Monday, September 30, 2024

တိုင်းဒေသကြီးဝန်ကြီးချုပ် ပုသိမ်မြို့ ကန်သုံးဆင့်ကန်ပတ်လမ်း တိုးချဲ့ဆောင်ရွက်နေမှုနှင့် ပုသိမ်-ရှောပြာ-ချောင်းသာကားလမ်း လူသွားလမ်းပလက်ဖောင်း တည်ဆောက်ခြင်းလုပ်ငန်း ဆောင်ရွက်နေမှုများ ကြည့်ရှုစစ်ဆေး

 


ပုသိမ် စက်တင်ဘာ ၃၀

ဧရာဝတီတိုင်းဒေသကြီးဝန်ကြီးချုပ် ဦးတင်မောင်ဝင်းသည် ယမန်နေ့နံနက်ပိုင်းက တာဝန်ရှိသူများနှင့်အတူ ပုသိမ်မြို့ ကန်သုံးဆင့်ကန်ပတ်လမ်းတိုးချဲ့ဆောင်ရွက်နေမှုနှင့် ပုသိမ်-ရှောပြာ-ချောင်းသာကားလမ်း(မိုင်၀/၀မှ ၀/၇.၂၅)အတွင်း ယာဉ်သွားလမ်းချဲ့ခြင်းနှင့် လူသွားလမ်းပလက်ဖောင်း တည်ဆောက်ခြင်းလုပ်ငန်း၊ ဆိုင်ကယ်သွားလမ်းအတွက်(၅)ပေ အကျယ်ကွန်ကရစ်လမ်းနှစ်ဘက်တည်ဆောက်ခြင်း၊ (၅)ပေအကျယ် လူသွားလမ်းနှစ်ဘက် တည်ဆောက်ခြင်းအတွက် မြေညှိခြင်းလုပ်ငန်းများ ဆောင်ရွက်နေမှုများ ကြည့်ရှုစစ်ဆေးခဲ့သည်။

ဦးစွာ တိုင်းဒေသကြီးဝန်ကြီးချုပ်နှင့် အဖွဲ့သည် ပုသိမ်မြို့၊ ကန်သုံးဆင့် ပန်းခြံသို့ သွားရောက်၍ ကန်ပတ်လမ်း တိုးချဲ့တည်ဆောက်နေမှုများနှင့် ကန်သုံးဆင့်ပန်းခြံ စိမ်းလန်းစိုပြည်စေရေး အဆင့်မြှင့်တင်ခြင်း လုပ်ငန်းဆောင်ရွက်နေမှုများအား ကြည့်ရှုစစ်ဆေးခဲ့ပြီး တာဝန်ရှိသူများ၏ ရှင်းလင်းတင်ပြမှုများအပေါ်  ကန်ပတ်လမ်းအား လမ်းပုခုံးများ စနစ်တကျ ဆောင်ရွက်စေရေး၊ အများပြည်သူများ စိတ်အေးချမ်းစွာ အနားယူနိုင်စေရေး၊  မြတ်ခင်းများ စနစ်တကျ စိုက်ပျိုးစေရေး၊ ပျိုးဥယျာဉ်များ စနစ်တကျ စိုက်ပျိုးစေရေးနှင့် အမှိုက်ပုံးများထားရှိ၍ အမှိုက်များ စနစ်တကျ စွန့်ပစ်စေရေးနှင့် သတ်မှတ်ကာလအတွင်း ပြီးစီးစေရေးမှာကြားခဲ့သည်။

ထို့နောက် တိုင်းဒေသကြီးဝန်ကြီးချုပ်သည် ပုသိမ်-ရှောပြာ-ချောင်းသာကားလမ်း(မိုင်၀/၀မှ၀/၇.၂၅)အတွင်း ယာဉ်သွားလမ်းချဲ့ခြင်းနှင့် လူသွားလမ်းပလက်ဖောင်း တည်ဆောက်ခြင်းလုပ်ငန်းသို့ သွားရောက်၍ ဆိုင်ကယ်သွားလမ်းအတွက် (၅)ပေအကျယ် ကွန်ကရစ်လမ်းနှစ်ဘက်တည်ဆောက်ခြင်း၊ (၅)ပေအကျယ် လူသွားလမ်းနှစ်ဘက် တည်ဆောက်ခြင်းအတွက် မြေညှိခြင်းလုပ်ငန်းများ ဆောင်ရွက်နေမှုများကို ကြည့်ရှုစစ်ဆေးခဲ့ပြီး တာဝန်ရှိသူများမှ လမ်းလုပ်ငန်းဆောင်ရွက်နေမှုများ၊ green area  ဆောင်ရွက်မည့် အခြေအနေများ ရှင်းလင်းတင်ပြမှုအပေါ် တိုင်းဒေသကြီးဝန်ကြီးချုပ်က လမ်းအရည်အသွေးပြည့်မီရေးနှင့် သတ်မှတ်ကာလအတွင်း ပြီးစီးစေရေး မှာကြားခဲ့သည်။

လှမင်းထွဋ်(ပြန်/ဆက်)

No comments:

Post a Comment