ကချင်ပြည်နယ် အစိုးရအဖွဲ့အနေဖြင့် မြစ်ကြီးနားမြို့အား
မြို့တော်အင်္ဂါရပ်နှင့်အညီ စိမ်းလန်း စိုပြည်ပြီး ပန်းမြို့တော်ဖြစ်လာစေရေး၊ ပြည်သူများ
သစ်တောသစ်ပင်များ၏ တန်ဖိုးကို နားလည် မြတ်နိုးသည့် စိတ်ဓာတ်ဖြစ်ပေါ်လာစေရေး ဇွန်
၂၈ ရက်နေ့တွင် ကျရောက်မည့် ကမ္ဘာ့သစ်ပင်များနေ့ အထိမ်းအမှတ် မြို့တွင်း အများပြည်သူအပန်းဖြေရာနေရာများတွင်
ယနေ့ နံနက် ၇ နာရီက မိုးရာသီ စုပေါင်းသစ်ပင်စိုက်ပျိုးပွဲတော်များကို
ကျင်းပပြုလုပ်သည်။
ရှေးဦးစွာ ကမ္ဘာ့သစ်ပင်စိုက်ပျိုးရေးနေ့ အထိမ်းအမှတ်အဖြစ်
စီတာပူရပ်ကွက် မနောကွင်း (၆၅)ဧကအတွင်းရှိ မနောဥယျာဉ်ပတ်လမ်း၌
မိုးရာသီစုပေါင်းသစ်ပင်စိုက်ပျိုးပွဲတော် ကျင်းပပြုလုပ် ရာ ပြည်နယ်ဝန်ကြီးချုပ်
ဦးခက်ထိန်နန်က တက်ရောက်အမှာစကား ပြောကြားသည်။
ထို့နောက် မြန်မာနိုင်ငံကချင်လူမျိုးရိုးရာ ယဉ်ကျေးမှုအဖွဲ့ဥက္ကဋ္ဌ
ဦးဇော်မိုးနော်နှင့် ငြိမ်းချမ်းသော ကမ္ဘာကို တည်ထောင်သူများအဖွဲ့ ဥက္ကဋ္ဌတို့က
သစ်ပင်စိုက်ပျိုးပွဲတော်တွင် ပူးပေါင်းပါဝင်ရခြင်းနှင့် စပ်လျဉ်း၍
ဝမ်းမြောက်ဝမ်းသာကျေးဇူးတင်စကားပြောကြားပြီး ပြည်နယ်ဝန်ကြီးချုပ်က မနော
ဥယျာဉ်ပတ်လမ်းနှင့် ငွေပျော်လမ်းတို့တွင် စုပေါင်းစိုက်ပျိုးသွားမည့်
အရိပ်ရပန်းပင်များဖြစ်သည့် ငုစပ်ချယ်ရီပင်နှင့် ခရေပင်ပျိုးပင် စုစုပေါင်းအပင်
(၁၀၀) တာဝန်ရှိသူများထံ ဖြန့်ဝေပေးအပ်ခဲ့သည်။
ယင်းနောက် ပြည်နယ်ဝန်ကြီးချုပ်နှင့် ဇနီး၊
ပြည်နယ်တရားလွှတ်တော်တရားသူကြီးနှင့် ဇနီး၊ ပြည်နယ်ဝန်ကြီးများနှင့် ၎င်းတို့၏
ဇနီးများ၊ ဌာနဆိုင်ရာ တာဝန်ရှိသူများ၊ အမျိုးသမီးရေးရာအဖွဲ့ဝင် များ၊
မြန်မာနိုင်ငံ ကချင်လူမျိုး ရိုးရာယဉ်ကျေးမှုအဖွဲ့ဝင်များ၊ ငြိမ်းချမ်းသောကမ္ဘာကို
တည်ထောင်သူ အဖွဲ့ဝင်များက မနောဥယျဉ်ပတ်လမ်းနှင့် ငွေပျော်လမ်းဘေး ဝဲ/ယာတို့တွင် တစ်ပျော်တစ်ပါး
စုပေါင်း စိုက်ပျိုးပေးခဲ့ကြသည်။
ထိုမှတစ်ဆင့် မြစ်ကြီးနားမြို့ ကမ်းနားလမ်းရှိ We Love Myitkyina ဆိုင်းဘုတ်အနီး အများ
ပြည်သူအပန်းဖြေနေရာတွင် ကမ္ဘာ့သစ်ပင်များနေ့ အထိမ်းအမှတ်
မိုးရာသီစုပေါင်းသစ်ပင်စိုက်ပျိုး ပွဲတော်ကို ထပ်မံကျင်းပပြုလုပ်ပြီး
ပြည်နယ်ဝန်ကြီးချုပ်က သစ်တောသစ်ပင်သည် ကမ္ဘာမြေကြီး၏ သဘာဝပတ်ဝန်းကျင်ကို
စိမ်းလန်းစိုပြည်တည်တံ့စေရေး ဝိုင်းဝန်းထိန်းသိမ်းစောင့်ရှောက်ကြရမည့် သယံဇာတ အရင်းအမြစ်များဖြစ်သည့်အတွက်
အားလုံးက ဝိုင်းဝန်းထိန်းသိမ်းစောင့်ရှောက်ကြရမည် ဖြစ်ပါကြောင်း၊ သို့ဖြစ်ပါ၍
မိမိတို့ပတ်ဝန်းကျင်စိမ်းလန်းစိုပြည်စေရေး သစ်ပင်များ စိုက်ပျိုးပေးခြင်း ဖြင့်
နောင်နှစ်ပေါင်းများစွာထိ အကျိုးရှိနေစေမည်ဖြစ်ပါကြောင်း၊ သစ်ပင်များကို
စိုက်ပျိုးပေးခြင်း အပြင် ရှင်သန်ကြီးထွားအောင် ပြုစုပျိုးထောင်ပေးရေးကိုလည်း
အလေးအနက်ထား လုပ်ဆောင်ကြရ မည်ဖြစ်ကြောင်း တိုက်တွန်းမှာကြားသည်။
ဆက်လက်၍ မြို့နယ်စည်ပင်သာယာရေးအဖွဲ့ အမှုဆောင်အရာရှိ
ဦးလှမိုးက ကမ္ဘာ့သစ်ပင် များနေ့ အထိမ်းအမှတ်
မိုးရာသီသစ်ပင်စိုက်ပျိုးပွဲတော်များကို နှစ်စဉ်ကျင်းပပြုလုပ်၍ မြို့သန့်ရှင်းသာ
ယာလှပ၍ စိမ်းလန်းစိုပြည်လာစေရေး စဉ်ဆက်မပြတ်ဆောင်ရွက်ခဲ့မှု အခြေအနေများကို
ရှင်းလင်း တင်ပြပြီး စုပေါင်းသစ်ပင်စိုက်ပျိုးပွဲအတွက် အရိပ်ရပန်းပင်များနှင့် နှစ်ရှည်ပင်များကို
ပြည်နယ်သယံ ဇာတရေးရာဝန်ကြီး ဦးတိန့်ဆောင်နှင့် ဇနီးတို့က ပြည်နယ်ဝန်ကြီးချုပ်နှင့်
ဇနီး၊ ပြည်နယ်တရား လွှတ်တော်တရားသူကြီးချုပ်နှင့် ဇနီးတို့ထံလည်းကောင်း၊
ပြည်နယ်စည်ပင်သာယာရေးအဖွဲ့ ညွှန်ကြားရေးမှူးနှင့် မြို့နယ်အမှုဆောင်အရာရှိတို့က
ပြည်နယ်ဝန်ကြီးများနှင့် ပန်းချစ်သူများအသင်း၊ (Kachin State Clean & Green Team) အဖွဲ့တို့မှ
တာဝန်ရှိသူများထံ လည်းကောင်း အသီးသီးဖြန့်ဝေ ပေးအပ်ခဲ့ကြသည်။
ယင်းနောက် ပြည်နယ်ဝန်ကြီးချုပ်နှင့် ဇနီး၊
ပြည်နယ်တရားလွှတ်တော်တရားသူကြီးချုပ်နှင့် ဇနီး၊ ပြည်နယ်ဝန်ကြီးများနှင့်
၎င်းတို့၏ ဇနီးများ၊ ပြည်နယ်အဆင့်ဌာနဆိုင်ရာများ၊ အသင်းအဖွဲ့များ က ဧရာရပ်ကွက် ကမ်းနားလမ်းတစ်လျှောက်နှင့်
ရှမ်းစုမြောက်ရပ်ကွက် ကမ်းနားလမ်းတစ်လျှောက် အများပြည်သူ အပန်းဖြေရာနေရာများတွင် သပြေဘူတပင်
(၁၀၀)၊ ငုဝါပင် (၁၀၀)တို့ကို တစ်ပျော် တစ်ပါး စုပေါင်းစိုက်ပျိုးပေးခဲ့ကြပြီး
ပြည်နယ်ဝန်ကြီးချုပ်နှင့် တာဝန်ရှိသူများက သစ်ပင်စိုက်ပျိုးပွဲ တက်ရောက်လာသူများအား
ရင်းရင်းနှီးနှီးလိုက်လံနှုတ်ဆက်အားပေးခဲ့ကြသည်။
ထိုမှတစ်ဆင့် ပြည်နယ်ဝန်ကြီးချုပ်နှင့် အဖွဲ့ဝင်များသည်
မြစ်ကြီးနားမြို့နယ် မော်ဖောင်းကျေး ရွာအုပ်စု၊ ဒိန်ရှာကွင်းအတွင်း
ပြည်နယ်စိုက်ပျိုးရေးဦးစီးဌာနက ကြီးမှူး၍ တောင်သူအသိပညာပေး ဘောင်ပျိုးစနစ်ဖြင့်
မိုးစပါး စုပေါင်းမျိုးစေ့ချပွဲနှင့် အထွက်တိုး ဆင်းဧကရီ-၃ မျိုးစပါးများ ထောက်ပံ့
ပေးအပ်ပွဲ အခမ်းအနားသို့ တက်ရောက်ကြသည်။
အခမ်းအနားတွင် ပြည်နယ်စိုက်ပျိုးရေးဦးစီးဌာန၊
ပြည်နယ်ဦးစီးမှူး ဦးဌေးလွင်က မိုးစပါး ဘောင်တင်စနစ်ဖြင့် စိုက်ပျိုးခြင်းဖြင့်
ရရှိနိုင်သည့် အကျိုးကျေးဇူးများနှင့် ပန်းတိုင်အထွက်နှုန်း တိုးပွားရေးအတွက် စိုက်ပျိုးနည်းစနစ်
ပြောင်းလဲနိုင်သည့် အခြေအနေများကို ရှင်းလင်းတင်ပြပြီး ပြည်နယ်ဝန်ကြီးချုပ်က
ဒေသခံတောင်သူများအား မိုးစပါးပန်းတိုင်အထွက်နှုန်းရရှိရေးအပြင် သီးထပ် စိုက်ပျိုးနိုင်ရေး
လိုအပ်ချက်များကို မေးမြန်းဆွေးနွေးကာ စိုက်ပျိုးရေလုံလောက်စွာရရှိရေး၊ ကျွဲ/နွား အန္တရာယ်အတွက်
ခြံဝင်းခတ်ပေးနိုင်ရေး၊ လိုအပ်သည့် မျိုးကောင်းမျိုးသန့်နှင့် မြေသြဇာလုံလောက် စွာသုံးစွဲနိုင်ရေး
တာဝန်ရှိသူများနှင့် ပေါင်းစပ်ညှိနှိုင်း၍ ဖြည့်ဆည်းဆောင်ရွက်ပေးခဲ့ပြီး
တောင်သူများ အတွက် မျိုးကောင်းမျိုးသန့် အထွက်တိုး ဆင်းဧကရီ-၃
မျိုးစပါးအိတ်များကို ထောက်ပံ့ပေးအပ် ခဲ့သည်။
ယင်းနောက် ပြည်နယ်ဝန်ကြီးချုပ်နှင့် အဖွဲ့ဝင်များသည်
တောင်သူများနှင့်အတူ စိုက်ကွင်း အတွင်း မျိုးကောင်းမျိုးသန့် အထွက်တိုးဆင်းဧကရီ-၃
မျိုးစပါးများအား စိုက်ပျိုးရေးဦးစီးဌာန ဝန်ထမ်း များနှင့် ဒေသခံတောင်သူများက
တောင်သူအသိပညာပေး ဘောင်တင်စနစ်ဖြင့် မိုးစပါး စုပေါင်းချကြဲ ပက်ခြင်းကို
ကြည့်ရှုအားပေးခဲ့ကြကြောင်း သိရသည်။
ပြည်နယ်(ပြန်/ဆက်)
No comments:
Post a Comment