နေပြည်တော် စက်တင်ဘာ ၁၅
ပြည်ထောင်စုဝန်ကြီးနှင့် ပြည်ထောင်စုရှေ့နေချုပ်နှင့် တိုင်းဒေသကြီး၊ ပြည်နယ်ဥပဒေချုပ်များ၊ တိုင်းဒေသကြီး၊ ပြည်နယ်ဥပဒေအရာရှိများ၏ ညှိနှိုင်းအစည်းအဝေးကို ယနေ့နံနက်ပိုင်းတွင် နေပြည်တော်ကောင်စီနယ်မြေ ဥတ္တရသီရိမြို့နယ် ဇဝနသိဒ္ဓိရပ်ကွက်ရှိ ဥပဒေအသိပညာပြန့်ပွားရေး သင်တန်းကျောင်း၌ ကျင်းပ သည်။
အဖွင့်အမှာစကားပြောကြား
ဦးစွာ ပြည်ထောင်စုဝန်ကြီးနှင့်
ပြည်ထောင်စုရှေ့နေချုပ် ဒေါက်တာသီတာဦးက အဖွင့်အမှာစကား ပြောကြားရာတွင် ဥပဒေရေးရာဝန်ကြီးဌာနကို
အဘက်ဘက်မှ တိုးတက်စေရေး ဆောင်ရွက်လျက် ရှိရာ ပြည်ပနိုင်ငံအဖွဲ့အစည်းများနှင့် ဥပဒေရေးရာကိစ္စရပ်များ
ပူးပေါင်းဆောင်ရွက်လျက်ရှိ ကြောင်း၊ ရုရှားဖက်ဒရေးရှင်းနိုင်ငံနှင့် နှစ်နိုင်ငံအကြား
ပူးပေါင်းဆောင်ရွက်ရေးဆိုင်ရာ စာချွန်လွှာအရ အကောင်အထည်ဖော်ဆောင်ရွက်မည့် ပူးပေါင်းဆောင်ရွက်ရေးဆိုင်ရာအစီအစဉ်
(၂၀၂၄-၂၀၂၅)အား စတင်အကောင်အထည်ဖော်ဆောင်ရွက်လျက်ရှိကြောင်း။
ဥပဒေရေးရာဝန်ကြီးဌာန
မဟာဗျူဟာစီမံကိန်း (၂၀၂၀-၂၀၂၄) အရ ဆောင်ရွက်ရမည့် လုပ်ငန်းအစီအစဉ်များကို အရှိန်အဟုန်မပြတ်
ဆက်လက်ဆောင်ရွက်ကြစေလိုကြောင်း၊ တရား ဥပဒေစိုးမိုးရေးနှင့် တရားမျှတမှုဆိုင်ရာလုပ်ငန်းများ
ပေါင်းစပ်ညှိနှိုင်းရေးအဖွဲ့ ဖွဲ့စည်း၍ တရား မျှတမှုကဏ္ဍတွင် ဆက်စပ်သက်ဆိုင်သူများအကြား
ပေါင်းစပ်ညှိနှိုင်းခြင်း၊ ပံ့ပိုးကူညီပေးခြင်း တို့ကို ဆောင်ရွက်ပေးလျက်ရှိကြောင်း၊
ပုဂ္ဂလိကတင်ပြစာများကို စနစ်တကျစိစစ်အရေးယူ ဆောင်ရွက်ခြင်းဖြင့် တရားဥပဒေစိုးမိုးရေးကို
ပံ့ပိုးကူညီဆောင်ရွက်ပေးလျက်ရှိကြောင်း။
အလေးထားဆောင်ရွက်
တိုင်းဒေသကြီး/
ပြည်နယ်ဥပဒေချုပ်ရုံးများက မူဝါဒပိုင်းဆိုင်ရာ ကိစ္စရပ်များကို အကောင်အထည် ဖော်သည့်
ဥပဒေ (မူကြမ်း) များကို စိစစ်ရာတွင် နိုင်ငံတော်ကချမှတ်ထားသည့် မူဝါဒများနှင့် ကိုက်ညီမှု
ရှိစေရန် အလေးထားဆောင်ရွက်ရမည်ဖြစ်ကြောင်းနှင့် တိုင်းဒေသ ကြီး/ ပြည်နယ်ရုံးများရှိ
ဥပဒေအရာရှိများကလည်း ဥပဒေ (မူကြမ်း) စိစစ်ခြင်းလုပ်ငန်းစဉ်များကို နှံ့စပ်စွာလေ့လာထားရန်
လိုအပ်ကြောင်း။
ဥပဒေအရာရှိများ
အကျင့်သိက္ခာနှင့်ပြည့်စုံပြီး အများပြည်သူက ယုံကြည်အားကိုးရသော ဥပဒေအရာရှိကောင်းများ
ဖြစ်စေရေးအတွက် ကျင့်ဝတ်စောင့်ထိန်းလိုက်နာကြရန်လည်း အထူးအရေးကြီးကြောင်း၊ ဥပဒေအသိပညာပြန့်ပွားရေးလုပ်ငန်းသည်
“လူတိုင်းတွင် ဥပဒေအသိပညာ ရှိသင့်သည်” ဟူသော နိုင်ငံတော်အကြီးအကဲ၏ လမ်းညွှန်ချက်အရ
ဥပဒေရေးရာ ဝန်ကြီးဌာနက အလေးထားဆောင်ရွက်နေသည့် လုပ်ငန်းစဉ်တစ်ရပ်ဖြစ်သည့်အတွက် ဥပဒေချုပ်ရုံးများနှင့်
ဥပဒေရုံးအဆင့်ဆင့်အနေဖြင့်လည်း ကြိုးပမ်းအကောင်အထည် ဖော်ဆောင်ရွက်ကြစေလိုကြောင်း ပြောကြားသည်။
ဆက်လက်၍ ဒုတိယဝန်ကြီးနှင့်
ဒုတိယရှေ့နေချုပ်က လုပ်ငန်းဆိုင်ရာများကို ရှင်းလင်းပြီး သက်ဆိုင်ရာ တိုင်းဒေသကြီးနှင့်
ပြည်နယ်ဥပဒေချုပ်များက တိုင်းဒေသကြီးနှင့် ပြည်နယ်များ အလိုက် လုပ်ငန်းများတင်ပြကြရာ
တင်ပြချက်များအပေါ် သက်ဆိုင်ရာညွှန်ကြားရေးမှူးချုပ်များက ပြန်လည်ရှင်းလင်းဖြေကြားကြသည်။
ယင်းနောက် ပြည်ထောင်စုဝန်ကြီးနှင့် ပြည်ထောင်စုရှေ့နေချုပ်က တင်ပြချက်များအပေါ် ပေါင်းစပ်ညှိနှိုင်းပေးခဲ့သည်။
သတင်းစဉ်

No comments:
Post a Comment