နေပြည်တော် စက်တင်ဘာ ၁၁
“ချစ်စရာ့အရွယ်ကစားကြမယ်” ကလေးအစီအစဉ်ကို MRTV- HD Channel မှ အပတ်စဉ် စနေနေ့တိုင်း ထုတ်လွှင့်ပြသလျက်ရှိရာ စက်တင်ဘာ ၁၄ ရက် (စနေနေ့) နံနက် ၁၁ နာရီတွင် လှိုင်သာယာ (၁) မူလတန်းကြိုကျောင်းနှင့် မင်္ဂလာဒုံမူလတန်းကြိုကျောင်းတို့မှ ကလေးငယ်များ ပါဝင်ကစားကြပုံများကို မြန်မာ့အသံနှင့်ရုပ်မြင်သံကြား၏ MRTV-HD Channel မှ ဆက်လက်ထုတ်လွှင့်ပြသမည်ဖြစ်သည်။
အဆိုပါ
အစီအစဉ်ကို ကလေးများ ကိုယ်ခန္ဓာသန်စွမ်းပြီး စိတ်ရွှင်လန်းစေရန်၊ ကလေးများ၏ ကာယ၊
ဉာဏ၊ စာရိတ္တဘက်စုံ ဖွံ့ဖြိုးတိုးတက်စေရန်နှင့် ကလေးငယ်များ အချင်းချင်းချစ်ချစ်ခင်ခင်
ရင်းရင်းနှီးနှီး ပေါင်းသင်းဆက်ဆံတတ်စေရန် ရည်ရွယ်ချက်များဖြင့်
ပြန်ကြားရေးဝန်ကြီးဌာန မြန်မာ့အသံနှင့် ရုပ်မြင်သံကြားနှင့် လူမှုဝန်ထမ်း၊
ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာ ချထားရေးဝန်ကြီးဌာန၊ လူမှုဝန်ထမ်းဦးစီးဌာနတို့ ပူးပေါင်းစီစဉ်တင်ဆက်ခြင်းဖြစ်ပြီး
MRTV App မှလည်း
Streaming ထုတ်လွှင့်မည်ဖြစ်ရာ တစ်ချိန်တည်း ကြည့်ရှုနိုင်မည်ဖြစ်သည်။
ယင်းအစီအစဉ်ကို
MRTV App ၏
Youth Sector နှင့် MRTV Telegram တို့တွင်လည်း
ဆက်လက်လွှင့်တင်ထားမည်ဖြစ်၍ ဝင်ရောက်ကြည့်ရှုနိုင်မည်ဖြစ်သည့်အပြင် စက်တင်ဘာ ၁၆
ရက် (တနင်္လာနေ့) ညနေ ၄ နာရီ သတင်းအပြီးတွင်လည်း Replay ထပ်မံပြသမည်ဖြစ်ကြောင်း
သိရသည်။
သတင်းစဉ်
No comments:
Post a Comment