Wednesday, October 2, 2024

ဆည်မြောင်းနှင့် ရေအသုံးချမှုစီမံခန့်ခွဲရေးဦးစီးဌာနက ထိန်းသိမ်းထားသော ရေလှောင်တမံနှင့် ရေထိန်းတမံများ ကြံ့ခိုင်မှုကောင်းမွန်လျက်ရှိပြီး စိုးရိမ်ရန်မရှိ

 

နေပြည်တော် အောက်တိုဘာ ၁

စိုက်ပျိုးရေး၊ မွေးမြူရေးနှင့်ဆည်မြောင်းဝန်ကြီးဌာန ဆည်မြောင်းနှင့်ရေအသုံးချမှုစီမံခန့်ခွဲရေးဦးစီးဌာနက ပြည်ထောင်စုနယ်မြေ နေပြည်တော်တွင် ထိန်းသိမ်းထားသော ရေလှောင်တမံနှင့် ရေထိန်းတမံစုစုပေါင်း(၁၂)ခုရှိရာ အောက်တိုဘာ ၁ ရက်၌ ပေါင်းလောင်းရေလှောင်တမံတွင် (၃ ဒသမ ၁၅) ပေနှင့် ငလိုက်ရေလှောင်တမံတွင် (၀ ဒသမ ၀၅) ပေ ကန်ရေပြည့်အမှတ်အထက်ကျော်လွန်၍ ရေပိုလွှဲမှရေကျော်စီးဆင်းနေပြီး ယခင်နေ့နှင့် နှိုင်းယဉ်ပါက ရေကျော် စီးဆင်းမှုအခြေအနေမှာ လျော့ကျလာလျက်ရှိသည်။

အဆိုပါ ရေလှောင်တမံများ၏ ကြံ့ခိုင်မှုအခြေအနေမှာ ကောင်းမွန်လျက်ရှိပြီး တာဝန်ကျဝန်ထမ်းများအား (၂၄) နာရီ ရေကင်းတာဝန်ချထား၍ အနီးကပ်စောင့်ကြပ်စစ်ဆေးလျက်ရှိပါကြောင်းနှင့် စိုးရိမ်ရန်မရှိကြောင်း သိရသည်။

သတင်းစဉ်

No comments:

Post a Comment