နေပြည်တော် စက်တင်ဘာ ၁၅
တရားမဝင်ကုန်သွယ်မှုတိုက်ဖျက်ရေးဦးဆောင်ကော်မတီ၏ ကြီးကြပ်ကွပ်ကဲမှုဖြင့် တရား မဝင်ကုန်သွယ်မှုများကို ဥပဒေနှင့်အညီ ထိရောက်စွာ တားဆီးအရေးယူနိုင်ရေး ဆောင်ရွက်လျက်ရှိရာ စက်တင်ဘာ ၁၃ ရက်တွင် ရန်ကုန်တိုင်းဒေသကြီး တရားမဝင်ကုန်သွယ်မှုတိုက်ဖျက်ရေးအထူး အဖွဲ့၏ စီမံခန့်ခွဲမှုဖြင့် တာဝန်ကျပူးပေါင်းအဖွဲ့က စစ်ဆေးမှုများ ဆောင်ရွက်ခဲ့ရာ ဒဂုံမြို့သစ် (ဆိပ်ကမ်း) မြို့နယ် ၉၃ ရပ်ကွက်၌ ကျောက်ချရပ်နားထားသည့် ရေယာဉ်တစ်စင်းပေါ်မှ တရားဝင် စာရွက်စာတမ်းအထောက်အထား တင်ပြနိုင်ခြင်းမရှိသည့် လူသုံးကုန်ပစ္စည်း ၂၅ မျိုးနှင့် စားသောက်ကုန်ပစ္စည်း ခြောက်မျိုး (ခန့်မှန်းတန်ဖိုးငွေကျပ် ၄၅၀၄၈၄၆၀)ကို သက်ဆိုင် ရာ လုပ်ထုံးလုပ်နည်းများအရ လည်းကောင်း၊ ၎င်းရေယာဉ်ပေါ်မှ တရားမဝင် စက်သုံးဆီ ဓာတ်ဆီ ၂၆၄ ပီပါ၊ ဒီဇယ် နှစ်ပီပါနှင့် အင်ဂျင်ဝိုင် ငါးပီပါ (ခန့်မှန်းတန်ဖိုးငွေကျပ် ၁၈၀၀၆၇၉၈၀)ကို ရေနံနှင့် ရေနံ ထွက်ပစ္စည်းဆိုင်ရာဥပဒေအရလည်းကောင်း၊ အဆိုပါပစ္စည်းများ တင်ဆောင်လာသည့် သံကိုယ်ထည် စက်လှေတစ်စင်း (ခန့်မှန်းတန်ဖိုး ငွေကျပ် ၁၅၇၂၀၀၀၀၀) ကို ပြည်တွင်းရေကြောင်းသွားလာရေး ဥပဒေအရလည်းကောင်း စုစုပေါင်းခန့်မှန်းတန်ဖိုးငွေကျပ် ၃၈၂၃၁၆၄၄၀) ကို သိမ်းဆည်း အရေးယူဆောင်ရွက်လျက်ရှိသည်။
ထို့ပြင် စက်တင်ဘာ
၁၃ ရက် နှင့် ၁၄ ရက်တို့တွင် အကောက်ခွန်ဦးစီးဌာန၏ စီမံခန့်ခွဲမှုဖြင့် တာဝန် ကျပူးပေါင်းအဖွဲ့များက
စစ်ဆေးမှုများ ဆောင်ရွက်ရာတွင် ရန်ကုန်အပြည်ပြည်ဆိုင်ရာလေဆိပ် လေဆိပ် (သွင်းကုန်) ၌
တရားဝင်စာရွက်စာတမ်းအထောက်အထား တင်ပြနိုင်ခြင်းမရှိသည့် လုပ်ငန်းသုံး ပစ္စည်း ၁၈ မျိုး
စုစုပေါင်းခန့်မှန်းတန်ဖိုးငွေကျပ် ၅၈၂၂၅၀၀၀ ကို သိမ်းဆည်းရမိခဲ့ပြီး အကောက်ခွန်လုပ်ထုံးလုပ်နည်းများနှင့်အညီ
အရေးယူဆောင်ရွက်လျက်ရှိသည်။
ထို့ပြင် စက်တင်ဘာ
၁၄ ရက်တွင် တနင်္သာရီတိုင်းဒေသကြီး တရားမဝင်ကုန်သွယ်မှုတိုက်ဖျက် ရေးအထူးအဖွဲ့၏ စီမံခန့်ခွဲမှုဖြင့်
တာဝန်ကျပူးပေါင်းအဖွဲ့က စစ်ဆေးမှုများ ဆောင်ရွက်ခဲ့ရာ မြိတ်မြို့ ပဒုမ္မာလမ်း အင်းလေးမြိုင်ရပ်ကွက်၌
တရားဝင်စာရွက်စာတမ်းအထောက်အထားတင်ပြနိုင်ခြင်း မရှိသည့် လုပ်ငန်းသုံးပစ္စည်း တစ်မျိုး
(ခန့်မှန်းတန်ဖိုးငွေကျပ် ၉၇၁၂၅၀၀) ကို သိမ်းဆည်းရမိခဲ့ပြီး အကောက်ခွန် လုပ်ထုံးလုပ်နည်းများနှင့်အညီ
အရေးယူဆောင်ရွက်လျက်ရှိသည်။
ထို့အတူ မန္တလေးတိုင်းဒေသကြီး
တရားမဝင်ကုန်သွယ်မှုတိုက်ဖျက်ရေးအထူးအဖွဲ့၏ စီမံခန့်ခွဲမှုဖြင့် တာဝန်ကျပူးပေါင်းအဖွဲ့များက
စစ်ဆေးမှုများ ဆောင်ရွက်ခဲ့ရာ မန္တလေး-ပြင်ဦးလွင်လမ်း(၆၂) လမ်းထိပ်၌ မိုင်းလားမြို့မှ
မန္တလေးမြို့သို့ မောင်းနှင်လာသော ယာဉ်တစ်စီးပေါ်မှ တရားဝင်စာရွက်စာတမ်းအထောက်အထားတင်ပြနိုင်ခြင်းမရှိသည့်
လုပ်ငန်းသုံးပစ္စည်း ငါးမျိုး၊ လူသုံးကုန်ပစ္စည်း ငါးမျိုး (ခန့်မှန်းတန်ဖိုးငွေကျပ်
၇၆၇၃၉၇၅၀)နှင့် အဆိုပါပစ္စည်းများ တင်ဆောင် လာသည့် Hino Profia Truck တစ်စီး (ခန့်မှန်းတန်ဖိုးငွေကျပ်
၆၀၀၀၀၀၀၀) စုစုပေါင်းခန့်မှန်း တန်ဖိုးငွေကျပ် ၁၃၆၇၃၉၇၅၀ ကို သိမ်းဆည်းရမိခဲ့ပြီး အကောက်ခွန်လုပ်ထုံးလုပ်နည်းများနှင့်
အညီ အရေးယူဆောင်ရွက်လျက်ရှိသည်။
သို့ဖြစ်ပါ၍ စက်တင်ဘာ
၁၃ ရက်နှင့် ၁၄ ရက်တို့တွင် ဖမ်းဆီးရမိမှု စုစုပေါင်းမှာ အမှုတွဲ ၁၀ မှု (ခန့်မှန်းတန်ဖိုးငွေကျပ်
၅၈၆၉၉၃၆၉၀) ဖြစ်ကြောင်း တရားမဝင်ကုန်သွယ်မှုတိုက်ဖျက်ရေး ဦးဆောင်ကော်မတီမှ သိရသည်။
သတင်းစဉ်

No comments:
Post a Comment