီလမ်းလွှဲဆောင်ရွက်နေမှုအခြေအနေတို့ကို သွားရောက်ကြည့်ရှုစစ်ဆေးပြီး
လတ်တလော လမ်းပန်းဆက်သွယ်မှု မပြတ်တောက်စေရေး ပြန်လည်ပြုပြင်ရေးလုပ်ငန်းများ အမြန်ပြီးစီးအောင်
တွန်းအားပေးဆောင်ရွက်သွားရန် မှာကြားသည်။
တွေ့ဆုံအားပေး
ထို့နောက် လယ်ဝေးမြို့နယ် အေးချမ်းသာကျေးရွာအုပ်စု
ညောင်ပင်သာကျေးရွာရှိ ရေဘေးသင့်ပြည်သူများအား သွားရောက်တွေ့ဆုံအားပေးပြီး ကျေးရွာချင်းဆက်လမ်းတံတားများ၊
ကျေးရွာကုန်ထုတ်လမ်းနှင့် ကျေးလက်ရေပေးရေးလုပ်ငန်းပျက်စီးမှုများကို အမြန်ဆုံးပြန်လည်ပြုပြင်
ဆောင်ရွက်ပေးသွားမည်ဖြစ်ကြောင်း၊ ဒေသနှင့်ကိုက်ညီသည့် သီးနှံများ ပြန်လည်စိုက်ပျိုးနိုင်ရေး
ပူးပေါင်းဆောင်ရွက်ပေးသွားမည်ဖြစ်ကြောင်း၊ ထိခိုက်ပျက်စီးခဲ့သည့် အသက်မွေးဝမ်းကျောင်းလုပ်ငန်းများကို
အမြန်ဆုံး ပြန်လည်ထူထောင်ပေးသွားမည်ဖြစ်ကြောင်း ရှင်းလင်းပြောကြားကာ ကျေးရွာရှိ ရေဘေးသင့်ပြည်သူများအတွက်
ဆန်များ ထောက်ပံ့ပေးအပ်ကြောင်း သတင်းရရှိသည်။
သတင်းစဉ်

No comments:
Post a Comment