Thursday, September 12, 2024

ချင်းပြည်နယ်ဝန်ကြီးချုပ် ဒေါက်တာဝုန်ဆွန်းထန် ချင်းပြည်နယ်လူ့စွမ်းအားအရင်းအမြစ်ဖွံ့ဖြိုး တိုးတက်ရေးနှင့် ပညာရည်မြင့်မားရေးကော်မတီ လုပ်ငန်းညှိနှိုင်းအစည်းအဝေး (၁/၂၀၂၄) သို့ တက်ရောက်


ဟားခါး စက်တင်ဘာ ၁၂

ချင်းပြည်နယ် လူ့စွမ်းအားအရင်းအမြစ်ဖွံ့ဖြိုးတိုးတက်ရေးနှင့် ပညာရည်မြင့်မားရေးကော်မတီ လုပ်ငန်းညှိနှိုင်းအစည်းအဝေး ( ၁/၂၀၂၄ ) ကို စက်တင်ဘာလ ၁၀ ရက် ညနေ ၃ နာရီက ဟားခါးမြို့ ၊ ချင်းပြည်နယ်အစိုးရအဖွဲ့ရုံး၊ အစည်းအဝေးခန်းမ၌ကျင်းပရာ ချင်းပြည်နယ်လူ့စွမ်းအားအရင်းအမြစ် ဖွံ့ဖြိုးတိုးတက်ရေးနှင့် ပညာရည်မြင့်မားရေးကော်မတီဥက္ကဋ္ဌ၊ ပြည်နယ်ဝန်ကြီးချုပ် ဒေါက်တာ ဝုန်ဆွန်ထန်၊ အတွင်းရေးမှူး ပြည်နယ်လူမှုရေးရာဝန်ကြီး ဦးဝင်းဇော်ဦး၊ ပြည်နယ်ဥပဒေချုပ် ဦးဆွန်ဒုတ်ကျင်၊ ပြည်နယ်အစိုးရအဖွဲ့ အတွင်းရေးမှူး ဦးအောင်ချိုနှင့်  ချင်းပြည်နယ်လူ့စွမ်းအား အရင်းအမြစ်ဖွံ့ဖြိုးတိုးတက်ရေးနှင့် ပညာရည်မြင့်မားရေးကော်မတီတွင် ပါဝင်သည့် ဟားခါးတက္ကသိုလ် ဒုတိယပါမောက္ခချုပ်နှင့် ပြည်နယ်အဆင့် ဌာနဆိုင်ရာ တာဝန်ရှိသူများ တက်ရောက်ကြသည်။

ဦးစွာ ချင်းပြည်နယ် လူ့စွမ်းအားအရင်းအမြစ်ဖွံ့ဖြိုးတိုးတက်ရေးနှင့် ပညာရည်မြင့်မားရေး ကော်မတီဥက္ကဋ္ဌ ပြည်နယ်ဝန်ကြီးချုပ် ဒေါက်တာဝုန်ဆွန်းထန်က ချင်းပြည်နယ်လူ့စွမ်းအားအရင်း အမြစ်ဖွံ့ဖြိုးတိုးတက်ရေးနှင့် ပညာရည်မြင့်မားရေးကော်မတီသည် ချင်းပြည်နယ်အတွင်းရှိ အစိုးရ ဝန်ထမ်းများ၊ ကျောင်းသား/ကျောင်းသူများနှင့် ပြည်သူတို့၏ လူသားအရင်းအမြစ်ဖွံ့ဖြိုးတိုးတက်ရေး လုပ်ငန်းများ ဆောင်ရွက်နိုင်ရန်အတွက် ချင်းပြည်နယ်အစိုးရအဖွဲ့က ကမကထပြု ဖွဲ့စည်းထားခြင်းဖြစ်ကြောင်း၊ ကော်မတီတွင် အားကစားကဏ္ဍနှင့် လူ့စွမ်းအားအရင်းအဖြစ် ဖွံ့ဖြိုးရေးကဏ္ဍဟူ၍ ထပ်မံခွဲထားပြီး လုပ်ငန်းဆောင်ရွက်ရန် ရန်ပုံငွေများ လျာထားခဲ့ပြီးဖြစ်ပါကြောင်း၊ အကျိုးရှိမည်ဟု ယုံကြည်ပါကြောင်း၊ မည်သည့်အလုပ်မဆို ပါ  ဝင်ဆောင်ရွက်ရန်ဖြစ်ပြီး ဆောင်ရွက်ရာတွင်လည်း စေတနာပါပါဖြင့် ဆောင်ရွက်ရန်လိုသကဲ့သို့ စနစ်တကျဖြစ်ရန်လည်း လိုအပ်ပါကြောင်း၊ သို့ဖြစ်၍ အစည်းအဝေးတက်ရောက်လာကြသူ အားလုံးက အကောင်းဆုံးအကြံအဉာဏ်များပေး၍ ဆွေးနွေးတင်ပြကြစေလိုကြောင်း အမှာစကားပြောကြားသည်။

ထို့နောက် ချင်းပြည်နယ်လူ့စွမ်းအားအရင်းအမြစ် ဖွံ့ဖြိုးတိုးတက်ရေးနှင့် ပညာရည်မြင့်မား ရေးကော်မတီအတွင်းရေးမှူး ပြည်နယ်လူမှုရေးရာဝန်ကြီး ဦးဝင်းဇော်ဦးက ကော်မတီဝင်များအနေ ဖြင့် လက်ရှိလုပ်ငန်းများ ဆောင်ရွက်ထားရှိမှုအပေါ် ရှေ့တွင် မည်ကဲ့သို့ ဆောင်ရွက်ရမည်ကို စဉ်းစားတွေးခေါ်ပြီး လက်ရှိဖြစ်ပေါ်နေသည့် အခြေအနေနှင့် ကိုက်ညီသည့် သုံးသပ်အကြံပြုချက်များဖြင့် ဆွေးနွေးကြစေလိုကြောင်း ဆွေးနွေးတင်ပြသည်။

ယင်းနောက် ချင်းပြည်နယ်လူ့စွမ်းအားအရင်းအမြစ် ဖွံ့ဖြိုးတိုးတက်ရေးနှင့် ပညာရည်မြင့်မား ရေးကော်မတီ တွဲဖက်အတွင်းရေးမှူး(၁)၊ ပြည်နယ်ရသုံးမှန်းခြေငွေစာရင်းဦးစီးဌာန ညွှန်ကြားရေးမှူး ဦးကျော်ဇင်ဦးနှင့် တွဲဖက်အတွင်းရေးမှူး(၂)၊ ပြည်နယ်ပညာရေးမှူး ဦးဘီကူးဒူတို့က ကော်မတီဖွဲ့စည်းမှု၊ လုပ်ငန်းတာဝန်များ၊ လုပ်ငန်းစဉ်များနှင့် အစီအမံများကို ရှင်းလင်းဆွေးနွေးကြပြီး အစည်းအဝေးတက်ရောက်လာကြသည့် ကော်မတီဝင်များကလည်း မိမိတို့ကဏ္ဍအလိုက် ဆွေးနွေးတင်ပြကြသည်။

ဆွေးနွေးတင်ပြချက်များအပေါ် ပြည်နယ်ဥပဒေချုပ် ဦးဆွန်ဒုတ်ကျင်က အကြံပြုဖြည့်စွက် ဆွေးနွေးတင်ပြပြီး ချင်းပြည်နယ်လူ့စွမ်းအားအရင်းအမြစ် ဖွံ့ဖြိုးတိုးတက်ရေးနှင့် ပညာရည်မြင့်မား ရေးကော်မတီဥက္ကဋ္ဌ ပြည်နယ်ဝန်ကြီးချုပ်က လိုအပ်ချက်များ ပေါင်းစပ်ပေးကာ နိဂုံးချုပ်အမှာစကား ပြောကြားခဲ့ကြောင်း သိရသည်။

ခရိုင်(ပြန်/ဆက်)

No comments:

Post a Comment