Thursday, September 12, 2024

ပုဂံကမ္ဘာ့အမွေအနှစ်ဒေသအတွင်းရှေးဟောင်း ပုဂံခေတ်ရေကန်များအတွင်းသို့ ရေများ စတင် ဝင်ရောက်

 



ညောင်ဦး  စက်တင်ဘာ 

မန္တလေးတိုင်းဒေသကြီး ညောင်ဦးခရိုင်၊ ညောင်ဦးမြို့နယ် ပုဂံရှေးဟောင်းယဉ် ကျေးမှုနယ်မြေရှိ ရှေးဟောင်းပုဂံခေတ်ရေကန်များ ပြန်လည်ဖော်ထုတ်ဆယ်ယူလျက်ရှိရာ ယမန်နေ့နံနက် နာရီအချိန်ကရွာသွန်းသည့်မိုးဖြင့်ရေကန်များအတွင်း ရေများစတင်ဝင်ရောက်လျက်ရှိကြောင်းရှေးဟောင်းသုတေသနနှင့် အမျိုးသားပြတိုက်ဦးစီးဌာန၊ ပုဂံဌာနခွဲ၊တာဝန်ရှိသူများထံက သိရသည်။

ပုဂံရှေးဟောင်းယဉ်ကျေးမှုနယ်မြေအတွင်း ရှေးဟောင်းပုဂံခေတ်ရေကန်များ ပြန်လည်ဖော်ထုတ်ပြုပြင်ကန်ဆယ်ခဲ့ရာ အလှူရှင်များလှူဒါန်းမှုဖြင့် ပြန်လည်ဆယ်ယူခြင်းနှင့် သာသနာရေးနှင့်ယဉ်ကျေးမှုဝန်ကြီးဌာန၊ စိုက်ပျိုးရေး၊ မွေးမြူရေးနှင့်ဆည်မြောင်းဝန်ကြီးဌာန၊ နယ်စပ်ရေးရာဝန်ကြီးဌာနတို့မှ တာဝန်ယူပြန်လည်ဖော်ထုတ်၍ ရှေးဟောင်းရေကန်များ ဆယ်ယူခဲ့ရာ ရွှေထီးကန်၊ ဆွေတော်မျိုးတော်ကန်၊ ပျားကြီးစွဲကန်၊ သဲစစ်ကန်ခေါ် မင်းနန်သူကန်၊ ဆုတောင်းပြည့်ရေစုကန်၊ ဘူးလည်သီးကန်၊ ဆုတောင်းပြည့်ကန်ခေါ် အေးသာယာကန်၊ ဆုတောင်းပြည့်ကန်ခေါ်အုတ်ကန်၊ နန္ဒာကန်၊ ခရေလောကန်၊ အာမနာကန်၊ ရေတော်မုနိကန်၊ ရွာဟောင်းကြီးကန်၊ ဇယဝေရီကန်၊  မင်္ဂလာကန်-၃၊ ညောင်လက်ဖက်ကန်၊ ကန်သစ်ကန်၊ မရိုးကန်၊ အလံပြကန်၊ ဘုန်းစဉ်ကန်၊ အောက်ချောက်ကန်၊ တက်သိမ်းကန်၊ မြောက်တစ်ဝက်ကန်၊ ဖိုးသူတော်ကန်၊ ဖျောက်ဆိပ်ပင်ကန်-၁၊ ဖျောက်ဆိပ်ပင် ကန်-၂၊ ဖျောက်ဆိပ်ပင်ကန်-၃၊ ကိုမောက်ကန်၊ ကန်သစ်ကြီးကန်၊ သူဌေးကန်၊ ကျောက်အိုးကန်၊ တစ်ပင်ကန်၊ သမ္ဘူလကန်၊ ကုသိနာရုံကန်နှင့် မင်္ဂလာကန်-၂ တို့တွင် မိုးရေစတင် ဝင်ရောက်လျက်ရှိကြောင်း သိရသည်။

ပုဂံခေတ် ရှေးဟောင်းရေကန်များအတွင်း ရေဝင်ရောက်မှုအခြေအနေများအား၊ ရေစီးလမ်း ကြောင်းများနှင့် မိုးရွာသွန်းမှုအခြေအနေများအား သက်ဆိုင်ရာဌာနဆိုင်ရာများ ပူးပေါင်းကာ စစ်ဆေးဆောင်ရွက်လျက်ရှိကြောင်း သိရသည်။

ဒီပါလင်း

No comments:

Post a Comment