နေပြည်တော် စက်တင်ဘာ ၁၅
မြန်မာနိုင်ငံ အမျိုးသမီးများနှင့် ကလေးသူငယ်များ ဘဝမြှင့်တင်ရေးအသင်း (ဗဟို) နှင့် နေပြည်တော် အမျိုးသမီးများနှင့် ကလေးသူငယ်များ ဘဝမြှင့်တင်ရေးအသင်းတို့မှ ယနေ့နေ့လယ်ပိုင်းတွင် ပြည်ထောင်နယ်မြေ နေပြည်တော်အတွင်း မိုးသည်းထန်စွာ ရွာသွန်းမှုကြောင့် ရေဘေးသင့် ပြည်သူများအား နေပြည်တော် လယ်ဝေးမြို့နယ် ဗောဓိကုန်းကျေးရွာ ဗောဓိကုန်း မိုးကုတ်ဝိပဿနာ ဓမ္မရိပ်သာကျောင်းတိုက်နှင့် ပျံချီအုပ်စုဧလာတိဏ္ဏကျောင်းတိုက်များသို့ သွားရောက်၍ အားပေးလှူဒါန်းသည်။
ဦးစွာအသင်းမှ
ဥက္ကဋ္ဌ ဒေါက်တာဝေဝေသာနှင့် အလုပ်အမှူဆောင်များ၊ နေပြည်တော် တိုင်းအသင်းမှ ဥက္ကဋ္ဌနှင့်
အဖွဲ့ဝင် များသည် ဗောဓိကုန်း မိုးကုတ်ဝိပဿနာ ဓမ္မရိပ်သာကျောင်းတိုက်ဆရာတော် ဘဒ္ဒန္တ
ဩဘာသထံမှ အနုမောဒနာတရားနာကြား၍ သင်္ကန်းဆက်ကပ်လှူဒါန်းကာ ရေစက်သွန်းချ အမျှပေးဝေပြီးနောက်
ကျောင်းတိုက်၌ ဖွင့်လှစ်ထားသည့် ယာယီရေဘေးရှောင်စခန်းတွင် ရောက်ရှိနေသည့် ပြည်သူများအားတွေ့ဆုံ၍
အားပေးစကားများ ပြောဆိုကာ အခြေခံစားကုန်များ ဖြစ်သော ဆန်၊ ဆီနှင့် အဝတ်အထည်များ၊ အသုံးအဆောင်များ၊
ဆပ်ပြာများ၊ မုန့်များ၊ ကလေးကစားစရာအရုပ်များကို လှူဒါန်းကြသည်။
ထို့နောက် လယ်ဝေးမြို့နယ်
ပျံချီအုပ်စု ဧလာတိဏ္ဏကျောင်းတိုက်၌ ဖွင့်လှစ်ထားသည့် ယာယီရေဘေးရှောင်စခန်းတွင် ရောက်ရှိနေသည့်
ပြည်သူများအား တွေ့ဆုံ၍ အားပေးစကားများ ပြောဆိုကာ အခြေခံစားကုန်များ ဖြစ်သော ဆန်၊ ဆီနှင့်
အဝတ်အထည်များ၊ အသုံးအဆောင်များ၊ ဆပ်ပြာများ၊ မုန့်များ၊ ကလေးကစားစရာအရုပ်များကို လှူဒါန်းခဲ့ကြပြီး
လှူဒါန်းမှူစုစုပေါင်းမှာ ကျပ်သိန်း ၆၀ ခန့်ဖြစ်ကြောင်း သိရသည်။
သတင်းစဉ်

No comments:
Post a Comment