Monday, September 30, 2024

ပြည်ထောင်စုဝန်ကြီး ဒေါက်တာညွန့်ဖေ မိတ္ထီလာတက္ကသိုလ်နှင့် အခြေခံပညာကျောင်းများသို့ သွားရောက်ကြည့်ရှုစစ်ဆေး

 


နေပြည်တော် စက်တင်ဘာ ၂၉

ပညာရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာ ညွန့်ဖေသည် ယနေ့နံနက်ပိုင်းတွင် မိတ္ထီလာတက္ကသိုလ်အစည်းအဝေးခန်းမ၌ မိတ္ထီလာတက္ကသိုလ်နှင့် မိတ္ထီလာစီးပွားရေးတက္ကသိုလ်တို့မှ ပါမောက္ခချုပ်များ၊ ဒုတိယပါမောက္ခချုပ်များ၊ ပါမောက္ခ (ဌာနမှူး)များ၊ မိတ္ထီလာပညာရေး ဒီဂရီကောလိပ်ကျောင်းအုပ်ကြီးနှင့် မန္တလေးတိုင်းဒေသကြီး ပညာရေးမှူးတို့နှင့် တွေ့ဆုံသည်။

တွေ့ဆုံစဉ် တက္ကသိုလ်ဥပဓိရုပ် ကောင်းမွန်ရေး အလေးထားဆောင်ရွက်ကြရန်၊ ကျောင်းသား ကျောင်းသူများ အမှန်တကယ်စာတတ်မြောက်အောင် လေ့ကျင့်သင်ကြားပေးကြရန်နှင့် တက္ကသိုလ်သုတေသနဖွံ့ဖြိုးတိုးတက်ရေးအတွက်လည်း အလေးထားဆောင်ရွက်ကြရန်တို့ကို မှာကြားပြီး အစည်းအဝေးတက်ရောက်လာကြသူများ၏ တင်ပြချက်များအပေါ် ပေါင်းစပ်ညှိနှိုင်းဆောင်ရွက်ပေးသည်။

ထို့နောက် အမှတ်(၁)အခြေခံ ပညာအထက်တန်းကျောင်း၊ အမှတ်(၂) အခြေခံပညာအထက်တန်းကျောင်းနှင့် အမှတ်(၅) အခြေခံပညာအထက်တန်းကျောင်းတို့သို့ သွားရောက်၍ကျောင်းအုပ်ကြီးများ၊ ဆရာ ဆရာမများနှင့် ရင်းရင်းနှီးနှီးတွေ့ဆုံပြီး ကျောင်းဥပဓိရုပ်ကောင်းမွန်ရေး၊ ကျောင်းပတ်ဝန်းကျင်သန့်ရှင်းသာယာ လှပရေး၊ ကျောင်းသားများ အေးချမ်းစွာ ပညာသင်ယူနိုင်ရေး၊ စာသင်ခန်း၊ စာသင်ခုံနှင့် သင်ထောက်ကူပစ္စည်းများ လုံလောက်မှုရှိစေရေးတို့အတွက် ညှိနှိုင်းပေါင်းစပ်ဖြည့်ဆည်းဆောင်ရွက်ပေးကာ ကျောင်းဝင်းအတွင်း လှည့်လည်ကြည့်ရှုစစ်ဆေးခဲ့ကြောင်း သိရသည်။

သတင်းစဉ်

No comments:

Post a Comment