Sunday, October 6, 2024

ဘာသာပေါင်းစုံချစ်ကြည်ညီညွတ်ရေးအဖွဲ့ကြီး၏ အမုန်းစကား အမုန်းတရားများ မပြန့်ပွားရေး ဟောပြောပွဲကျင်းပ



ရန်ကုန် ​​အောက်တိုဘာ ၅

ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် ဘာသာပေါင်းစုံချစ်ကြည်ညီညွတ်ရေးအဖွဲ့ကြီး၏ အမုန်း စကား အမုန်းတရားများ မပြန့်ပွားရေး ဟောပြောပွဲကို ယနေ့မွန်းလွဲ ၁ နာရီတွင် ရန်ကုန်မြို့အမျိုးသား ဇာတ်ရုံ၌ ကျင်းပရာ အခမ်းအနားသို့ ရန်ကုန်တိုင်းဒေသကြီးဝန်ကြီးချုပ် ဦးစိုးသိန်း၊ သာသနာရေးနှင့် ယဉ်ကျေးမှုဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးအေးထွန်းနှင့် တိုင်းဒေသကြီးဝန်ကြီးများ တက်ရောက် ကြသည်။

ပေးအပ်

အခမ်းအနားမစတင်မီ တိုင်းဒေသကြီးဝန်ကြီးချုပ်က အမှာစကားပြောကြားပြီး ရန်ကုန်တိုင်းဒေသ ကြီးအစိုးရအဖွဲ့က လှူဒါန်းသော ဂုဏ်ပြုအလှူ ငွေကျပ် ၁၂၅ သိန်းကို ပေးအပ်သည်။

ဆက်လက်၍ ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် ဘာသာပေါင်းစုံချစ်ကြည်ညီညွတ်ရေးအဖွဲ့က ကြီးမှူးကျင်းပသော ဘာသာပေါင်းစုံချစ်ကြည်ညီညွတ်ရေးမှသည် ငြိမ်းချမ်းရေးဆီသို့ ဆောင်ပုဒ်ဖြင့် အမုန်းစကား အမုန်းတရား မပြန့်ပွားရေးဟောပြောပွဲကို ဆက်လက်ကျင်းပရာ အထူး ဖိတ်ကြားထားသော YMBA၊ သာသနာ့နုဂ္ဂဟအဖွဲ့၊ ဟိန္ဒူအဖွဲ့ချုပ်၊ ဓမ္မပါလကအဖွဲ့၊ တမီလ်ဖောင်ဒေးရှင်း၊ မြန်မာနိုင်ငံခရစ်ယာန်အသင်းတော်များကောင်စီ၊ မြန်မာနိုင်ငံနှစ်ခြင်းခရစ်ယာန်အသင်းချုပ်၊ မြန်မာနိုင်ငံခရစ်ယာန်အသင်းတော် (အင်္ဂလိကန်)၊ မြန်မာနိုင်ငံကက်သလစ်ဆရာတော်ကြီးများအဖွဲ့ချုပ်၊ YMCA၊ မက်သဒစ်အသင်းတော် အောက်မြန်မာ ပြည်၊ မြန်မာနိုင်ငံဧဝံဂေလီခရစ်ယာန်မဟာမိတ်အဖွဲ့ချုပ်၊ ပဲခူးမွတ်ဆလင်မိသားစု၊ ဒီမိုကရေစီနှင့်လူ့အခွင့်အရေးပါတီ (အစ္စလာမ်)၊ မြန်မာနိုင်ငံလုံးဆိုင်ရာ မော်လဝီအဖွဲ့ချုပ်မှ ဧည့်သည်တော်ကြီးများ၊ ဟောပြောပွဲကျင်းပရေးကော်မတီဝင်များ၊ ရန်ကုန်တိုင်းဒေသကြီး၊ နေပြည်တော်ကောင်စီနယ်မြေ၊ ပဲခူးတိုင်းဒေသကြီး၊ ဧရာဝတီတိုင်းဒေသကြီး၊ ရန်ကုန်တိုင်းဒေသကြီးရှိ ခရိုင်နှင့် မြို့နယ်များမှ အလုပ်အမှုဆောင်အဖွဲ့များနှင့် အဖွဲ့ဝင်အင်အား ၉၀၀ ခန့် တက်ရောက်ကြသည်။

အခမ်းအနားတွင် ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် ဘာသာပေါင်းစုံချစ်ကြည်ညီညွတ်ရေး အဖွဲ့ ဗဟိုဥက္ကဋ္ဌ ဦးဝဏ္ဏက နှုတ်ခွန်းဆက်စကား ပြောကြားသည်။ ထို့နောက် ဗုဒ္ဓဘာသာကိုယ်စားလှယ် တက္ကသိုလ်ဦးမြတ်သူ၊ ဟိန္ဒူဘာသာကိုယ်စားလှယ် ဦးကျော်ဇင်လတ်၊ ခရစ်ယာန်ဘာသာ ကိုယ်စားပြု သိက္ခာတော်ရဆရာတော် ဒေါက်တာမျိုးဝင်း၊ အစ္စလာမ်ဘာသာကိုယ်စားပြု ဟာဂျီဦးလှဝင်း၊ ရန်ကုန်တိုင်းဒေသကြီး တိုင်းအလုပ်အမှုဆောင်၊ ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် ဘာသာပေါင်းစုံချစ်ကြည်ညီညွတ်ရေးအဖွဲ့တို့က ငြိမ်းချမ်းရေး၏တန်ဖိုးအနှစ်သာရများ အကြောင်းနှင့် ဘာသာတစ်ခုနှင့်တစ်ခုအကြား၊ ဘာသာဝင်အချင်းချင်းတို့အကြား အမုန်းစကား အမုန်းတရားများ မပြန့်ပွားစေရေးအတွက် ဟောပြောခဲ့ကြသည်။

သတင်းစဉ်

No comments:

Post a Comment