နေပြည်တော် အောက်တိုဘာ ၅
၂၀၂၄ ခုနှစ် နိုင်ငံတကာခရီးသွားလုပ်ငန်း၊ ယဉ်ကျေးမှုပြပွဲနှင့် ဆွေးနွေးပွဲများကို “ရှေးဟောင်း အမွေအနှစ်များဖြင့် အနာဂတ်ကာလများကို ပုံဖော်ရာတွင် ယဉ်ကျေးမှုအမွေအနှစ်များအား တာဝန်သိစွာဖြင့် ဆက်လက်ထိန်းသိမ်းစောင့်ရှောက်ခြင်း” ခေါင်းစဉ်ဖြင့် အောက်တိုဘာ ၃ ရက်မှ ၆ ရက်အထိ မလေးရှားနိုင်ငံ ကွာလာလမ်ပူမြို့ရှိ ကမ္ဘာ့ကုန်သွယ်ရေးစင်တာ၌ ကျင်းပလျက်ရှိရာ ဟိုတယ်နှင့်ခရီးသွားလာရေးဝန်ကြီးဌာန အမြဲတမ်းအတွင်းဝန် ဦးလှိုင်ဦး ဦးဆောင်သော မြန်မာ ကိုယ်စားလှယ်အဖွဲ့ ပါဝင်တက်ရောက်ဆွေးနွေးကြသည်။
ပါဝင်ဆွေးနွေး
၂၀၂၄ ခုနှစ် နိုင်ငံတကာခရီးသွားလုပ်ငန်း၊
ယဉ်ကျေးမှုပြပွဲနှင့် ဆွေးနွေးပွဲများ ဖွင့်ပွဲအခမ်းအနားကို အောက်တိုဘာ ၃ ရက်က မလေးရှားနိုင်ငံ
ခရီးသွားလုပ်ငန်း၊ အနုပညာနှင့်ယဉ်ကျေးမှုဝန်ကြီးဌာန ဒုတိယဝန်ကြီး တက်ရောက်ဖွင့်လှစ်ပေးပြီး
ဆွေးနွေးပွဲများကို ဆက်လက်ကျင်းပရာ မြန်မာနိုင်ငံ၊ ကင်ညာနိုင်ငံနှင့် ဇမ်ဘီယာနိုင်ငံတို့က
“ဒေသခံများ၏ အနာဂတ်များအတွက် ရေရှည်တည်တံ့ ခိုင်မြဲသော ခရီးသွားလုပ်ငန်းများ ဖော်ဆောင်ခြင်း
(Sustainable Tourism for Community’s Future)” ခေါင်းစဉ်ဖြင့် ပါဝင်ဆွေးနွေးခဲ့ကြသည်။
ထိုသို့ ဆွေးနွေးရာတွင်
မြန်မာနိုင်ငံကိုယ်စား အမြဲတမ်းအတွင်းဝန်က မြန်မာနိုင်ငံ၏ အဓိကခရီး စဉ်ဒေသများတွင်
ယဉ်ကျေးမှုအခြေခံ ခရီးသွားလုပ်ငန်းများနှင့် အခြားသော ခရီးသွားလုပ်ငန်းဆိုင် ရာ ဝန်ဆောင်မှုများ
ဖော်ဆောင်နေမှု၊ မြန်မာနိုင်ငံတွင် တာဝန်သိခရီးသွားလုပ်ငန်းမူဝါဒ၊ အများ ပြည်သူ ပူးပေါင်းပါဝင်မှုရှိသော
ခရီးသွားလုပ်ငန်း မူဝါဒများနှင့် ရပ်ရွာလူထုအခြေပြု ခရီးသွား လုပ်ငန်းစံနှုန်း ရေးဆွဲဆောင်ရွက်ခဲ့မှု၊
ပုဂံကဲ့သို့ ယဉ်ကျေးမှုအမွေ အနှစ်ဒေသများတွင် ခရီးသွား လုပ်ငန်းမှ ဒေသခံပြည်သူများအား
အထောက်အကူပြုနိုင်မှုနှင့် အဆိုပါခရီးစဉ်ဒေသများ ရေရှည် တည်တံ့ခိုင်မြဲရေးတွင် ဒေသခံများ၏
အရေးကြီးသော အခန်းကဏ္ဍများမှ ပါဝင်မှုအခြေအနေများကို ရှင်းလင်းဆွေးနွေးခဲ့ပြီး မြန်မာနိုင်ငံ၏
ခရီးသွားမြှင့်တင်ရေး ဗွီဒီယိုကို ပြသသည်။
ဖြန့်ချိပေးနိုင်ခဲ့
အဆိုပါ ၂၀၂၄ ခုနှစ်
နိုင်ငံတကာ ခရီးသွားလုပ်ငန်း၊ ယဉ်ကျေးမှုပြပွဲနှင့် ဆွေးနွေးပွဲများသို့ ပြည်တွင်း
ပြည်ပမှ ဧည့်သည် ၂၀၀၀၀ ခန့် လာရောက်လေ့လာခဲ့ကြောင်းနှင့် မြန်မာနိုင်ငံအနေဖြင့် စိတ်ဝင်စား
ဖွယ်ရာ ခရီးစဉ်ဒေသများအကြောင်းနှင့် မြန်မာနိုင်ငံသို့ လာရောက်လည်ပတ်နိုင်ရန် လိုအပ်သော
သတင်းအချက်အလက်များကို ဖြန့်ချိပေးနိုင်ခဲ့ကြောင်း သိရသည်။
သတင်းစဉ်

No comments:
Post a Comment