ဟားခါး စက်တင်ဘာ ၁၂
ချင်းပြည်နယ်အစိုးရအဖွဲ့ ဥပဒေချုပ်၊ တိုင်းရင်းသားရေးရာဝန်ကြီးဌာန၊ စီးပွားရေးရာဝန်ကြီးဌာန ကွပ်ကဲမှုအောက်ရှိ ဌာနဆိုင်ရာများ၏ ပထမ (၃) လပတ် လုပ်ငန်းဆောင်ရွက်မှုပြီးစီးမှုအခြေအနေ ရှင်းလင်းတင်ပြခြင်းအစည်းအဝေးကို စက်တင်ဘာလ ၁၁ ရက် နံနက် ၉ နာရီခွဲက ဟားခါးမြို့၊ ချင်းပြည်နယ်အစိုးရအဖွဲ့ရုံး၊ အစည်းအဝေးခန်းမ၌ကျင်းပရာ ချင်းပြည်နယ်ဝန်ကြီးချုပ် ဒေါက်တာဝုန်ဆွန်ထန်၊ ပြည်နယ်ဝန်ကြီးများ၊ ပြည်နယ်ဥပဒေချုပ်၊ ပြည်နယ်အစိုးရအဖွဲ့အတွင်းရေးမှူးနှင့် ဥပဒေချုပ်၊ တိုင်းရင်းသားရေးရာဝန်ကြီး၊ စီးပွားရေးရာဝန်ကြီး ကွပ်ကဲမှုအောက်ရှိ ဌာနဆိုင်ရာများ တက်ရောက်ကြသည်။
ဦးစွာ ပြည်နယ်ဝန်ကြီးချုပ် ဒေါက်တာဝုန်ဆွန်းထန်က ဌာနဆိုင်ရာများများအနေဖြင့် အချင်းချင်း ပူးပေါင်းဆောင်ရွက်မှုအားကောင်းစေရေးအတွက် ယခုကဲ့သို့ ပထမ (၃) လပတ် လုပ်ငန်းဆောင်ရွက်ပြီးစီးမှု အစည်းအဝေးပြုလုပ်ရခြင်းဖြစ်ကြောင်း၊ အစည်းအဝေးတက်ရောက်လာကြသည့် ဌာနဆိုင်ရာများအနေဖြင့် ပွင့်ပွင့်လင်းလင်း တင်ပြကြစေလိုကြောင်း၊ တင်ပြဆွေးနွေးချက်များကို သေသေချာချာ နားထောင်ပေးစေလိုကြောင်း၊ ဝေဖန်ထောက်ပြခြင်းသည် အပြစ်တင်ခြင်း မဟုတ်ပါကြောင်း၊ ထိုသို့ ဝေဖန်ထောက်ပြမှသာ တိုးတက်မှုရရှိလာမှာဖြစ်ကြောင်းဖြင့် အမှာစကားပြောကြား သည်။
ဆက်လက်၍ ပြည်နယ်ဥပဒေချုပ် ဦးဆွန်းဒုတ်ကျင့်၊ တိုင်းရင်းသားရေးရာဝန်ကြီး ဦးစိန်ထွန်းလှ၊ ပြည်နယ်စီးပွားရေးရာဝန်ကြီး (ကိုယ်စား) လူမှုရေးရာဝန်ကြီး ဦးဝင်းဇော်ဦးက မိမိတို့ကွပ်ကဲမှုအောက်ရှိ ဌာနများ၏ ဖွဲ့စည်းပုံ၊ မူဝါဒ၊ လုပ်ငန်းစဉ်နှင့် ပထမ (၃) လပတ်အတွင်း လုပ်ငန်းဆောင်ရွက်ပြီးစီးမှုအခြေအနေများကို ရှင်းလင်းတင်ပြပြီးနောက် သက်ဆိုင်ရာဝန်ကြီးဌာနကွပ်ကဲမှု အောက်ရှိ ပြည်နယ်အဆင့် ဌာနဆိုင်ရာများက Power Point ဖြင့် အသေးစိတ်ဆွေးနွေးတင်ပြကြသည်။
ဥပဒေချုပ်၊ တိုင်းရင်းသားရေးရာဝန်ကြီး၊ စီးပွားရေးရာဝန်ကြီး ကွပ်ကဲမှုအောက်ရှိ ပြည်နယ်အဆင့် ဌာနဆိုင်ရာတာဝန်ရှိသူများ၏ တင်ပြချက်များအပေါ် ပြည်နယ်လူမှုရေးရာဝန်ကြီး၊ ပြည်နယ်ဥပဒေချုပ်၊ ပြည်နယ်စီမံကိန်းဦးစီးမှူး ဦးသန်းအောင်နှင့် ပြည်နယ်ရသုံးမှန်းခြေ ငွေစာရင်းဦးစီးဌာနမှူး ဦးကျော်ဇင်ဦးတို့က အကြံပြုဆွေးနွေးတင်ပြကြပြီး ပြည်နယ်ဝန်ကြီးချုပ်က လိုအပ်ချက်များ ပေါင်းစပ်ညှိနှိုင်းပေးကာ နိဂုံးချုပ်အမှာစကားပြောကြားခဲ့ကြောင်း သိရသည်။
ခရိုင် (ပြန်/ဆက်)
No comments:
Post a Comment