မော်လမြိုင် စက်တင်ဘာ ၂၇
မွန်ပြည်နယ်၊ ကျိုက်မရောမြို့နယ်၊ ချောင်းနှစ်ခွကျေးရွာ၌ မီးလောင်ပျက်စီးခဲ့သည့် နေအိမ်များနှင့်ဘေးသင့်ပြည်သူများအား အလှူငွေနှင့်ပစ္စည်းများ ထောက်ပံ့ပေးအပ်ပွဲ အခမ်းအနားကို ယမန်နေ့မွန်းလွဲပိုင်းက ကျိုက်မရောမြို့နယ်၊ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနရုံး၊ ရွှေဟင်္သာခန်းမ၌ကျင်းပပြုလုပ်ခဲ့သည်။
အခမ်းအနားတွင်
ပြည်နယ်ဝန်ကြီးချုပ်က ကျိုက်မရောမြို့နယ်၊ ချောင်းနှစ်ခွကျေးရွာတွင် မီးလောင်ပျက်စီးခဲ့သည့်နေအိမ်များနှင့်
ဘေးသင့်ပြည်သူများအတွက် လိုအပ်သည်များကို အဘက်ဘက်မှဖြည့်ဆည်းပေးနိုင်ရေး အထူးအလေးထားဆောင်ရွက်ပေးခဲ့ပါကြောင်း၊
ကျေးရွာနေပြည်သူများ၏ စားဝတ်နေရေး၊ ပြန်လည်ထူထောင်ရေးလုပ်ငန်းများအတွက် အစားအသောက်၊ အဝတ်အထည်၊ အိမ်ဆောက်ပစ္စည်းများ၊
ကယ်ဆယ်ရေးပစ္စည်းများ လိုလေသေးမရှိစေရေး ကူညီဆောင်ရွက်နိုင်ရန် ယခုကဲ့သို့ လူမှုဝန်ထမ်း၊
ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာနနှင့် မွန်ပြည်နယ်အစိုးရအဖွဲ့တို့မှ အတတ်နိုင်ဆုံး
ကူညီထောက်ပံ့လျက်ရှိကြောင်း၊ တာဝန်ရှိသူများအနေဖြင့်လည်း ဒေသခံပြည်သူများ၏ လုံခြုံရေး၊
စိုက်ပျိုး၊ မွေးမြူရေး၊ ပညာရေး၊ ကျန်းမာရေး၊ လျှပ်စစ်ဓာတ်အား အသုံးပြုနိုင်ရေးအပြင်
သဘာဝဘေးအန္တရယ်ကြိုတင်ကာကွယ်နိုင်ရေးတို့ကို ဝိုင်ဝန်းပူးပေါင်းဆောင်ရွက်ပေးကြရန်ဖြင့်
အမှာစကားပြောကြားခဲ့သည်။
ထို့နောက်
ပြည်နယ်ဝန်ကြီးချုပ်က လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊
ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာနမှထောက်ပံ့သော နေအိမ်(၁၄၇)လုံးအတွက် အိမ်ဆောက်ပစ္စည်းဖိုး
ထောက်ပံ့ငွေကျပ် (၂၉၄၀၀၀၀ဝ) အား ထောက်ပံ့ပေးအပ်ခဲ့သည်။
ထို့နောက်
ပြည်နယ်လုံခြုံရေးနှင့်နယ်စပ်ရေးရာဝန်ကြီးက လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊
ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာနမှ ထောက်ပံ့သော ဘေးသင့်လူဦးရေ (၃၇၀၅) ဦးအတွက်
ဆန်ရိက္ခာထောက်ပံ့ငွေကျပ် (၁၅၅၆၁၀၀ဝ) အားလည်းကောင်း၊ ပြည်နယ်လူမှုရေးရာဝန်ကြီးက ကယ်ဆယ်ရေးပစ္စည်း
(၁၆) မျိုး၊ အိမ်ထောင်စု (၁၄၇) စုစာအတွက် တန်ဖိုးငွေကျပ် (၁၅၈၂၈၆၆၆) ရှိ ကယ်ဆယ်ရေးပစ္စည်းများအားလည်းကောင်း
အသီးသီးထောက်ပံ့ပေးအပ်ခဲ့ကြပြီး ဘေးသင့်ပြည်သူများကိုယ်စား ပြည်သူတစ်ဦးမှ ကျေးဇူးတင်စကား
ပြန်လည်ပြောကြားခဲ့ကာ ပြည်နယ်ဝန်ကြီးချုပ်က ဒေသခံပြည်သူများအား ရင်းရင်းနှီးနှီး လိုက်လံအားပေးစကားပြောကြားခဲ့ပြီး
ဒေသလိုအပ်ချက်များ တင်ပြတောင်းခံမှုအပေါ် လိုအပ်သည်များကို ပေါင်းစပ်ညှိနှိုင်းဖြည့်ဆည်း
ဆောင်ရွက်ပေးခဲ့ကြောင်း သိရှိရသည်။
စည်သူ
(ပြန်/ဆက်)










No comments:
Post a Comment