နေပြည်တော် စက်တင်ဘာ ၁၁
သယံဇာတနှင့်
သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးဝန်ကြီးဌာန သစ်တောဦးစီးဌာနသည် တရားမဝင်သစ်နှင့်
သစ်တောထွက်ပစ္စည်းများ ရှာဖွေဖော်ထုတ်ဖမ်းဆီးရေးအား ပြည်သူပူးပေါင်းပါဝင်မှုဖြင့်
လူထုအခြေပြုစောင့်ကြပ်ကြည့်ရှုသတင်းပို့စနစ် (Community Monitoring and Reporting System-CMRS) အပါအဝင် နည်းလမ်းမျိုးစုံဖြင့် အကောင်အထည်ဖော်ဆောင်ရွက်လျက်ရှိရာ စက်တင်ဘာ
၂ ရက်မှ စက်တင်ဘာ ၈ ရက်အထိ နေပြည်တော်၊ ပြည်နယ်နှင့် တိုင်းဒေသကြီး
သစ်တောဦးစီးဌာနများမှ ပေးပို့လာသော စာရင်းများအရ တရားမဝင်ကျွန်း ၁၇ ဒသမ ၁၅၇၄ တန်၊
သစ်မာ ၁၆ ဒသမ ၄၄၁၆ တန်၊ အခြား ၁၀ ဒသမ ၃၅၄၄ တန် စုစုပေါင်း ၄၃ ဒသမ ၉၅၃၄ တန်၊
ယာဉ်/ယန္တရား ၁၃ စီး၊ တရားခံ ၁၄ ဦး ဖမ်းဆီးရမိခဲ့ကြောင်း သိရသည်။
သတင်းစဉ်
No comments:
Post a Comment