Thursday, October 3, 2024

တပ်မတော် (ကြည်း၊ ရေ၊ လေ) အားကစားပြိုင်ပွဲများဆက်လက်ယှဉ်ပြိုင်ကစား

နေပြည်တော် အောက်တိုဘာ ၃

၂၀၂၄ ခုနှစ်၊ တပ်မတော် (ကြည်း၊ ရေ၊ လေ) အားကစားပြိုင်ပွဲများကို ယနေ့နံနက်ပိုင်းတွင် သက်ဆိုင်ရာ အားကစားနည်းများအလိုက် သတ်မှတ်ထားသော အားကစားကွင်း/ရုံများတွင် ဆက်လက်ယှဉ်ပြိုင် ကစားကြသည်။

၂၀၂၄ ခုနှစ် တပ်မတော် (ကြည်း၊ ရေ၊ လေ) အားကစားပြိုင်ပွဲများဖြစ်သည့် တပ်မတော်ကာကွယ်ရေး ဦးစီးချုပ်ဒိုင်း တပ်မတော် (ကြည်း၊ ရေ၊ လေ) အမျိုးသား/အမျိုးသမီး ပြေးခုန်ပစ်ပြိုင်ပွဲဆုပေးပွဲအခမ်းအနားအား ဇေယျာသီရိတပ်မတော်အားကစားကွင်း၌ကျင်းပရာ အမျိုးသား/အမျိုးသမီး မီတာ-၄၀၀ ၄ ယောက်တွဲ လက်ဆင့်ကမ်းအပြေးပြိုင်ပွဲ၊ အမျိုးသား/အမျိုးသမီးမီတာ-၁၅၀၀ အပြေးပြိုင်ပွဲ၊ အမျိုးသား/ အမျိုးသမီး မီတာ-၁၀၀ အပြေးပြိုင်ပွဲများယှဉ်ပြိုင်ကစားပြီး ဆုပေးပွဲအခမ်းအနားအား ဆက်လက်ကျင်းပပြုလုပ်ရာ အားကစားအမျိုးအစားအလိုက် ပထမ၊ ဒုတိယ၊ တတိယရရှိသော အားကစားသမားများအား တပ်မတော် ပြေးခုန်ပစ် ကော်မတီအတွင်းရေးမှူး ဒုတိယဗိုလ်မှူးကြီး မင်းမင်းအောင်နှင့် ဗိုလ်မှူးကြီး အေးမင်းသန့်တို့မှလည်းကောင်း၊ အမျိုးသားတံခွန်စိုက်ဒိုင်းဆု၊ အမျိုးသမီးတံခွန်စိုက်ဒိုင်းဆုနှင့် အမျိုးသား/အမျိုးသမီး တံခွန်စိုက်ဒိုင်းဆုရရှိသော ကမ်းရိုးတန်းတိုင်းစစ်ဌာနချုပ်အသင်းတို့အား ဗိုလ်ချုပ် လှမိုးကလည်းကောင်း အသီးသီးချီးမြှင့်သည်။

၂၀၂၄ ခုနှစ်တပ်မတော်ကာကွယ်ရေးဦးစီးချုပ်ဖလား တပ်မတော် (ကြည်း၊ ရေ၊ လေ) တိုက်ကွမ်ဒို ပြိုင်ပွဲကို ဇေယျာသီရိအားကစားရုံ (A) တွင်လည်းကောင်း၊ တပ်မတော် (ကြည်း၊ ရေ၊ လေ) အမျိုးသား/အမျိုးသမီး ဘော်လီဘောပြိုင်ပွဲကို ဇေယျာသီရိအားကစားရုံ (B) တွင် အမျိုးသားကွာတားအဆင့်ပတ်လည်ပွဲစဉ်များကိုလည်းကောင်း၊ မြန်မာ့သိုင်းပြိုင်ပွဲကို ဇေယျာသီရိအားကစားရုံ (C) ၌လည်းကောင်း၊ တပ်မတော်ကာကွယ်ရေးဦးစီးချုပ်ဒိုင်း၊ တပ်မတော် (ကြည်း၊ ရေ၊ လေ) ပိုက်ကျော်ခြင်းပြိုင်ပွဲကို စစ်ကြောရေးနှင့် တည်းခိုရေးစခန်းရှိ ဆင်ဖြူရှင်ခန်းမ၌ အသီးသီးယှဉ်ပြိုင်ကစားကြသည်။

အဆိုပါအားကစားပြိုင်ပွဲများသို့ ကာကွယ်ရေးဦးစီးချုပ်ရုံးမှ တပ်မတော်အရာရှိကြီးများ၊ မြန်မာနိုင်ငံ လက်ဝှေ့အဖွဲချုပ်မှ တာဝန်ရှိသူများ၊ အရာရှိ၊ စစ်သည်၊ မိသားစုများ၊ ဒိုင်အဖွဲ့ဝင်များ၊ ပြိုင်ပွဲဝင်အားကစားသမားများနှင့် အားကစားဝါသနာရှင်များ တက်ရောက်ကြည့်ရှုအားပေးခဲ့ကြကြောင်း သတင်းရရှိသည်။

No comments:

Post a Comment