Friday, June 28, 2024

မွန်ပြည်နယ်ဝန်ကြီးချုပ် ဦးအောင်ကြည်သိန်း အမှတ် (၄) တပ်မတော်တန်းမြင့် လေ့ကျင့်ရေးကျောင်း ပြည်သူ့စစ်မှုထမ်း သင်တန်းအမှတ်စဥ် (၁) သင်တန်းဆင်းပွဲတက်ရောက်

သံဖြူဇရပ် ဇွန် ၂၈

မွန်ပြည်နယ် ပြည်သူ့စစ်မှုထမ်းသင်တန်းအမှတ်စဥ် (၁) သင်တန်းဆင်းပွဲအခမ်းအနားကို ယနေ့နံနက်ပိုင်းက အမှတ် (၄) တပ်မတော်တန်းမြင့်လေ့ကျင့်ရေးကျောင်း၌ ကျင်းပရာ၊ သင်တန်းဆင်းပွဲအခမ်းအနားသို့ မွန်ပြည်နယ်ဝန်ကြီးချုပ် ဦးအောင်ကြည်သိန်းနှင့် အစိုးရအဖွဲ့ဝင်ဝန်ကြီးများ၊ တိုင်းဦးစီးချုပ် (အရှေ့တောင်တိုင်းစစ်ဌာနချုပ်)၊ သံဖြူဇရပ်တပ်နယ်၊ တပ်နယ်မှူးနှင့်အရာရှိစစ်သည်များ၊ သံဖြူဇရပ်မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌနှင့်အဖွဲ့ဝင်များ၊ မြို့နယ်အဆင့်ဌာနဆိုင်ရာများ၊ ရပ်ကွက်/ကျေးရွာအုပ်ချုပ်ရေးမှူးများ၊ မြို့နယ်စစ်မှုထမ်းဟောင်း အဖွဲ့ဝင်များ တက်ရောက်ခဲ့ကြသည်။

 

ရှေးဦးစွာ အမှတ် (၄) တပ်မတော်တန်းမြင့်လေ့ကျင့်ရေးကျောင်း ကျောင်းအုပ်ကြီး ဗိုလ်မှူးချုပ် ထွန်းနိုင်ဦးမှ သင်တန်းသား၏အလေးပြုခြင်းကိုခံယူပြီး သင်တန်းအား လှည့်လည်စစ်ဆေးခြင်း ပြုလုပ်ပြီး သင်တန်းတွင်ဆုရရှိသည့် သင်တန်းသားများအားဆုများ ပေးအပ်ခြင်းနှင့် သင်တန်းသားများမှ ကတိသစ္စာခံယူကာ ကျောင်းအုပ်ကြီးကသင်တန်းဆင်းမိန့်ခွန်းပြောကြားပြီး၊ သင်တန်းတပ်ခွဲမှ ချီတက်အလေးပြုခဲ့ကြကြောင်း သိရသည်။

မြို့နယ်(ပြန်/ဆက်)

No comments:

Post a Comment